part (5) { Unicode }

4.4K 321 0
                                    

"အား ပျင်းစရာကောင်းလိုက်တာကွာ..."ပန်းခြံထဲမှာ..camera သေးသေးလေးနဲ့ ဓာတ်ပုံလိုက်ရိုက်ရင်း ခွန်းညီးလိုက်သည်..စိတ်ထဲကလည်းအေမီကိုကြိမ်ဆဲနေမိသည်..."အေမီအစုတ်ပလုတ်မ...မပြောလိုက်ချင်ဘူး..ပိတ်ရက်လေးတောင်ငါ့ကိုအချိန်မပေးဘူး...သူ့ရည်းစားနဲ့ပဲလျှောက်လည်ချင်နေတာ...မုန်းစရာကောင်းချက် ပိုကိုပိုတယ်... ငါရော မနဲ့ ရည်းစားတွေဖြစ်ခဲ့ရင်..အချိန်တိုင်းတွေ့မယ်..."စိတ်ကူးလေးနဲ့ကြည်နူးနေတုံး...

မျက်စိရှေ့ရောက်လာတဲ့ လူသုံးယောက်ကြောင့် အံ့ဩမိသွားသည်...ခွန်း မျက်စိထဲမှာတော့ သံသာတစ်ယောက်ကိုသာမြင်နေသည်.."ငါ အိမ်မက်မက်နေတာတော့ မဟုတ်လောက်ပါဘူးနော်..."မယုံကြည်စွာမျက်လုံးလေးကိုပွတ်ကြည့်တော့...

"ဟဲ့...ခွန်း...အဲဒါဘာဖြစ်နေတာလည်း..."အေမီရဲ့ ဘောက်ဆက်ဆက်အသံကြောင့် ခွန်း သံသာ့ကိုပြုံးပြလိုက်သည်...

"အမလေး စကားပြောနေတာ ဒီမှာပါ...ဒီကြည့်အုံး...ဘယ်တွေလျှောက်ကြည့်နေတာလည်း.."အေမီက ခွန်းရဲ့မျက်နှာလေးရှေ့လက်ကလေးယမ်းပြတော့ ခွန်းက"ဘာဖြစ်နေတာလည်း...နင့်လက်ကြီးဖယ်စမ်းပါ..."ခွန်းက အေမီရဲ့လက်ကလေးကိုပုတ်ချလိုက်သည်...

"သိနေတယ်နော်...အဟွန်း..အဟွန်း.."အေမီက စလေ သံသာတစ်ယောက်ကခေါင်းကြီးငုံ့ထားလေ ခွန်းကတော့ သံသာ့ရဲ့မျက်နှာလေးကိုအငမ်းမရလိုက်ကြည့်လေဖြစ်နေသည်...

"မ...ဘယ်လာတာလည်း.."ခွန်း ကစကားစပြောတော့

"အယ်လယ့်. ဘာတဲ့ မ ဆိုလားပဲ..."

"နင်အသာနေစမ်းပါ..."

"သံသာက အမတို့နဲ့အအေးသောက်ဆိုပြီးလိုက်လာတာခွန်းရဲ့...အဲဒါအမတို့လည်းသွားစရာရှိလို့ သံသာ့ကို ခေါ်ထားပေးပါနော်...."လှိုင်ကဝင်ပြောပြီး အေမီကို‌လက်ဆွဲခေါ်သွားသည်..?

"ဟုတ်ကဲ့မမ.."ခွန်း လျှင်မြန်စွာဖြေလိုက်သည်...

"မဟုတ်ဘူးလေ...နေအုံးလေမမရဲ့ "အေမီကတော့ လှိုင်ဆွဲခေါ်ရာကိုပါသွားသည်...

အချိန်အတော်ကြာသည်ထိသံသာ့ဆီကစကားတစ်ခွန်းမှထွက်မလာ...ဒီတိုင်းကြီးသာရပ်နေသည်...ခွန်း နဲ့သံသာ့ကြားထဲမှာ တိတ်ဆိတ်လို့‌
နေသည်...
"မ..."ခွန်း ကပဲစပြီးခေါ်လိုက်တော့ သံသာမော့ကြည့်လာသည်...

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now