Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 1 )

117 14 2
                                    

( 188 : ဝမ်ဝမ် ၊ ဝမ်ဝမ် ၊ စာဖတ်သူအယောက်တစ်ရာရဲ့ အမှတ်တွေထွက်လာပြီ။ )
( 188 : မင်းသိလား။ မင်းက အံ့ဖွယ်တစ်ခုကိုထပ်ဖန်တီးခဲ့တယ်။ အယောက်တစ်ရာမှာ ဘယ်သူကမှ မကောင်းဘူးဆိုတဲ့ မဲမပေးခဲ့ကြဘဲ စာဖတ်သူ 90က နှစ်ကြိမ်တောင် မဲပေးခဲ့ကြသေးတယ်။ သူတို့က မင်းနဲ့ မင်းလက်တွဲဖော်ကိုကြည့်ရတာ အရမ်းချိုမြိန်လွန်းလို့ သူတို့ သွားတွေတောင်ကိုက်တော့မလိုပဲ လို့ပြောကြတယ်။ ကျန်စာဖတ်သူဆယ်ယောက်က မဲမပေးခဲ့ကြဘူး။ ဝတ္ထုက အရမ်းချိုမြိန်ပေမယ့် သူတို့ကGLမဖတ်ကြဘူးတဲ့၊ သူတို့ဖတ်လိုက်ရင် သူတို့ကွေးသွားမှာ စိုးရိမ်လို့တဲ့။
စုစုပေါင်းရမှတ်က တစ်ရာ့နဲ့ရှစ်ဆယ်ဖြစ်ပြီးတော့ တာဝန်ပြီးမြှောက်မှုကလည်း အရမ်းကောင်းတယ်။
ဝမ်ဝမ်၊ ဒီကမ္ဘာရဲ့ တာဝန်ပြီးမြောက်မှုအတွက် ငါတို့သေချာပေါက် ဘောနပ်စ်ရလိမ့်မယ်။ ဂုဏ်ပြုပါတယ်… )
ထိုအချိန်တွင် 188၏ အသံသည်ရုတ်တရက် ရပ်တန့်သွားသည်။ သူ ဆိုဖာပေါ်တွင် မျက်လုံးများဖွင့်ကာ တိတ်တဆိတ်လဲလျောင်းနေသည့် ရှန်းဝမ်ကိုကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် 188 မေးလိုက်သည်။

( 188 : ဝမ်ဝမ်၊ အရင်ကမ္ဘာက ခံစားချက်တွေကို ငါဆေးကြောပစ်ပေးဖို့လိုလား။ မဆေးကြောပစ်ဘဲနေရင် သုံးကမ္ဘာလောက်ရဲ့ ခံစားချက်အတွေ့အကြုံတွေကိုသာ မင်းဦး‌နှောက်ကခံနိုင်ရည်ရှိမှာ ။ အဲ့ဒါထက်ပိုသွားရင် မင်းရဲ့ စိတ်ဝိညဥ်ကိုထိခိုက်စေလိမ့်မယ်။ ငါတို့တာဝန်က ဝတ္ထုထဲက ကမ္ဘာတွေကို ပြောင်းလဲပေးဖို့ပဲလေ ဝမ်ဝမ်။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က တော်တော်လေးကောင်းပြီး မင်းရဲ့ စိတ်ရင်းအားလုံးပေးစရာမလိုဘူး။
တာဝန်ပြီးသွားတဲ့အခါ စိတ်ခံစားချက်အတက်အကျများလွန်းရင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ထိခိုက်စေလိမ့်မယ်။ )
( ငါ ရိုးသားတဲ့သူတွေရှေ့မှာ သရုပ်ဆောင်ရတာကို မကြိုက်ဘူး။ စာဖတ်သူတွေအတွက်က စိတ်ကူးယဥ်ကမ္ဘာတစ်ခုဆိုပေမယ့် ငါ့အတွက်ကတော့ တကယ့်ကမ္ဘာအစစ်ပဲလေ။ ရှောင်မေကို ချစ်နေသလိုမျိုး ငါဘယ်လိုသရုပ်ဆောင်နိုင်မှာလဲ။ ငါ တစ်စုံတစ်ယောက်ကိုတကယ်ချစ်တဲ့အခါမှသာ တစ်သတ်လုံးအဖော်ပြုပေးဖို့ ငါသဘောတူလိမ့်မယ်။ ငါက အလုပ်လုပ်တဲ့စက်ရုပ်တစ်ခုမဟုတ်သလို အဲ့လိုမျိုးလည်းမဖြစ်လာချင်ဘူး။ တခြားတာဝန်လုပ်သူတွေလိုမျိုး တာဝန်ပြီးတာနဲ့ ငါ့ကိုချစ်တဲ့ ပစ်မှတ်အတွက် ငါ့ပုံစံတူတစ်ခုထားခဲ့ပြီးထွက်လာရမှာလား။ အဲ့လိုသာဆို ငါနောက်တာဝန်ကိုဆက်လုပ်နိုင်မှာ မဟုတ်ဘူး။ )
( 188 : အဲ့ဒါက မင်း အဆင်းရဲဆုံး တာဝန်ထမ်းဆောင်သူ ဖြစ်နေရတဲ့ အကြောင်းအရင်းပဲ။ တာဝန်ကို ကောင်းမွန်စွာပြီးမြောက်ပြီး အကဲဖြတ်မှုအမှတ်တွေ မြင့်မားနေရင်တောင်မှ တခြားသူတွေက တာဝန်တစ်ရာလောက်ပြီးနေတဲ့အချိန်မှာ မင်းက တစ်ခုပဲပြီးသေးတယ်။ )
( ငါ‌လေး ပျော်တယ်လေ၊ ဟုတ်ပြီလား။ )
( 188 : ကောင်းပြီ ကောင်းပြီ ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကချည်နှောင်ထားပြီးပြီပဲလေ ၊ ငါ ငြင်းလို့ရပါ့မလား။ ဒါဆို ငါ မင်းခံစားချက်တွေကို ဆေးကြောပေးရမလား။ မဆေးကြောပစ်ဘူးဆိုရင် မင်းစိတ်အခြေအနေက နောက်တာဝန်လုပ်ဖို့အတွက် သင့်တော်မှာမဟုတ်ဘူး။ )
( မဆေးကြောပစ်နဲ့။ ငါ့မှတ်ဥာဏ်တွေကို ဖုံးထားပေး။ )
( 188 : မင်း အဲ့လိုပြောမယ်ဆိုတာ ငါသိသားပဲ။ )
မှတ်ဥာဏ်တွေကို ဖုံးအုပ်ပစ်လိုက်ခြင်းသည် အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်း သို့မဟုတ် ထို့ထက်ပိုသည့် ရှန်းဝမ်၏မှတ်ဥာဏ်တွေကို သူမရဲ့ဦးနှောက်ထဲမှာ စဥ်ဆက်မပြတ် မှတ်သားထားပေးပြီး ဖုံးကွယ်ပေးထားဖြင်းဖြစ်သည်။
ခံစားချက်များအပါအဝင် ကမ္ဘာငယ်လေးထဲမှာ တွေ့ကြုံခဲ့ရသမျှ အရာအားလုံးသည် မှတ်ဥာဏ်ဖုံးအုပ်ပစ်လိုက်ခြင်း အကူအညီဖြင့် ပျောက်ကွယ်သွားပေလိမ့်မည်။
တစ်ဖက်မှာလည်း ရှန်းဝမ်သည် ကမ္ဘာငယ်လေး၏မှတ်ဥာဏ်တွေထဲကနေ ရုန်းထွက်နိုင်ပြီး နောက်တာဝန်ကို ဆက်လုပ်ဆောင်နိုင်လိမ့်မည်။
တာဝန်ထမ်းဆောင်သူအနည်းစုကသာ သူတို့၏မှတ်ဥာဏ်များကို ဖုံးအုပ်ဖို့ရွေးချယ်ခဲ့ကြသည်။ အများစုသည် ကမ္ဘာငယ်လေးနှင့်ပတ်သတ်သည့် သူတို့၏ခံစားချက်တွေ သို့မဟုတ် မှတ်ဥာဏ်တွေကို ဆေးကြောပစ်ဖို့ကိုသာ ရွေးချယ်ကြသည်။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now