part (7) { Unicode }

3.6K 278 0
                                    


အပြင်ကနေ အထုတ်တနင့်တပို့မပြီး ပြန်လာတဲ့ လှိုင်ကို...
သံသာက"လှိုင်..တို့ မင်းနဲ့ စကားခဏပြောချင်တယ်..."

"အွန်း ပြောလေ..."

"မင်းက ဦးကျော်ဝေရဲ့ သမီးပေါ့..."

"အဟက်..."သူမရဲ့ ခပ်သဲ့သဲ့ရီသံက သံသာ့ကိုလှောင်ပြောနေသလိုခံစားရပေသည်..

"မင်း ဘာရီတာလည်း..."

"Sorry မထိန်းနိုင်လို့ရီမိသွားတယ်... မင်းက အရာအားလုံးကိုသိချိန်တန်ပြီပဲ..."

"မင်း ဘာတွေပြောနေတာလည်း လှိုင်..."သံသာ့ရဲ့မျက်နှာလေးလည်းခပ်ထန်နေသလို လှိုင်ရဲ့မျက်နှာမှာလည်း ခက်ထန်မာကျောနေသည်...

"ဇာတ်သိမ်းမလှတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်...ဟိုးအရင်ကပေါ့ ခပ်အအ ခပ်တုံးတုံး တောသူမလေးတစ်ယောက်....."

"မင်း ဘာတွေပြောနေတာနားမလည်ပေမဲ့ ..."တို့မေးတာကိုတော့ဖြေနိုင်မယ်ထင်ပါတယ်..."

"တို့ပြောတာကိုဆုံးအောင်နားထောင်ပြီးမှ..မေးပါ..."

"Ok..."

"အဲဒီတောသူမလေးက...အဝေးသင်ပထမနှစ်မှာပဲ မေဂျာမတူတဲ့..မိန်းကလေးတစ်ယောက်ကိုတန်းတန်းစွဲချစ်မိသွားခဲ့တယ်...အဝေးကနေ ငေးကြည့်ရုံနဲ့တင်ပျော်နေတတ်ပြီး တစ်နေ့တစ်ခြားပိုင်ဆိုင်လိုစိတ်တွေ ပြင်းပြလာခဲ့တယ်..."လှိုင့်ရဲ့ မျက်ဝန်းတွေမှာ မာနတွေ အဆွေးရိပ်တွေ..အတ္တတွေနဲ့ပြည့်နှက်လို့နေသည်...

လှိုင်ရဲ့အတွေးတို့ လွန်ခဲ့သော၆နှစ်ဆီသို့ပြန်ရောက်ခဲ့သည်...

မြန်မာစာမေဂျာနဲ့ welcome မှာ လှိုင်သိပ်ချစ်ရတဲ့ကောင်မလေးတစ်ယောက်ရှိသည်....
သူမက သိပ်လှသလို..သိပ်လည်းချစ်ဖို့ကောင်းလှသည်.. Queen selection အရွေးခံရတဲ့ မြန်မာ‌စာမေဂျာရဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး...တစ်ကျောင်းလုံးမှာလည်းနာမည်ကြီးလှသည်...

‌ရောက်စုံကာလာတွေတောက်ပနေတဲ့ ခန်းမကျယ်ကြီးထဲမှာ...ဖြူစွတ်နေတဲ့ ‌ဂါဝန်အရှည်ကြီးကိုဝတ်ဆင်ထားတဲ့ လှိုင့်ရဲ့မဟေသီလေးကတော့ စတိတ်စင်ပေါ်မှာ နတ်သမီးလေးတမျှလှပလို့နေသည်....

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now