Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 13 ) ( U+Z )

241 22 2
                                    

ရင်မေချောင် မျက်နှာထက်တွင် အပြုံးပြန်လည်ရောက်ရှိလာပြီး သူမ မျက်လုံးတွေထဲက စိုးရိမ်နေသည့်အရိပ်အယောင်တွေသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
စိတ်ရှုပ်နေသည့် ရှန်းဝမ်ကို ကြည့်ကာ သူမနှစ်သိမ့်ပေးလိုက်သည်။
" လိုက်ပါတယ်။ လှတယ် ။ "
အဲ့ဒါက သူမ ဝမ်ဝမ်ရဲ့ခြေထောက်တွေနဲ့ အရမ်းလိုက်ဖက်တယ်။
" တကယ်လား "
ရှန်းဝမ် မယုံပေ။ သူမ ခြေထောက်မှာ ဝတ်ထားသည့် မတူညီတဲ့ ဖိနပ်နှစ်ဖက်အား ကြည့်လိုက်သည်။ လုံးဝ ကြည့်မကောင်းပေ။ ဒါပေမယ့် ရှောင်မေက ကြည့်ကောင်းတယ် ပြောတာကြောင့် သူမ ယုံကြည်ချက်နည်းနည်းတော့ ရှိလာမိသည်။
ရင်မေချောင် ခေါင်းအမြန်ငြိမ့်ကာ
" တကယ်၊ အရမ်းလှတယ် ၊ စတိုင်ကျတယ်၊ ကြည့်ကောင်းတယ်၊ ပြီးတော့ မင်းရဲ့ အကျင့်စရိုက်ကိုလည်း ကောင်းကောင်းဖော်ပြနိုင်တယ်လေ "
တည်ငြိမ်တဲ့ အမူအရာ လေးနက်တဲ့လေသံနဲ့ သူမပြောလိုက်သည်။
" အခုခေတ် ဖက်ရှင်ပွဲတွေမှာ အချိုးမညီ အရောင်မတူညီတဲ့အဝတ်အစားတွေ၊ ရှေ့အဖြူ နောက်အမဲ ဝတ်စုံတွေ၊ အတောင်ပံရှည်တွေ ၊ ချည်သားအပိုင်းအစတွေ ၊ ထူးဆန်းတဲ့နေရာက အပေါက်တွေ ၊ သတင်းစာတွေ ၊ သာမာန်လူတွေနားမလည်နိုင်တဲ့အရောင်ပေါင်းစပ်မှုတွေ ဒါတွေပါ၀င်တဲ့အ၀တ်အစားတွေက အကောင်းဆုံးအ၀တ်အစားတွေအဖြစ် သတ်မှတ်ခံရတယ်လေ "
" ‌ဟုတ်ပါပြီ "
ရင်မေချောင်ရဲ့ချီးကျူးစကားတွေက ရှန်း၀မ်ကို မတူညီတဲ့ဖိနပ်နှစ်ဖက်အား ယာယီလက်ခံသွားစေတယ် ။
" အလုပ်ပြန်လုပ်တော့လေ ရှောင်မေ၊ ကျွန်မပြန်တော့မယ် "
အဖြစ်မှန်ကိုလက်ခံလိုက်ပြီးနောက် ရှန်း၀မ် အိမ်အမြန်ပြန်ကာ ဖိနပ်လဲရန်ရည်ရွယ်လိုက်သည်။
[ ဒါ နင် လက်စားချေတာမလား 188 ]
[ 188 : ဥက္ကဥရှောင်မေက မင်းကို ဒီဖိနပ်နဲ့ကြည့်ကောင်းတယ်လို့ ချီးကျူးခဲ့တယ်လေ ၀မ်၀မ် ]
အခုချိန်ထိ alarm မြည်မလာခဲ့သေးပေ။
ဇာတ်လိုက်မင်းသမီးက အခြားအမျိုးသမီးတစ်ဦးနှင့်လက်ထပ်ခဲ့ပြီး လုပ်သင့်တာရော မလုပ်သင့်တာတွေရောအကုန်လုပ်ခဲ့ပြီးလေပြီ။
188သည် ရှန်း၀မ်အား အမျိုးသားဇာတ်လိုက်နှင့်အတူနေရန်တိုက်တွန်းခြင်းကိုစွန့်လွှတ်လိုက်ပြီဖြစ်သည်။
ဒီကမ္ဘာကြီးအဆုံးသတ်ကာ စီနီယာစာဖတ်သူရာချီ၏ ဝေဖန့်အဆင့်သတ်မှတ်ချင်တွေ ထွက်လာမည်ကိုသာ စောင့်နေလိုက်တော့သည်။
သူ့host က အံ့ဩဖွယ်ရာတစ်ခုလုပ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်လေ ။
[ ရှောင်မေက အမြင်ရှိတယ် ]
ရှန်း၀မ် မသိလိုက်ပါပဲ 188ရှေ့မှာ သူမဇနီးကိုချီးမွမ်းလိုက်မိသည်။
ရှန်း၀မ် ရင်မေချောင်ကိုနှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
ရင်မေချောင် ရှန်း၀မ်ကို တံခါးဆီလိုက်ပို့ရင်း ရှန်း၀မ်နောက်ကျောကိုကြည့်ကာ တွန့်ဆုတ်နေမိသည်။
သူမ တံခါးပိတ်တော့မည့်အချိန်မှာ ထမင်းဘူးသယ်ထားတဲ့ရှန်း၀မ်ဟာ အမြန်ပြန်လှည့်ပြေးလာကာ သူမကိုရုံးခန်းထဲတွန်းလိုက်ပြီး လျှင်မြန်စွာတံခါးလော့ချလိုက်သည်။
" ဘာဖြစ်လို့လဲ "
ရှန်း၀မ်ပြန်လာတဲ့အခါ ဆုံးရှုံးသွားသည့်အရာတစ်ခုကိုပြန်ရလိုက်သလိုမျိုး ရင်မေချောင် အနည်းငယ်ပျော်သွားမိတာတော့အမှန်ပေ။
" ရှောင်မေ မှောင်လာတဲ့အခါမှ ကျွန်မရှင်နဲ့အတူပြန်တော့မယ် "
" ဘာဖြစ်လို့လဲ ဝမ်ဝမ် "
ရင်မေချောင်အရမ်းသိချင်နေမိသည်။
ဘယ်အရာကများ ရှန်း၀မ်ကိုရုတ်တရက် ရုံးခန်းထဲမှာနေစေပြီး သူမနဲ့မပြန်ခင်မှောင်လာတဲ့အချိန်ထိစောင့်နေစေရတာလဲ။
ရှန်း၀မ်၏အမူအရာကဖော်ပြဖို့ခက်နေသည်။
ရှန်း၀မ် တစ်ဖက်သို့သွား၍ထိုင်ကာ ခြေထောက်ကိုမြှောက်ပြလိုက်သည်။
" ရှောင်မေ ခုဏကကျွန်မထွက်သွားတော့ ရှင့်လက်အောက်က ၀န်ထမ်းတွေ… သူတို့အကုန်လုံး ကျွန်မဖိနပ်ကိုဝိုင်းကြည့်နေကြတာ ၊ သူတို့ မသိချင်ယောင်ဆောင်နေကြပေမယ့်လည်း တိတ်တိတ်လေးခိုးရယ်နေကြတာကို ကျွန်မမြင်နိုင်သေးတယ်လေ။ မှောင်မှပြန်ကျရအောင်နော်၊ မှောင်နေရင် ကျွန်မ ဘာဖိနပ်၀တ်ထားလဲဆိုတာ ဘယ်သူမှသတိထားမိတော့မှာမဟုတ်ဘူး ။ "
" ဒီမှာမပျင်းဘူးလား "
ရင်မေချောင် ၀မ်းသာသွားပြီး တစ်ယောက်ယောက်ကိုဝမ်ဝမ် အတွက်ဖိနပ်၀ယ်‌ပေး ခိုင်းလို့ရတယ်ဆိုတာကိုတော့ မပြော‌လိုက်ပေ။
သူမ အလုပ်လုပ်နေချိန်မှာ သူမဇနီးလေးအဖော်ပြုပေးမှာ အရမ်းကောင်းတာပဲ ။
သူမဘာလို့ အရမ်းထက်မြက်ပြီး သူမအတွက်အကျိုးရှိတဲ့အရာကိုလုပ်ရမှာလဲ။
" မပျင်းပါဘူး ၊ ကျွန်မ ထိုင်ပြီး ဂိမ်းကစားနေမယ်လေ ၊ ရှင် အလုပ်လုပ်တာကိုမနှောင့်ယှက်ဘူးလေနော် "
ရင်မေချောင် စိတ်သက်သာရာရသွားပြီ ရှန်း၀မ် ပါးလေးကိုကိုင်ကာ နဖူးထက်သို့ အနမ်းခြွေလိုက်လေသည်။
" ဒါဆို ကိုယ်တို့ အိမ်စောစောပြန်ရအောင် အလုပ်တွေမြန်မြန်လုပ်လိုက်မယ် "
" မဟုတ်တာ၊ ရှင် ဖြည်းဖြည်းချင်းလုပ်လို့ရတယ် ၊ မှောင်မှပြန်ရလည်း ကိစ္စမရှိဘူးရယ် "
အမှောင်ထဲမှာဆို တခြားသူတွေသူမဘာ၀တ်ထားမှန်း သတိထားမိတော့မှာ မဟုတ်ဘူးလို့ ရှန်း၀မ်ပြောခဲ့တာကို ရင်မေချောင်တွေးမိသွားပြီ သူမလေးက အရမ်းရယ်စရာကောင်းတယ်ဟုထင်မိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှန်း၀မ်နေ့တိုင်း ဖိနပ်မှားစီးဖို့သူမမျှော်လင့်မိသည်၊ ဒါမှ သူမ ချစ်ရသူနဲ့ အချိန်ပိုဖြုန်းနိုင်မှာဖြစ်သည်မဟုတ်လား။
ရှန်း၀မ်သာ အနားမှာရှိနေရင် ငြီးငွေ့ဖွယ်အရာအားလုံးက အလွန်စိတ်၀င်စားဖွယ်ကောင်းလာလိမ့်မယ်လို့ သူမခံစားမိသည်။
ထိုင်ခုံဆီပြန်လှည့်သွားချိန်တွင် ရှန်း၀မ်၏ ဘ၀င်ခိုက်နေသည့်အပြုံးကို ရင်မေချောင် သတိမထားလိုက်မိပေ။
System ဖြစ်တဲ့ 188 ကတော့ သေချာပေါက်တွေ့တာပေါ့။
ဟား ဟား !
ရှန်း၀မ် မတူညီသည့် ဖိနပ်နှစ်ဖက်၀တ်ထားသည်ကို အပြင်မှလူတစ်ချို့သတိထားခဲ့မိသော်လည်း အတွင်းရေးမှူးနှင့်လက်ထောက်မျှသာဖြစ်လေသည်။
ဒီအကြောင်းပြချက်ကိုသုံးကာ ဥက္ကဋ္ဌရှောင်မေနှင့်အချိန်ပိုဖြုန်းရန် သူရဲ့host ကကြံစည်ခဲ့လေသည်။
အရှက်မဲ့လိုက်တာ !
ရင်မေချောင် ရံဖန်ရံခါ ခေါင်းမော့ကာ ရှန်း၀မ်အားကြည့်လေသည်။
ရှန်း၀မ် ဖုန်းသုံးကာပျော်နေသည်အားတွေ့တော့ သူမအလုပ်ဆက်လုပ်‌လေသည်။
သူမနှုတ်ခမ်းထက်က အပြုံးတွေသည် မပျောက်ကွယ်သွား‌‌ေတာ့ပေ။
မျက်စိတစ်မှိတ်အတွင်းတွင် နာရီပေါင်းများစွာကုန်ဆုံးသွားခဲ့လေပြီ။
တကယ့်လူအစစ်ရှိနေတာကြောင့် သူမ ရှန်း၀မ်ဓာတ်ပုံကြည့်ကာ လွမ်းနေစရာ မလိုတော့ပေ။
အမှန်တကယ်တော့ ရှန်းဝမ် ဂိမ်းဆော့နေတာမဟုတ်ပေ။
188 သေချာတွေ့ရလေသည်။
ဥက္ကဥရှောင်မေကို ရှု့ထောင့်ပေါင်းစုံကနေဓာတ်ပုံရိုက်ဖို့အတွက် သူမ ဖုန်းကိုင်ထားတာဖြစ်လေသည်။
အမူအရာမျိုးစုံနဲ့ ရင်မေချောင်ပုံတွေသာ ဖုန်းထဲမှာပြည့်နေ‌ေလသည်။
188 မူးဝေလာခဲ့သည်။
သူ ဘာလို့များ ခြင်ဆေးခွေလိုကွေးနေတဲ့ host နဲ့ ချိတ်ဆက်မိတာပါလိမ့်။
တာဝန်တိုင်းကို အောင်မြင်ခဲ့တယ်ဆိုပေမယ့် သူမကအမြဲ နည်းလမ်းပေါင်းစုံနဲ့ သူ့ကို ထိတ်လန့်စေတယ်။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now