Arc 1- ချစ်မိနေပြီလား ? ချစ်မိနေပြီလား ?( chapter - 8 )

305 52 6
                                    

zawgyi
------------

     ရင်မိသားစုရဲ့တစ်ဦးတည်းသောသမီးကလက်ထပ်တော့မယ် ၊ လက်ထပ်မဲ့သူကလည်းမိန်းကလေးတဲ့ ၊ အဲ့ဒီမိန်းကလေးကနောက်ခံလည်းမကောင်းဘူးလို့ပြောနေကြတယ်။
      ဖိတ်ကြားစာရတဲ့သူတွေဟာ စိတ်ရှုပ်ထွေးသွားကြသည်။ Miss.ရင်က မိန်းကလေးတွေကိုစိတ်ဝင်စားတယ်လို့ဘယ်တုန်းကမှသူတို့မကြားခဲ့ဘူးပေ။ ဘယ်လိုဖြစ်ပြီးသူမကမိန်းကလေးတစ်ယောက်ကိုလက်ထပ်ဖို့ရုတ်တရက်ဆုံးဖြတ်လိုက်ရတာလဲ ။
ဒီကိစ္စကိုသိနေပြီးသားဖြစ်သော ဟော်ဟန်သည် သူ့ကုမ္ပဏီအရေးကိုလုံးဝလျစ်လျူရှုထားသည်။
ရှယ်ယာရှင်တွေသည် အလွန်မကျေမနပ်ဖြစ်သွားကြပြီး ပြည်ပမှာအနားယူနေတဲ့ သခင်မကြီးဟော်ကိုအကြောင်းကြားကြတော့သည်။
သခင်မကြီးဟော်သည် ဒီကိစ္စကိုသိလိုက်ရတာနဲ့ ညတွင်းချင်းပြန်လာခဲ့သည်။
" အခု ကုမ္ပဏီမှာဘာတွေဖြစ်နေလဲဆိုတာသိသေးရဲ့လား ရှောင်ဟန် ၊ မိန်းမတစ်ယောက်အတွက်နဲ့များ ဘယ်လိုလုပ်ပြီးကုမ္ပဏီကိုအန္တရာယ်တောထဲပို့နိုင်ရတာလဲ ၊ သေသွားတဲ့နင်အဖေ့ကိုအားမနာဘူးလား ဟမ် "
သူမရဲ့သားက သာမန်ကောင်မလေးတစ်ယောက်အတွက်နဲ့ ကုမ္ပဏီရဲ့လုံခြုံရေးကိုလျစ်လျူရှုထားတယ်ဆိုတာကို သူမ မယုံနိုင်ပေ။ အဲ့ထက်ပိုပြီးသူမကိုအံ့သြစေတာက ရင်မေချောင်လက်ထပ်မဲ့မိန်းကလေးဟာ ဟော်ဟန်ကြိုက်နေတဲ့တစ်ယောက်ဖြစ်နေတာဘဲ။
ဒါ...ဒါအဓိပ္ပါယ်မရှိဘူး !
မတိုင်ခင်ကတောင် ရင်မေချောင်ကိုသူမချွေးမဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေတုန်းလေ ။ ပြည်ပကိုခဏလောက်သွားလိုက်မိတာနဲ့ ဒီလောက်ကိစ္စတွေအများကြီးဖြစ်သွားလိမ့်မယ်လို့သူမ မထင်ထားမိခဲ့ပေ။
ရင်မေချောင် ဘယ်သူ့ကိုဘဲကြိုက်ကြိုက် ဘယ်သူနဲ့ဘဲလက်ထပ်လက်ထပ် သူမ ဂရုမစိုက်ချေ။
ဟော်ဟန်က သူမသားဖြစ်ပြီး သူမသားအတွက် ဟော်မိသားစုအတွက် ဟော်ဟန်ထပ်ပြီးပြဿနာရှာလို့မဖြစ်တော့ပေ။
" အမေ ကျွန်တော်ဝမ်ဝမ်ကိုအဆုံးရှုံးမခံနိုင်ဘူး ၊ ကျွန်တော်သူမကိုပြန်ပြီးခေါ်လာရမယ် "
ဟော်ဟန်ခေါင်းထဲမှာ သူဘယ်လိုလုပ်ပြီးဝမ်ဝမ်ကိုပြန်ခေါ်လာရမလဲဆိုသော အတွေးတွေနဲ့ချည်းပြည့်နှက်နေလေသည်။
သခင်မကြီးဟော်သည် ဒီအကြံအစည်ကိုသဘောမတူပေ။ သူတို့နှစ်ယောက်စကားများကြပြီး စိတ်မချမ်းသာစွာခွဲခွာခဲ့ကြသည်။
ဟော်ထင် သူမကိုသိပ်ပြီးမနှစ်သက်တဲ့သခင်မကြီးဟော်လက်ကိုအမြန်ဆုပ်ကိုင်လိုက်ပြီး လေသံတိုးတိုးလေးပြောလိုက်သည်။
" အမေ ၊ ကိုကိုကအရမ်းဇွဲကောင်းနေတာ ၊ သမီးခန္ဓာကိုယ်က ပြန်နလန်ထူနေရတုန်းမလို့သာ ၊ မဟုတ်ရင် ကိုကို့ကိုတားဖို့သမီးကြိုးစားကြည့်အုံးမှာ "
" ထင်ထင် သမီးအကို ကိုတားပါအုံး ၊ ဒီလိုမျိုးဆက်လွှတ်ထားလို့မဖြစ်တော့ဘူး ၊ ဒီလိုမျိုးသာဆို ကုမ္ပဏီက သူ့ကိုအတင်းအကျပ်နှုတ်ထွက်ခိုင်းဖို့တုံ့ဆိုင်းနေတော့မှာမဟုတ်ဘူး "
သူမအရမ်းဒေါသထွက်တယ် ၊ မိသားစုထဲမှာပြောစရာလူကလည်းတစ်ယောက်မှမရှိပေ ၊ အခုကျတော့ ဟော်ထင်ကသူမမျက်လုံးထဲမှာနှစ်လိုဖွယ်ရာဖြစ်နေသလိုဘဲ ။
" အမေ ခဏလောက်အနားယူလိုက်ပါလား ၊ ဒေါသမထွက်ပါနဲ့တော့နော် ၊ သမီးနည်းလမ်းစဉ်းစားကြည့်လိုက်ပါ့မယ် "
သူမဘာသာဆို ဟော်ဟန်ကိုဘာမှမလုပ်နိုင်ဘူးဆိုတာဟော်ထင်သိသည်။ ဒါပေမဲ့ သူမဘက်မှာ သခင်မကြီးဟော်ရှိမယ်ဆိုရင်ရော ။
သခင်မကြီးဟော်ကသူမကိုသိပ်ပြီးမနှစ်သက်ပေ ၊ ဟော်ဟန်ကသူမကိုအရမ်းဂရုစိုက်တာကိုကြည့်မရတာကြောင့်ဖြစ်သည်။ အဲ့ဒါကသူမကိုမသက်မသာဖြစ်စေသည်။ အခုတော့ မတူတော့ချေ ၊ သူမတို့နှစ်ယောက်စလုံး၏ပန်းတိုင်ကတူညီလေသည်။
လက်ထပ်ပွဲနေ့
ရင်မေချောင်နဲ့ ရှန်းဝမ် နှစ်ယောက်စလုံး အဖြူရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားကြသည်။
သူမတို့နှစ်ယောက်ရဲ့မိတ်ကပ်ဟာအလွန်လှပသိမ်မွေ့နေပြီး သူမတို့ဟာအင်မတန်လိုက်ဖက်ကြလေသည်။ ရှန်းဝမ်သာအရမ်းပိန်မနေခဲ့ရင် ပိုပြီးတောင်ပြီးပြည့်စုံနေမှာဖြစ်သည်။
ဟော်ဟန်ကတော့... သူဘာတွေဖြစ်နေသလဲဆိုတာရင်မေချောင်သေချာသိလေသည်။ ဒီလိုအရေးကြီးတဲ့နေ့ကို ဖျက်ဆီးခွင့် သူ့ကို သူမ မပေးနိုင်ပေ။
" ဝမ်ဝမ် မင်းနေလို့မကောင်းရင် ကိုယ့်ကိုပြောရမယ်နော် "
ပိန်ပါးနေတဲ့ရှန်းဝမ်ပါးလေးကိုမြင်တော့ ရင်မေချောင်၏အကြည့်တွေနက်ရှိုင်းသွားလေသည်။ ရှန်းဝမ်အတွက်သူမ ရင်နာမိသည်။
သူမမေးကို ရှန်းဝမ်ပုခုံးပေါ်တင်လိုက်ပြီး နောင်တနဲ့အချစ်တွေရောနေသော အသံဖြင့်ပြောလိုက်သည် ။
" သက်တမ်းကိုမျှဝေပေးလို့ရရင်သိပ်ကောင်းမှာဘဲ ၊ အဲ့ဒါဆို ကိုယ့်သက်တမ်းတစ်ဝက်ကိုမင်းကိုပေးလို့ရတယ် "
ရှန်းဝမ် ရင်မေချောင်ရဲ့လှပသောမျက်ဝန်းတွေနဲ့ ဆုံမိသည် ။ အဲ့ဒီမျက်ဝန်းတွေဟာ အချစ်တွေပြည့်လျှံနေတာကိုမြင်တော့ သူမရင်တွေတစ်ဟုန်ထိုးခုန်လာမိသည်။
Miss.ရင်ရဲ့ရိုးသားတဲ့အမူအရာက သူမကိုတကယ်စိတ်လှုပ်ရှားစေတယ်။ Miss.ရင်ကိုချစ်ကြောင်းတိုက်ရိုက်ဖော်ပြလို့မရတဲ့အတွက် သူမလည်းနည်းနည်းနောင်တရမိတယ်။ သူမအချစ်ကိုဖော်ပြလိုက်တာနဲ့ သူမတို့ပြီးဆုံးသွားရလိမ့်မယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ Miss.ရင် သူမရဲ့စိတ်ရင်းအမှန်ကိုနားလည်ပြီး သူမစကားအချို့ကမမှန်မဟုတ်ဘဲ တကယ်တော့ဆန့်ကျင်ဘက်အဓိပ္ပွါယ်ကိုဆိုလိုတာမှန်းသဘောပေါက်လာဖို့ သူမမျှော်လင့်မိတယ်။
ဥပမာ ရှင့်ကိုမုန်းတယ် ဆိုတာက ရှင့်ကိုအရမ်းကြိုက်တယ်လို့ဆိုလိုတာဖြစ်ပြီး
ရှင်ကယုတ်မာတယ်ဆိုတာ တကယ်တော့ ရှင့်ကချစ်ဖို့ကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်တယ် ။
" ဝမ်ဝမ် ကိုယ့်ကိုမုန်းလားဟင် ၊ ကိုယ်ဟော်ဟန်နဲ့ခြိမ်းခြောက်ပြီး ကိုယ့်ကိုလက်ထပ်ဖို့မင်းကိုဖိအားပေးခဲ့တယ် "
ရှန်းဝမ်နှုတ်ခမ်းများအနည်းတွန့်သွားပြီး သူမအမြန်စဉ်းစားလိုက်သည်။ သူမဘယ်လိုပြန်ဖြေရမလဲ ။
သူမ ချောင်းဟမ့်လိုက်ကာ မင်္ဂလာဝတ်စုံဝတ်ဆင်ထားသောရင်မေချောင်ကိုကြည့်လိုက်သည်။ ရင်မေချောင်ကခါတိုင်းထက်နည်းနည်းပိုပြီးလှနေသလိုဘဲ။
" ဒီလိုယုတ်မာတဲ့အရာကိုလုပ်ထားပြီးမှ ရှင့်ကိုမုန်းသလားလို့မေးတာ အဓိပ္ပါယ်မရှိဘူးမလား ၊ သေချာတာပေါ့၊ ကျွန်မရှင့်ကိုအရမ်းမုန်းတယ် "
[ 188ရေ ကြည့်ပါအုံး၊ ငါတကယ်လက်မထပ်ချင်ဘူးဟာ ၊ ငါ သူမကိုမုန်းတယ်လို့ တိုက်ရိုက်ပြောလိုက်တယ်။ ]
ရင်မေချောင်ရဲ့မျက်ဝန်းတွေထဲမှာ ဒေါသအနည်းငယ်တောင်မှရှိမနေခဲ့ အပြုံးသာရှိနေခဲ့သည် ။ သူမ သေးသွယ်တဲ့ခါးလေးကိုဆွဲယူကာ ပိန်ပါးနေတဲ့လူလေးကိုဖက်လိုက်ပြီး တစ်ဖက်လူရဲ့ နားထဲကို တီးတိုးပြောလိုက်သည်။
" ဟုတ်ပါပြီ ၊ မင်းကိုယ့်ကိုမုန်းတာ ကိုယ်သိပါတယ် "
ရှန်းဝမ် သူမကိုအရမ်းမုန်းတယ် ၊ ဘာလို့ ဒီစကားကသူမစိတ်ထဲမှာချိုမြိန်နေရတာလဲ။
   တစ်ခုခုမှားနေတယ်ဆိုတာ 188သိပေမယ့် ပြန်ငြင်းဆိုစရာ ဘာသက်သေကိုမှသူရှာလို့မတွေ့ချေ။
188ဟာသံသယတွေပြည့်နေပြီး ဒီလက်ထပ်ပွဲအစုတ်အပျက်ကိုဆက်ပြီးကြည့်မနေချင်တော့။ ဒါကြောင့် အမည်မဖော်တဲ့ဖိုရမ်ဆီသွားကာ post တင်လိုက်သည်။
' ငါ့မိသားစုရဲ့hostကအလှလေးနဲ့ချိတ်ချင်နေတယ်လို့ငါသံသယရှိနေတယ်၊ ဒါပေမဲ့ ငါဘာသက်သေမှရှာမတွေ့ဘူး ၊ ဘယ်လိုလုပ်ရမလဲ '

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )On viuen les histories. Descobreix ara