part (14) { Unicode }

4.4K 257 4
                                    


မရဲ့ အိပ်ခန်းလေးက ခွန်းအိမ်က အခန်းနှစ်ခန်းစာလောက်ကျယ်သည်...ပစ္စည်းလေးတွေကိုသူ့နေရာနဲ့သူလေးထားပြီး သေသပ်လှပလို့နေသည်...

မ စာရေးနေကျလို့ယူဆရတဲ့ စားပွဲလေးဆီသို့ ခွန်းလျှောက်သွားသည်... စာအုပ်စင်လေးကလည်းသပ်သပ်ရပ်ရပ်စီထားသည်....ပထမထပ်မှစာအုပ်တွေအကုန်လုံးက မ ရဲ့ထွက်ပြီးသားစာအုပ်လေး‌တွေကြည့်ပဲဖြစ်သည်....တစ်နေရာအရောက်၌ ခွန်း အကြည့်တို့ရပ်သွားသည်....ခွန်းရဲ့ပုံလေးတွေကြည့်ပဲထည့်ထားတဲ့ boxလေးတစ်ခုကိုတွေ့လိုက်ခြင်းကြောင့်ဖြစ်သည်...ခွန်းတို့ဆင်တူဝတ်ခဲ့ကြတဲ့ လက်စွပ်ကလေးလည်းရှိနေသည်....

"သမီး အအေးသောက်ပါအုံး..."

"ဟုတ်ကဲ့ အန်တီ...ကျေးဇူးတင်ပါတယ်ရှင့်.."ခွန်းကိုအခန်းထဲသို့လိုက်ပို့ခဲ့တဲ့အန်တီပဲ ခွန်းဖို့အအေးခွက်လေးယူလာသည်..?

ခွန်းကတော့ အအေးခွက်လေးကိုအာရုံမလာပဲ ကိုယ့်ပုံကိုယ်တအံ့တကြည့်နေမိသည်.. "မ"ဘယ်တုံးကရိုက်ထားခဲ့တဲ့ပုံတွေလည်း ခွန်း မသိပေမဲ့ ခွန်းကိုယ်တိုင်တောင်ပြုမူလားမသိတဲ့အမူအရာမျိုးစုံလေးတွေဖြစ်သည်...

" သမီးသံသာက သူ့အခန်းကိုဘယ်သူမှဝင်တာမကြိုက်ဘူး..."ထိုအ‌ဒေါ်ကြီးစကားကြောင့် ခွန်း နားမလည်စွာ ကြည့်လိုက်သည်..

"သူ့အခန်းထဲကို သန့်ရှင်းရေးလုပ်ဖို့အန်တီရယ် သံသာ့မေမေရယ်ကလွဲပြီး တစ်ခြားသူဘယ်သူမှမဝင်ရဘူး..."

"မ ရဲ့‌ကိုကိုတောင်မှလား..."

"အွန်း...သံသာက သူ့ကိစ္စတွေဝင်ပါတာလည်းမကြိုက်ဘူးလေ...."

"အော်..."အမှန်ပါပဲ မ က ခွန်းနေထိုင်ခဲ့တဲ့နေထိုင်မှုဘဝနဲ့ကွဲပြားလို့နေသည်...ခွန်း ကညစ်ပတ်အောင်မနေပေမဲ့ သပ်ရပ်လွန်းတာတော့မဟုတ်ပါ အခန်းဆို တစ်ပတ်တစ်ခါ ဒေါ်လေးဝင်ရှင်းပေးလေ့ရှိသည်...အခန်းခဏခဏရှင်းပေးတဲ့ဒေါ်လေးက ခွန်းလျှို့ဝှက်သမျှလည်း သိလို့နေပြန်သည်....

"နောက်ပြီး သူစိမ်းလူတစ်ယောက်ထဲမှာ သံသာ့အခန်းထဲကိုရောက်ဖူးတာ သမီးကပထမပါပဲ...သမီးကသူ့အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ သိနိုင်ပါတယ်...သံသာ့ကိုဂရုစိုက်ပေးဖို့တောင်းဆိုချင်ပါတယ်...."

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now