part (9) { Unicode }

3.9K 279 0
                                    


ခွန်း သတိရလာတော့ ခန္တာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလိုနာကျင်နေပြီး..အဖျားသွေးတို့ကြောင့် ခေါင်းမှာလည်းမူးနောက်နေသည်...
မိုးဦးကျချိန်ဆိုတော့ မိုးအနည်းငယ်စိုရုံနဲ့အဖျားဝင်လာနိုင်သည်...
သတိရရချင်း ပထမဆုံး သတိရမိတာက'မ'....
'မ'ကို သတိရရုံနဲ့တင် မျက်ရည်တို့သည်စို့တက်လာပြန်သည်...
ဝမ်းနည်းခြင်းတို့သည်...ခွန်းအား ရုန်းထွက်မရအောင် ဆွဲထားသည်...

"ခွန်း သူငယ်ချင်း သတိရလာပြီလား...ဝမ်းသာလိုက်တာသူငယ်ချင်းရယ်..?"
ခွန်း လေးကန်စွာမျက်လုံးတို့အသာတကြည်ဖွင့်ကြည့်မိသည်...မြင်ကွင်းတို့သည်ဝေဝါးလို့နေသည်...
ခွန်း မျက်လုံးတို့ကိုကပျာကယာပိတ်လိုက်သည်...မျက်လုံး အိမ်ထဲမှ မျက်ရည်စတို့သည်... ခေါင်းအုံးလေးပေါ်သို့လိမ့်ဆင်းကျလာသည်...

"ခွန်း မင်း သိလား မင်းသတိမေ့နေတာ...၁၄နာရီရှိသွားပြီ...""မငိုပါနဲ့ ခွန်းရယ်...ဒါတွေအားလုံးက ငါ့ကြောင့်ဖြစ်ရတာပါ ဒီကိစ္စတွေထဲကိုမင်းကိုဆွဲသွင်းခဲ့သလို...ဖြစ်သွားတယ်..ငါတောင်းပန်ပါတယ်...ငါ့အတ္တတွေကြောင့် မင်း မမကိုဖွင့်ပြောမှာ ငါတားခဲ့မိတယ်...ငါတောင်းပန်ပါတယ်..."ခွန်း ငိုတော့ အေမီလည်း စကားပြောပြီး ငိုနေပြန်သည်...ခွန်း က အေမီ့ရဲ့အချစ်ဆုံးသူငယ်ချင်းမလား..‌တက္ကသိုလ်ရောက်မှဆုံခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်က အရမ်းချစ်ကြ ခင်ကြသည်...

"အေမီ..."ပါးစပ်လေးဟရုံမှခေါ်လိုက်တဲ့ အသံတိုးတိုးလေးကြောင့်...

"ဟင့်...ဟင့်..ရွှတ်...ဟင် ပြောလေ ခွန်း..."အေမီတစ်ယောက် ကငိုနေတာ နှာရည်တွေတောင်ထွက်ကုန်သည်...

"ငါ 'မ'ကိုတွေ့ချင်တယ်...ငါတောင်းပန်ချင်တယ်ဟာ...အဲဒါ နင် ဒေါ်လေးကို ကူပြောပေးပါ..."
ခွန်း အခြေအနေက စိုးရိမ်ရသည်...အားဆေးတောင်သွင်းခဲ့ရသည်...သေချာပါတယ် အပြင်ထွက်ချင်တယ်ပြောရင် ဒေါ်လေးသဘောတူမယ်မထင်ပါ...

"နောက်တော့ သွားတာပေါ့ဟာ...နောက်ကျ ငါလိုက်ပို့မယ်နော်...ခုတော့ အားရှိအောင်အရင်အားမွေးလိုက်အုံး..."

"ငါ အားရှိပါတယ် 'မ'နဲ့ သာတွေ့ရမယ်ဆိုရင် ငါမှာအားတွေအပြည့်ပဲ..."ဝမ်းနည်းခြင်းတွေကိုဖုံးကွယ်ပြီး အတက်နိုင်ဆုံး အပြုံးတုလေးဖန်ဆင်းထားတဲ့ သူငယ်ချင်းမလေးကိုကြည့်ပြီး အေမီ ရင်နာရပါသည်...

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now