"ခွန်း မ လေ ခွန်းကိုအရမ်းအရမ်းချစ်တယ်သိလား...မ လေ အရမ်းစိုးရိမ်နေခဲ့တာ ခွန်း မ ကိုမုန်းသွားမလားဆိုပြီး...""မရယ် ခွန်းမှားခဲ့တာပါ ခွန်း ကလည်း မ ကိုအရမ်းချစ်တာပါ..."
ခွန်း ကလည်းသံသာ့ရဲ့ခါးလေးကိုတင်းကျပ်စွာပြန်ဖက်ထားလိုက်သည်...."ခွန်း..."သံသာ့ရဲ့ခပ်တိုးတိုးခေါ်သံလေးကြောင့် ခွန်း သံသာ့ရင်ခွင်ထဲမှ မော့ကြည့်ရှာသည်...
"မ ခွန်းကိုနမ်းလို့ရမလား..."
သံသာ့စကားလေးကြားတော့ ခွန်းပါးလေးမသိမသာအရောင်ပြောင်းလာသည်...ရင်ခွင်ထဲကိုလည်းပြန်တိုးဝင်သွားပြန်သည်.."မ မေးနေတာလေးဖြေပါအုံး ကလေးရယ်..."
ခွန်း တစ်စုံတစ်ရာမှပြန်မဖြေပါ သံသာ သိလိုက်ပါပြီ"ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းဆိုတာ..."
သံသာရင်ခွင်ထဲက ကလေးလေးရဲ့ မေးလေးကိုကိုင်ပြီး မျက်နှာလေးကိုမော့ယူလိုက်သည်...
ခွန်းရဲ့မျက်နှာလေးသံသာ့လက်ထဲအလိုက်သင့်ပါလာသည်....ခွန်းရဲ့နှုတ်ခမ်းနားလေးထိ သံသာတိုးကပ်သွားသည်...ခွန်းရဲ့မှုတ်ထုတ်လိုက်သော လေပူတို့သည်သံသာ့မျက်နှာပေါ်သို့တိုက်ခတ်လာသည်...သံသာ ခပ်ဖြေးဖြေးအသက်ကိုရှူရှိုက်လိုက်သည်....ခွန်းရဲ့နှုတ်ခမ်းဆီသို့ ဦးတည်လိုက်သည်...."မွ..."သံသာ ခွန်းရဲ့နှုတ်ခမ်းတို့ကိုအချိန်အတော်ကြာအောင်နမ်းမိနေသည်...ဆွဲငင်နေသောသံလိုက်သဖွယ် သူမရဲ့ချိုအီနေတဲ့နှုတ်ခမ်းလေးနဲ့ဝေးမှာကြောက်နေမိပြန်သည်....
အစပိုင်းမှာခွန်းဆီကတုံ့ပြန်အနမ်းတွေမရပေမဲ့ တဖြည်းဖြည်း ခွန်းဘက်ကအနမ်းတို့ဖလှယ်လာခဲ့သည်...
"အရမ်းချစ်တယ် ခွန်းရယ်...ဒီနေ့က မတို့ရဲ့ 1 year Anniversary နော်...ဟိုတစ်ချိန်က ကလေးကိုဘာမှမပြောပဲထွက်သွားခဲ့မိလို့ တောင်းပန်ပါတယ်...."
1 month anniversary တုံးက သံသာ ခွန်းကို လက်စွပ်လေးပေးခဲ့တယ် အခုကျတော့ ပထမဆုံးအနမ်းလေးပေါ့....နှစ်ယောက်အိပ်ကုတင်ထပ်မှာ သံသာ့ရင်ခွင်ထဲ ခွန်းက ခေါင်းလေးတိုးလျှက် သံသာ ခွန်းရဲ့ ဆံပင်လေးတွေကိုထိုးဖွနေမိပြန်သည်...
သံသာကစကားတစ်ခွန်းပြောတိုင်းလည်း တစ်ခါခွန်းရဲ့နှာဖူးလေးကိုအနမ်းတွေထပ်ခါထပ်ခါခြွေနေပြန်သည်...
ဒီညတော့ မရဲ့နွေးထွေးတဲ့ရင်ခွင်ထဲမှာ ခွန်းမှေးစက်ရပါလိမ့်မည်....
YOU ARE READING
ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }
Romance{ Unicode } normal အချစ်ဝထ္ထုလေးတွေရေးရင်း လူငယ်တွေကြားထဲနာမည်ကြီးနေတဲ့ စာရေးဆရာမလေးကို စာအုပ်တိုက်မှ LGBT(girl love fic) ရေးဖို့တောင်းဆိုလာရင်း LGBT တွေအကြောင်းကိုလိုက်စုံစမ်းရင်းနဲ့ သူကိုယ်တိုင် မိန်းကလေးတစ်ယောက်အား ချစ်မိသွားသောအခါ ။ { Zawgyi } ...