Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 2 )

113 17 2
                                    

ဝမ်ရင်းလင် ရှန်းဝမ်ကို ခွံ့ကျွေးပြီးနောက် မေးလိုက်သည်။
" ရေသောက်ချင်လား "
" အွန်း သောက်ချင်တယ် "
ဆေးရုံကုတင်ပေါ်မှာလှဲလျောင်းနေသည့်ရှန်းဝမ်က လျှင်မြန်စွာပြန်ဖြေလိုက်ပြီးနောက်
ဝမ်ရင်းလင်အခန်းပြင်ထွက်သွားတာကိုတွေ့လိုက်ရသည်။
သိပ်မကြာခင်မှာပဲ ဝမ်ရင်းလင်တစ်ယောက် စက္ကူခွက်တစ်ခုဖြင့်ပြန်ရောက်လာခဲ့သည်။
သူမသည် ပိုက်အရှည်တစ်ခုကိုရေခွက်ထဲထည့်လိုက်ပြီးနောက် ပိုက်အစွန်းတစ်ဖက်ကို ရှန်းဝမ်၏ပါးစပ်နားတေ့ပေးလိုက်လေသည်။
ရှန်းဝမ် သူမ၏ ဝါးပြီးမျိုချသည့်ပင်ကိုအသိစိတ်ကို ဝမ်ရင်းလင်ထပ်ပြီးသံသယဝင်မှာ စိုးတာကြောင့် ပိုက်ကိုအမြန်ကိုက်ကာ စက္ကူခွက်ထဲမှ ရေနွေးနွေးလေးကိုသောက်လိုက်သည်။
သူမ ဝမ်ရင်းလင်နှင့် စကားပြောချင်နေပေမယ့် အေးစက်သည့်နတ်ဘုရားမ ရေခဲတုံးအလှလေးက အတိတ်မေ့နေသည့်သူမကို စိတ်မဝင်စားပေ။
ဝမ်ရင်းလင်သည် ခေါင်းငုံ့ကာ စာအုပ်တစ်အုပ်ကိုဖတ်ရင်း ငြိမ်သက်စွာ ထိုင်နေလေသည်။
( 188ရေ ဒီမိန်းမငယ်လေးယူလာပေးတဲ့ရေက အရမ်းနွေးပေမယ့် သူမကတော့ အရမ်းအေးစက်တယ် )
( 188 : သူမက အဲ့လိုလူစားမျိုးပဲလေ။
အစကနေ အဆုံးထိထွက်မသွားပဲ မင်းကိုအစာကျွေးပြီး ရေခပ်ပေးတာနဲ့တင်ကို ထူးထူးခြားခြား ယဥ်ကျေးမှုရှိနေပြီပဲလေ။ )
188သည် တိတ်တဆိတ် စောင့်ကြည့်နေရင်း သူ့စိတ်ထဲတွင်အံ့သြနေမိသည်။
ငါ့ hostက ဒီရေခဲတုံးအလှလေးအပေါ်မှာ အဲ့ဒီလိုစိတ်ကူးမျိုးမရှိပုံရတယ်။
ငါ့ hostက ရုတ်တရတ် မိန်းကလေးကိုမပိုးပန်းတော့ပါလား။
သူ အနည်းငယ်တော့ စိတ်သက်သာလာမိသည်။

သိပ်မကြာခင်မှာပဲ ဝမ်ရင်းတင်ရောက်လာသည်။
" လင်လင် မင်း ဆရာဝန်ခေါ်ပြီး ဝမ်ဝမ်ကိုလာကြည့်ခိုင်းပြီးပြီလား "
ဝမ်ရှင်းလင် ခေါင်းမော့ကာ
" ဟင့်အင်း "
ဝမ်ရင်းတင် : ……..
"အခြေအနေအရင်လာကြည့်ပေးဖို့ မင်းဘာလို့ဆရာဝန်မခေါ်တာလဲ၊ဘာကြောင့် ဝမ်ဝမ်အတိတ်မေ့သွားရတာလဲ။ "

ဝမ်ရင်းလင်၏အေးစက်သောမျက်လုံးများကိုကြည့်ကာ ဝမ်ရင်းတင် ရေခဲသေတ္တာထဲမှ ခုလေးတင်ထုတ်လိုက်သည့်ရေခဲချောင်းကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက်အပြုံးမျက်နှာဖြင့် သူ စကားပြောင်းပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now