Arc 1- ချစ်မိနေပြီလား ? ချစ်မိနေပြီလား ?( chapter - 9 )

356 51 5
                                    

zawgyi
-----------

" သူ လက်မလျော့လောက်သေးဘူးလို့မထင်ဘူးလား ဝမ်ဝမ် ၊ သူရဲ့အားနည်းချက်တွေထဲကတစ်ခုကို ဖော်ထုတ်လိုက်ပြီး သူ့ကိုသင်ခန်းစာကောင်းကောင်းပေးလိုက်ရမလား "
ရင်မေချောင် ရှန်းဝမ်ဘေးမှာထိုင်ကာ မေးလိုက်သည်။
သူမ မျက်နှာပေါ်ကအပြုံးနှင့်အတူ နူးညံ့စွာမေးလိုက်သည်။
ဘယ်သူကမှ သူမခြိမ်းခြောက်နေတယ်လို့ထင်မိမှာမဟုတ်ပေ။ အပြင်လူတွေ၏မျက်လုံးထဲမှာတော့ သူတို့ဟာ တစ်ယောက်နှင့်တစ်ယောက် ဘာမှမဖြစ်သလိုချိုမြိန်နေကြတာဖြစ်သည်။
မူလက ရင်မေချောင်ဟာရှန်းဝမ်ကိုဖိအားပေးခဲ့တာလား ဆိုပြီးသံသယဝင်နေခဲ့ကြတဲ့လူတွေဟာ ဒီစိတ်ကူးကိုခေါင်းထဲကနေလျှင်မြန်စွာထုတ်ပစ်လိုက်ကြသည်။ အဲ့ဒီအစား ဟော်ဟန်ကသာပိုးပန်းတာကျရှုံးသွားပြီး မကျေမချမ်းဖြစ်နေသောယောက်ျားတစ်ယောက်လို့ သူတို့ထင်မိလိုက်ကြသည်။
ရှန်းဝမ် ရင်မေချောင်လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး
" ရှောင်မေ ဟော်ဟန်ထောင်ထဲမှာခဏလောက်ကောင်းကောင်းမွန်မွန်နေနိုင်အောင် ရဲအရာရှိတွေကို စကားကောင်းကောင်းပြောပေးပါလားဟင် "
" မင်းကောင်းကောင်းပြုမူရင် မင်းဖြစ်စေချင်သလိုကိုယ်လုပ်ပေးမယ် "
ရင်မေချောင်၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သူမ ရဲအရာရှိတွေနဲ့စကားပြောပြီး အထဲမှာ ဟော်ဟန်ပိုပြီးဒုက္ခခံရအောင်သေချာလုပ်ရမယ်။
      လူပေါင်းများစွာ၏အကြည့်တွေအောက်မှာ သူမတို့နှစ်ယောက်လက်ထပ်ခဲ့ကြသည်။
ရင်မေချောင်သည် လက်ထပ်ဖို့အတွက် လူသိမခံခဲ့သောမိမိအကြောင်းကို လူသိရှင်ကြားထုတ်ပြောခဲ့လေသည်။ ဒါက သူတို့အသိုင်းအဝိုင်းအတွင်းမှာအလွန်ရှားပါးလှသည်။ သူမ၏အဆင့်အတန်းကြောင့်ဘယ်သူမှဘာမှမပြောရဲကြပေ။ သူမရဲ့မိဘတွေတောင်မှအလွန်သဘောထားကြီးကြလေသည်။
သူတို့သမီးလေးက တစ်ယောက်ယောက်ကိုနှစ်သက်တယ် ၊ သူမ လက်ထပ်တဲ့သူက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ဆိုတာအရေးမကြီးပေ။ ဒါပေမဲ့ ရှန်းဝမ်က ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်နေပြီး သေတော့မှာလို့ သူတို့ကြားခဲ့ကြသည်။
သူမတို့နှစ်ယောက်စလုံး တူညီသောမင်္ဂလာဝတ်စုံဝတ်ဆင်ထားကြတာကို သူတို့တွေ့လိုက်ရသည်။ ရင်မေချောင်သည်ရှန်းဝမ်ကို ပွေ့ဖက်ထားပြီး သူမမျက်နှာသည်ပျော်ရွှင်မှုဖြင့်တောက်ပနေခဲ့သည်။ သူတို့သမီးလေးက ဒီပိန်းချုံးပြီးပြင်းပြင်းထန်ထန်နေမကောင်းဖြစ်နေတဲ့မိန်းကလေးကိုချစ်မိတာ သူတို့တကယ်စိတ်မကောင်းဖြစ်မိသည်။
       လက်ထပ်ပွဲပြီးနောက် ရင်မေချောင်သည် cheongsam လဲဝတ်ဖို့ ရှန်းဝမ်ကိုဆွဲခေါ်သွားလေသည်။
ရှန်းဝမ် အဝတ်လဲခန်းထဲမှာ မတ်ထပ်ရပ်နေပြီး ရင်မေချောင် မင်္ဂလာဝတ်စုံချွတ်တာကိုကြည့်နေခဲ့သည်။
ရင်မေချောင်၏လှပသောကောက်ကြောင်းဟာ ရှန်းဝမ်ရှေ့မှာထွက်ပေါ်လာလေသည်။
ရင်မေချောင်အရမ်းကြည့်ကောင်းတာမြင်တော့ ရှန်းဝမ် သူမပါးစပ်ကိုအမြန်ဖုံးအုပ်လိုက်မိသည်။
အမေရေ သေးသွယ်တဲ့ခါး၊ အဆီအနည်းငယ်တောင်မရှိတဲ့လှပသောနောက်ကျော ၊ပြီးတော့ သွယ်လျတဲ့ခြေထောက်တွေ တကယ့်ကိုလှတယ် !!!
ဒီလောက်လှတဲ့မိန်းကလေးက ငါ့မိန်းမ !
ရင်မေချောင်တစ်စုံတစ်ရာကိုခံစားမိပုံရသည်။
သူမလက်ထဲမှာ cheongsamကိုကိုင်ထားရင်း နောက်လှည့်လိုက်ကာ ရှန်းဝမ်ဆီလျှောက်သွားလိုက်သည်။ သူမ အတွင်းခံကိုဝတ်ဆင်ထားပေမယ့်လည်း အဲ့ဒါကသူမ၏အလှတွေကိုဖုံးကွယ်မထားနိုင်ပေ။
ရှန်းဝမ်  ရင်မေချောင်ကိုမကြည့်မိအောင်ထိန်းသည့်အနေဖြင့် သူမနှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားလိုက်မိသည်။
ငါ့မိန်းမက C cup ဖြစ်ရမယ် ၊ အရမ်းကြီးမနေဘူး ။ အနေတော်ဘဲ ၊ ဒီခန္ဓာကိုယ်က ပြီးပြည့်စုံတယ် !
" ဝမ်ဝမ် ကိုယ်မင်းကိုအရင်ကူပြီးလဲပေးမယ် " cheongsamကိုဘေးမှာတင်လိုက်သည့် ရင်မေချောင်၏နှုတ်ခမ်းထက်မှာအပြုံးဖျော့ဖျော့ကိုမြင်နိုင်လေသည်။ ရှန်းဝမ်ရဲ့မျက်လုံးတွေ ပြူးကျယ်လာတာတွေ့တော့ ရှန်းဝမ်၏မင်္ဂလာဝတ်စုံကိုချွတ်ပေးရန် သူမလက်လှမ်းလိုက်သည်။ သူမရဲ့နူးညံ့သောလက်ချောင်းတွေဟာ ရှန်းဝမ်၏အသားအရည်အပေါ်ကျရောက်သွားကာ ရှန်းဝမ်မှာ သူမထိကိုင်ခြင်းကိုခုခံချင်တဲ့အရိပ်အယောင်မရှိပေ။
" ကျွန်..ကျွန်မဘာသာလုပ်ပါ့မယ် "
ရှန်းဝမ် ရှက်နေမိသည်။ ဒါပေမဲ့ သူမ၏ရိုးသားသောခန္ဓာကိုယ်ကရင်မေချောင်၏လှုပ်ရှားမှုတွေကိုမဟန့်တားခဲ့ပေ။ ရှန်းဝမ်သည် ရင်မေချောင်၏အထိအတွေ့ကိုစဉ်းစားနေမိတုန်းဖြစ်ပြီး တုန်ယင်နေမိသည်။
ရင်မေချောင် ပိန်ကပ်နေသောရှန်းဝမ်ကိုကြည့်ရင်း သူမစိတ်ထဲမှာဝမ်းနည်းနေမိသည်။
သူမရှန်းဝမ်လေးက ထပ်ပြီးပိန်လာပြန်ပြီ။ ဒီလိုတက်ကြွတဲ့ဝမ်ဝမ်ဟာ သူမနှင့်ဘယ်လောက်ကြာကြာနေနိုင်ပါ့အုံးမလဲဆိုတာ သူမ မသိပေ။
သူမစိတ်ထဲမှာ ဒီလိုမျိုးတွေးလိုက်မိသောအခါ ဝမ်းနည်းမှုတွေကိုသူမ မထိန်းချုပ်ထားနိုင်တော့ပေ။
သူမ ပိန်ပါးနေသောရှန်းဝမ်ကိုယ်လေးကိုဖက်ကာ ပုခုံးလေးကိုခပ်ဖွဖွနမ်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
" ကိုယ်က ရင်မိသားစုရဲ့သခင်မလေးဘဲ၊ ကိုယ်ကလေးဘဝကတည်းက ကိုယ်လိုချင်တာမှန်သမျှကိုယ်ရခဲ့တယ်၊ ကိုယ်လိုချင်ပြီး မရခဲ့တဲ့အရာဆိုတာဘယ်တုန်းကမှမရှိခဲ့ဘူး ၊ လုပ်နိုင်စွမ်းမရှိတာ ဘယ်လိုအရာမျိုးမှန်းကိုယ်မသိခဲ့ဘူး၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ အကူအညီမဲ့နေပြီး နောင်တတွေအပြည့်နဲ့ ငိုသာငိုနေနိုင်တဲ့သူတွေကိုကြည့်ပြီးကိုယ်ရယ်ခဲ့တယ်၊ သူတို့ လုံလောက်အောင်မကြိုးစားလို့ ဒါမှမဟုတ် အရင်ကလျစ်လျူရှုပြီးပစ်ထားမိခဲ့လို့သာ သူတို့ဒီလိုဆိုးရွားတဲ့ရလဒ်ကိုရတာလို့ ကိုယ်အမြဲထင်နေခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးတော့ ဒီနေ့ ကိုယ်နားလည်သွားပြီ "
" သေခြင်းနတ်ဘုရားရဲ့ရှေ့မှောက်မှာတော့ ကိုယ်ဘာမှမတတ်နိုင်ဘူး "
" ဝမ်းမနည်းပါနဲ့ ရှောင်မေ "
ရှန်းဝမ် ရင်မေချောင်၏ကျောပြင်ကိုဖွဖွပုတ်ပေးလိုက်သည်။
" ကျွန်မ cheongsamလဲဝတ်ဖို့ကူပါဦး ၊ ဒီလောက်ထိ ယုတ်မာတဲ့နည်းလမ်းတွေသုံးပြီးတော့ ကျွန်မရှင့်ကိုသေချာပေါက်လက်ထပ်အောင် ရှင်လုပ်ခဲ့တယ်၊ ဘာများဝမ်းနည်းစရာရှိလို့လဲ၊ ရှင် ကျွန်မကိုမကြိုက်ဘူးလား ၊ အခု ကျွန်မကရှင့်အပိုင်ပဲလေ။
ရှင်ဝမ်းနည်းနေတုန်းလား၊ ရှင်တကယ်မကျေနပ်သေးဘူးလား၊ ကျွန်မကိုဖမ်းဆွဲထားဖို့အတွက် ရှင်တတ်နိုင်သမျှနည်းလမ်းပေါင်းစုံအသုံးပြုခဲ့တာလေ ၊ ရှင် ကျွန်မကိုဖမ်းထားပြီး ဝမ်းနည်းအောင်လုပ်မလို့စီစဉ်ထားတာလား၊
ကျွန်မ tv showတွေမှာကြည့်တော့ ဗီလိန်ကသူတို့ကြိုက်တဲ့လူကိုလုယူပြီးရင် ရတနာမှန်သမျှကိုအဲ့ဒီလူဆီယူလာပေးကြတယ်၊ အဲ့ဒီလူက စက်ဆုပ်ရွံရှာပြီး ဗီလိန်မျက်နှာကို ရတနာတွေနဲ့ပစ်ပေါက်တယ်၊
ဘာကြောင့်လဲဆိုတော့ သူတို့အတွက်ဝယ်ပေးတဲ့သူက ဗီလိန်ဖြစ်နေလို့လေ ။ အဲ့ဒါနဲ့ယှဉ်လိုက်ရင် ကျွန်မရဲ့သဘောထားကအရမ်းဖော်ရွေတယ်လို့မထင်ဘူးလား။ "
ရင်မေချောင် : ........
188 : .... ဆက်လုပ်၊ ဆက်လုပ် ၊ ပေါက်ကရဇာတ်လမ်းတွေသာဆက်လုပ်နေ။
" မင်းမှန်တယ်၊ နောက်ဆုံးတော့ကိုယ်မင်းကိုရခဲ့ပြီ။ ဘယ်လိုလုပ်ကိုယ်က ကိုယ်တို့ရဲ့ နွေဦးကိုထိခိုက်အောင်လုပ်ပြီး ဝမ်းနည်းစရာကောင်းတဲ့ဆောင်းဦးကိုစောစောတွေ့ရမှာလဲ၊ ကိုယ်ကျေနပ်နေသင့်တယ်" { TN - ' ရှောင်လွှဲလို့မရနိုင်တဲ့ မင်းရဲ့သေခြင်းတရားကိုတွေးပြီး ဝမ်းနည်းပူဆွေးနေမယ့်အစား ကိုယ်တို့ရဲ့အချစ်ဘဝလေးမှာပျော်ကြရအောင်' ဆိုတဲ့အဓိပ္ပါယ်မျိုးပါ }
သူမကအရမ်းပွင့်လင်းတာဘဲ၊ ငါတကယ်ကြိုက်တယ်။
ရှန်းဝမ် တုန်ယင်နေမိသည်။ ရင်မေချောင် ရှန်းဝမ်ကို cheongsamကူလဲပေးဖို့ ငါးမိနစ်ကြာအချိန်ယူခဲ့ရလေသည်။
ရှန်းဝမ် ရင်မေချောင်အားမျက်တောင်မခတ်ဘဲငေးကြည့်နေမိသည်။ ရင်မေချောင်ကို သူမဘယ်ရှုထောင့်ကနေကြည့်ကြည့် ရင်မေချောင်သည်ကြည့်ကောင်းနေခဲ့သည်။
ရင်မေချောင် ရှန်းဝမ်ကိုကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းတစ်စုံဟာပြုံးသွားခဲ့သည်။
သူမ၏စိတ်အခြေအနေသည်လည်း ဝမ်းသာပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားပြီး သူမ ရှန်းဝမ်လက်လေးကိုဆွဲကာ ထွက်လာလိုက်သည်။
    အလုပ်ရှုပ်သောအစီအစဉ်တွေပြီးနောက် ရင်မေချောင် အရက်မူးနေသောရှန်းဝမ်အား ဗီလာဆီပြန်ခေါ်လာခဲ့သည်။
ရင်မေချောင် သူမ၏ပုခုံးကိုတစ်ချက်ကြည့်လိုက်သည်။
ရှန်းဝမ်၏ပါးလေးဟာ နီရဲနေလေသည်။ ရင်မေချောင် ရှန်းဝမ်နှုတ်ခမ်းလေးကိုဖွဖွနမ်းလိုက်သည်။
သူမ ဗီလာက အစေခံအားလုံးကိုအားလပ်ရက်ပေးထားခဲ့တာဖြစ်သည်။
သူမ ရှန်းဝမ်ကိုဆိုဖာပေါ်မှာထားလိုက်ပြီး ရှန်းဝမ်၏နီရဲနေသောပါးလေးကိုခပ်ဖွဖွပုတ်ကာ အချစ်တွေပြည့်နေသောအသံဖြင့်တိုးတိုးလေးခေါ်လိုက်သည်။
" ဝမ်ဝမ် "
" အွန်း...."
ရှန်းဝမ် တိုးညင်းစွာညည်းလိုက်သည်။ သူမ၏မျက်လုံးများမှာပွင့်မလာပေ။ သူမက အရက်မူးနေပြီးသတိမရှိသောပုံပေါက်နေလေသည်။
ရှန်းဝမ် သူမမျက်နှာကိုတစ်ယောက်ယောက်ရိုက်နေတာ ခံစားမိလေသည်။ သူမ မျက်မှောက်ကြုတ်လိုက်ကာ အဲ့ဒီလက်ကိုလှမ်းဆွဲလိုက်ပြီး သူမမျက်နှာပေါ်မှာလက်ကိုကိုင်ထားရင်း ဆက်အိပ်နေလိုက်သည်။
" ဝမ်ဝမ် ကိုယ်မင်းကိုရေချိုးဖို့ခေါ်သွားပေးမယ်နော် " သူမ၏နှလုံးကအထိန်းအကွပ်မဲ့စွာခုန်ပေါက်နေကာ အလွန်စိတ်လှုပ်ရှားနေမိသည်။
သူမ ရှန်းဝမ်မတ်တပ်ရပ်နိုင်အောင်ကူညီလိုက်ပြီး သူမ၏နားတွေနှင့်မျက်နှာဟာ အနီရောင်ပြောင်းလာခဲ့သည်။ ဒါပေမဲ့ သူမတွဲထူထားပေးရတဲ့ အရက်မူးနေပြီးသတိမရှိတော့သော ကောင်မလေးကို ကြည့်လိုက်တဲ့အခါ
သူမ ( ရှန်းဝမ် )၏ပါးလေးတွေက အရည်ရွှမ်းပြီးအရသာရှိသည့် ရင့်မှည့်နေသောချယ်ရီသီးများကဲ့သို့ အနည်းငယ်နီရဲနေလေသည်။ သူမ၏ပါးစပ် ခြောက်ကပ်လာတာကိုရင်မေချောင်ခံစားမိသည်။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကိုလိုချင်မိတာကသူမအတွက်ပထမဆုံးအကြိမ်ဖြစ်သည်။
" ကိုယ့်စကားနားထောင်မယ်လို့ မင်းပြောခဲ့တယ်၊ ဒီနေ့က ကိုယ်တို့မင်္ဂလာဦးညပဲ ၊ အဲ့ဒါကြောင့်ကိုယ့်သဘောအတိုင်းကိုယ်လုပ်မှာ၊ ပြီးတော့ ကိုယ့်တို့ကလက်ထပ်ပြီးသွားပြီလေ၊ ကိုယ့်တို့ကြားမှာတစ်ခုခုဖြစ်ဖို့အတွက်အကျိုးအကြောင်းသင့်တယ်မလား "
ရှန်းဝမ် : ရှောင်မေ ၊ မိန်းမ ၊ လာစမ်းပါ။ အားနာမနေနဲ့ ၊ လုံးဝကိုအားနာစရာမလိုဘူး သိလား ။
[ အသည်းအသန်အော်ဟစ်လိုက်သော 188 : ဝမ်ဝမ် ၊ ထတော့ ၊ ထတော့ ၊ မင်းဘာလို့အရက်မူးနေရတာလဲ။ မင်းနိုးမလာရင် မိန်းကလေးတစ်ယောက်နဲ့ မင်းအိပ်ရတော့မှာဟ၊ မင်းက ဇာတ်လိုက်မင်းသမီးလေ ၊ ဘယ်လိုလုပ်ပြီး တခြားမိန်းကလေးနဲ့ ဒီလိုအရာမျိုးလုပ်နိုင်ရတာလဲ။ ]
ရှန်းဝမ် : ငါကအရက်မူးနေပြီလေ၊ ထရမှာလား ၊ အဲ့ဒါဘာမှန်းငါမသိတော့ဘူး။
[ 188 : ဝမ်ဝမ် မြန်မြန်ထလာပါတော့၊ ဒီခန္ဓာကိုယ်က အရက်နှစ်ခွက်လောက်ကိုတောင်မှ မသောက်နိုင်ဘူးလို့ငါမကြားခဲ့ဘူးနော်။ ]
ရှန်းဝမ် : ငါအရက်မူးတာက ငါ့ ခန္ဓာကိုယ်နဲ့ဘာဆိုင်လို့လဲဟ။
ရှန်းဝမ်နှင့် ရင်မေချောင်တို့၏အဝတ်အစားတွေ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားတာကို 188 မြင်လိုက်ရသည်။ လည်ပင်းအောက်ကအစိတ်အပိုင်းတွေပေါ်လာတော့မည့်အချိန်မှာ သူ၏မြင်ကွင်းဟာ အလိုအလျောက်ပျောက်ကွယ်သွားလေသည်။ သူ စိုးရိမ်တကြီးငိုလိုက်မိသည်။
အာအာအားအားအား !
ငါ့ရဲ့host က တခြားအမျိုးသမီးနဲ့ အိပ်တော့မယ် ။
host အားကာကွယ်ပေးရန်အတွက် host ၏လည်ပင်းအောက်ပိုင်းပေါ်သောပုံရိပ်မှန်သမျှဟာ အလိုအလျောက်ပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။ ကြည့်ဖို့နေနေသာသာ host ကိုတောင်မှစကားပြောလို့မရနိုင်ပေ။
188 ဝမ်းနည်းစွာကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး စက်ဝိုင်းတွေထိုင်ဆွဲနေလိုက်သည်။
hostက အရက်မူးပြီး တခြားအမျိုးသမီးနဲ့ဖော်ပြဖို့ရာမသင့်တော်သောအရာတွေကိုလုပ်နေတယ် ၊ ဒီချိုမြိန်တဲ့အချစ်ဇာတ်လမ်းက ဆက်ပြီးချိုမြိန်နိုင်ပါ့အုံးမလား။
host က လက်ခံနိုင်ဖွယ်မရှိသောအရာတွေ အများကြီးလုပ်ခဲ့တာတောင် အခုထိ alarmကဘာလို့မမြည်လာသေးတာပါလိမ့်။
ဇာတ်လိုက်မင်းသားမဟုတ်တဲ့ အခြားလူကိုဘာကြောင့်များ သူမချစ်ပြနေရတာလဲ၊ ဒီအတိုင်းသာဆို သူမဒီကမ္ဘာထဲကနေဆွဲထုတ်ခံရနိုင်တယ်။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now