part (1) { Unicode }

14.9K 504 3
                                    


"လာ ဆရာမ..."

"ဟုတ်ကဲ့ရှင့်...""စာအုပ်အခြေအနေလေးသိချင်လို့လာခဲ့တာပါ..."

"ကောင်းတယ်ဆရာမ အရမ်းကောင်းတာ..ကျွန်တော်ဖြင့်ဘယ်နှခေါက်မှန်းမသိဘူးပြန်ဖတ်မိနေတာ..."

"ကျေးဇူးတင်ပါတယ်ရှင့်...ပြီးတော့..နောက်ထပ်အလုပ်အဆင်သင့်ရှိသလား အာ့လေးရောသိချင်လို့ပါ...""တကယ်လို့ မရှိဘူးဆိုရင် သံသာ...ခရီးလေးထွက်မယ်စိတ်ကူးထားလို့ပါ..."

"ဟုတ်ကဲ့ ကျွန်တော်လည်း နောက်ထပ်တစ်အုပ်အပ်ဖို့ အတွက် ဆရာမနဲ့ ဆက်သွယ်မလို့လုပ်နေတာပါ..."

"အာ့ဆိုအဆင်ပြေသားပဲ အလုပ်ရှိရင်တော့ကျွန်မမသွားပါဘူး...ဒီတိုင်းစိတ်ပြေလက်ပျောက်သွားမှာဆိုတော့...အလုပ်နဲ့ဆိုသွားဖို့မဖြစ်ပါဘူး.."

"ပြောရမှာအားတော့နာတယ်ဆရာမ..ကျွန်တော်တောင်းဆိုတာပါ...နည်းနည်းလောက်စဉ်းစားပေးစေချင်တယ်..."
သံသာ တစ်ယောက် စာအုပ်ထုတ်ဝေသူဦးကျော်ဝေရဲ့စကားကို နားမလည်စွာကြောင်ကြည့်နေမိသည်...

"ဒီလိုပါဗျာ...ကျွန်တော်အခုအပ်မဲ့စာအုပ်က LGBT တွေအတွက် သူတို့တွေနဲ့ပတ်သတ်တဲ့ဇာတ်လမ်းလေးတွေကို ရေးပေးစေချင်တာပါ...အဲဒါကိုဆရာမက အကောင်းဆုံးလုပ်ပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ် ဆရာမ ကူညီပေးပါ..."

"အမ်....သံသာ့အတွက်ပြန်ပြောစရာစကားတွေတောင်ပျောက်သွားတယ်..."

"ဆရာမ ကူညီပေးနိုင်မလား..."

"ကျွန်မ စဉ်းစားပါအုံးမယ်...ရိုးရိုးဝထ္ထုတွေပဲရေးတတ်တာမလို့ အခုလိုကျတော့အနည်းငယ်အဆင်မပြေဖြစ်ပါတယ်.."

"အခက်အခဲရှိတာ ကျွန်တော်နားလည်ပါတယ်...ပုဂ္ဂိုလ်ရေးအရတောင်းဆိုတာပါ...."

"ကျွန်မတစ်ခုလောက်တော့မေးပါရစေ အဲဒါကိုကျွန်မသိသင့်တယ်ထင်လို့ပါ..."

"ဟုတ်ကဲ့ မေးပါခင်ဗျာ..."

"အခုလိုစာရေးစေချင်တာ အပ်တဲ့သူကိုသိပါရစေ..."

"ကျွန်တော်ပါ ဆရာမလည်းသိမှာပါ ကျွန်တော့်ရဲ့သမီးက..."

"ရပြီရှင့်...ဦးကျော်ဝေအကြောင်းကိုမစုံစမ်းပေမဲ့ အနည်းငယ်တော့ ကျွန်မသိပါတယ်...ကျွန်မ အခုလက်တစ်လောတော့ ကုန်ကြမ်းရှာရလိမ့်မယ်...ဒါကသဘာဝနဲ့ဆန့်ကျင်တဲ့လုပ်ရပ်ဆိုတော့လည်း...ကျွန်မရဲ့သိက္ခာမှာလည်းထိခိုက်လာနိုင်လို့ပါ..."

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now