part (11) { Unicode }

3.9K 263 0
                                    


တစ်ရွေ့ရွေ့ကုန်လာတဲ့အချိန်တွေနဲ့အတူ'မ'အနားမှာအလုပ်လုပ်ရတာ ခွန်းအတွက်တော့ဆုလာဒ်တစ်ခုလိုပဲ အမြဲတမ်းလိုလိုငေးကြည့်ခွင့်ရသည်...
ခွန်း နားလည်လာခဲ့ပါပြီ
***ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာကောင်းသလို ၊ အချစ်ဆိုတာလည်း ချစ်တတ်ရင် ပူလောင်မှုကင်းပြီးပကတိ‌အေးမြလှပါသည်***

အချစ်ဆိုတဲ့ အဖြူထည်လေးကို လူတွေရဲ့အတ္တတွေ ၊မာနတွေ၊အမုန်းတရားတွေ၊လိုချင်တပ်မက်မှုတွေ အရောင်ခြယ်လိုက်တော့ မီးတောက်လေးသဖွယ် တစ်မြေ့မြေ့နဲ့ပူလောင်လှပါသည်....

'မ'ကိုငေးပြီး အတွေးနယ်ချဲ့နေတာ 'မ'ခေါ်မှပဲ အသိပြန်ဝင်လာသည်...
"ခွန်း..."

"ရှင့်မမ..."

"နေ့လည်စာသွားစားရအောင်..."

"လိုသေးတယ်လေမမရဲ့ အချိန်က ..."

"လာပါလိုသေးလည်း သွားရအောင်..."

"ဟုတ်ကဲ့.. "

"ဒေါက်ဒေါက်...ညီမလေး.."

"ဟာ...ကိုကို..ဘယ်ကလှည့်လာတာလည်း..."
'မ'ကိုကိုခေါ်လိုက်တဲ့သူဟာ 'မ'ရဲ့ချစ်လှစွာသော အစ်ကိုရောင်နီဦးဖြစ်လိမ့်မည်..

"ညီမလေးဆီလာတာ.. အစ်ကိုနဲ့နေ့လည်စာသွားစားရအောင်...ပြီးတော့ပြောစရာလေးလည်းရှိလို့.."

"အတော်ပဲ အခုပဲ ခွန်းနဲ့နေ့လည်စာသွားစားမလို့..."

"သူက "

"သူက ခွန်းချိုခတဲ့ ညီမလေးအတွင်းရေးမှူးလေ...အစ်ကို့ကိုတစ်ခါပြောပြဘူးတယ်လေ"

"အော် ‌...အွန်းပါ..သိပြီသိပြီ"ခွန်း တစ်ယောက်တော့ မောင်နှမနှစ်ယောက်ကြား မျက်နှာကြီးပူထူနေသည်...
'မ'ရဲ့အစ်ကိုက 'မ'လိုတော့အရပ်မပုပါ အဝတ်အစားကိုသေသပ်လှပါစွာဝတ်ထားပြီး ခပ်မိုက်မိုက်ပုံစံလေးသာဖြစ်သည်...ဘေးတစ်ဇောင်းလေးကြည့်ရင် 'မ'နဲ့တောင်ရုပ်ချင်းဆင်သေးသည်.."ဟီး ကိုယ့်အစ်ကိုဖြစ်လာမဲ့သူပဲ..."

"သွားရအောင်..."

"ဟုတ် လာလေခွန်း..."သံသာက ခွန်းလို့ခေါ်လိုက်ပေမဲ့ ရောင်နီ့မျက်နှာက အနည်းငယ်ပျက်သွားသည်... တစ်ခုခုကိုအလိုမကျတဲ့ပုံစံကို ခွန်း ရုတ်တရက်မြင်လိုက်ရသည်..အလိုက်သိတဲ့ခွန်းက

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now