Arc 1- ချစ်မိနေပြီလား ?( chapter - 15 )

123 17 4
                                    

" ဒီထဲက အချက်အလက်တွေက အရမ်းအရေးကြီးတယ် "
ရင်မေချောင် မောက်စ်ကိုနှိပ်လိုက်သည့်အခါ ဖိုင်ပွင့်သွားပြီး စခရင်တွင် စာရွက်စာတမ်းမျိုးစုံဖြင့် ပြည့်သွားလေသည်။
" ဒါတွေသာ ပြိုင်ဘက်တွေလက်ထဲရောက်သွားရင် ကုမ္ပဏီကိုကြီးကြီးမားမား ဆုံးရှုံးစေလိမ့်မယ် "
ရှန်းဝမ်၏အမူအရာမှာလေးနက်သွားပြီး
" ဒါတွေကို သေချာဖယ်ထားရမယ်။ လျို့ဝှက်နံပါတ်ထည့်ပြီး ဝှက်ထားရင်ပိုကောင်းလိမ့်မယ် "
" ဝမ်ဝမ်လေးက အရမ်းဥာဏ်ကောင်းတာပဲ "
ရင်မေချောင် ရှန်းဝမ်၏ပါးလေးကိုညှစ်လိုက်ပြီး သူမမျက်လုံး‌တွေဟာကျဥ်းမြောင်းသွားသည်။
သူမ အချက်အလက်တွေကို USB ထဲကူးယူကာ လျှို့ဝှက်နံပါတ်ထည့်လိုက်ပြီး အဆုံးမှာတော့ USBကို ရှန်းဝမ်၏လက်ထဲ ထည့်ပေးလိုက်သည်။
" ဒါဆို ကိုယ်ဒီမှာ ထားလိုက်မယ်၊ ဟုတ်ပြီလား "
" ကျွန်မ ရှင့်ကို သစ္စာဖောက်မှာမကြောက်ဘူးလား ရှောင်မေ "
ရှန်းဝမ် နှစ်ချိုက်စွာပြုံးရင်း USBကိုဆုပ်ကိုင်ထားလိုက်သည်။
ဒီဟာက သူမအားထုတ်ကြိုးပမ်းစရာမလိုပဲ ဟော်ဟန်ကို အချက်အလက်အမှားတွေတိုက်ရိုက်ပေးနိုင်‌စေသည်။
ရင်မေချောင် ရှန်းဝမ်ပါးလေးကိုနမ်းကာ တီးတိုးပြောလိုက်သည်။
" အချက်အလက်တွေက အရမ်းအရေးကြီးတယ်၊ ဒါပေမယ့် ဘယ်သူကမှ အသုံးပြုနိုင်မှာမဟုတ်ဘူး "
သူမတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး‌နောက် ရင်မေချောင်အလုပ်ဆက်လုပ်လေသည်။
ရှန်းဝမ် USBကို သူမပိုက်ဆံအိတ်ထဲ ထည့်လိုက်ပြီး သူမဖုန်းကိုကိုင်ကာ ပျော်ရွှင်စွာဆော့ကစားတော့သည်။
( 188 : ပျော်နေတာလား )
( ပျော်တာပေါ့ )
ရှန်းဝမ်ပြုံးလိုက်ပြီး
( 188 ငါ ရှောင်မေရဲ့စွဲလမ်းမှုကို အခွင့်ကောင်းယူပြီး ကုမ္ပဏီ၏အရေးကြီးတဲ့ ဖိုင်တွေကို ငါ့ကိုပေးလာအောင် ငါ သက်တောင့်သက်သာလုပ်နိုင်ခဲ့တယ်လေ။ ငါ ဟော်ဟန်ကို အချက်အလက်တွေလာယူဖို့ messageပို့လိုက်မယ်။ ကြည့်လေ ငါချစ်တဲ့သူက ဟော်ဟန်ပဲ။ ရှောင်မေ နည်းလမ်းမျိုးစုံနဲ့အချိုသက်ပြီး သူမအလှတရားနဲ့ ငါ့ကိုဆွဲဆောင်ခဲ့တာတောင်မှ ငါမယိမ်းယိုင်ခဲ့ဘဲ အမျိုးသားဇာတ်လိုက်ကိုချစ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ )
( 188 : ကောင်းပြီ၊ ဒီလိုပြောပြီးငါ့ကိုလှည့်စားဖို့မကြံနဲ့။ မင်းဟော်ဟန်ကို သတ်ပစ်ချင်နေရင်လည်း ပွင့်ပွင့်လင်းလင်းသာပြော၊ ဆင်ခြေတွေပေးမနေနဲ့။ မင်းတို့လင်မယားနှစ်ယောက်လုံးက အကျင့်တူကြတယ်။
တစ်ယောက်က ဝမ်းတွင်းမဲနေသူပြီး တစ်ယောက်ကကျ အကြံအစည်တွေနဲ့ ပြည့်နှက်နေတယ်။ ပြီးပြည့်စုံတဲ့အတွဲပဲ ! )
( 188 ရေ စနစ်တစ်ခုက မှန်ကန်တဲ့ သုံးဖက်မြင်ရှိရမယ်၊ ပြီးတော့ သူတို့hostကို လမ်းမှားဆီ ဦးဆောင်သွားလို့မဖြစ်ဘူးလေ။ )
( 188 : သွားလိုက်တော့ )
ဝေးဝေးသာသွားစမ်း ! သည်းမခံနိုင်တော့ဘူး။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now