part (3) { Unicode }

5.1K 348 0
                                    

"ခွန်း ငါမေးတာဖြေအုံး..."

"ဘာလည်းဟ..."ကန်တင်းမှာနှစ်ယောက်သား မနက်စာစားနေကြရင်း အေမီက သံသာနဲ့ပတ်သတ်တဲ့အကြောင်း ခွန်းကိုမေးလိုက်သည်...

"အဒေါ်ရီးအကြောင်းလား..??."
‌အေမီကခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်...

ခွန်းက ဇွန်နဲ့ခရင်းကိုချပြီး အတို့ပန်းကန်ထဲက သခွားသီးတစ်စိတ်ကိုယူပြီးကောက်ဝါးလိုက်သည်.."ရုပ်ကလေးနဲ့မလိုက် အကျင့်ပုတ်တဲ့အဲ့အဒေါ်ရီးအကြောင်းတော့ ဘာမှပြောစရာမရှိပေါင်..."

"နင်ကလည်း နင်ပြောသလိုအကျင့်တော့မပုတ်လောက်ပါဘူးဟ...မမသံသာကသဘောကောင်းပါတယ်...ပြီးတော့ ချစ်ဖို့‌လည်းကောင်းတယ် ငါ့ကိုဆိုအမြဲဂရုတစိုက်ရှိတယ်..."အေမီက ခွန်းမနာလိုဖြစ်အောင်တမင်ပိုပိုသာသာပြောလိုက်ပေမဲ့..

ခွန်းက အေမီနောက်ကျောပေးထားတဲ့ဆိုင်အဝင်ဘက်ကိုလက်ညိုးထိုးပြီး"ဟိုမှာ...မမလှိုင်မလား...မမလှိုင်ရေ..."

အေမီတစ်ယောက်ပျာယာပြီး ခွန်းထိုးပြတဲ့ဆီကိုအကြည့်တို့လွှဲလိုက်သည်"ဘယ်မလည်း...ဘယ်မှာလည်း...မမ"

"ဟားဟား...ဟား.."ခွန်းကတော့ ဖြစ်ပျက်နေတဲ့အေမီရဲ့ပုံကိုကြည့်ပြီးရီနေတော့သည်...

"အေးအေးရီနေ.. အခုမှသိလိုက်ရတယ် "

"ဘာသိတာ..."

"အကျင့်ပုတ်တဲ့သူက မမသံသာမဟုတ်ဘူး နင်ဆိုတာ..."

"အမယ် အပြစ်ရှိတဲ့သူကသာကြောက်တတ်တာပါနော်..."

"ငါမကြောက်ပါဘူး.."

"တကယ် နင်ကမမလှိုင်ကိုမကြောက်ဘူးပေါ့...အေမီရာ...နင်မကြောက်ဘူးဆိုပေမဲ့ နင့်အပြုအမူတွေက ကြောက်နေပါတယ်..ကြံတဲ့အခါမှပြောရအုံးမယ် အေမီက မမသံသာကိုချီးကျူးနေတဲ့အကြောင်းလေး..."

"နင်နော်..သူများရည်းစားကြားကို ကြားလာမဝင်နဲ့..."

"မဝင်ပါဘူး..."ခွန်းက သူ့ပုံစံလေးအတိုင်းအမြဲစပ်ဖြီးဖြီးလေးနဲ့ ‌နေနေသည်...

"နင်အမှန်အတိုင်းပြော...နင်မမသံသာကိုကြိုက်နေတယ်မလား..."

"ငါကြိုက်မကြိုက်..နင်ကဘာနဲ့တိုင်းတာလည်း...""သူ့လိုရုပ်ကလေးနဲ့မလိုက် အကျင့်ပုတ်တဲ့အဒေါ်ရီးကိုငါကကြိုက်ပါ့မလား..."
"ငါကြိုက်တဲ့ typeလေးက မမသဲအိလိုပုံစံလေး ယှဉ်ယှဉ်ကျေးကျေးသိမ်သိမ်မွှေ့မွှေ့လေးနဲ့ မြင်ရုံနဲ့ကိုရင်ခုန်စေတဲ့သူမျိုး..."

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now