part (8) { Unicode }

3.7K 278 0
                                    


"ဟဲ့ ကောင်မလေး ညနေစောင်းနေပြီ ဘယ်လည်း.. "

"ဒီနားခဏ ဒေါ်လေးရေ..."

"ဟဲ့ ဟဲ့ ထီးယူသွားလေ...မိုးအုံ့နေတာမမြင်ဘူးလား.."

"မိုး မရွာခင်ပြန်လာခဲ့မယ် ဒေါ်လေး..."
'မ'ချိန်းထားတဲ့ တွေ့နေကျ ကော်ဖီဆိုင်လေးသို့ ခွန်းတစ်ယောက်အပြေးအလွှားရောက်လာခဲ့သည်...

"ဟော တွေ့ပါပြီ...'မ'ကို...ဆိုင်ရဲ့ ထောင်စွန်းကျကျလေးမှာ ထိုင်နေတဲ့ ကောင်မလေး..." ‌မိုးမကျပေမဲ့ အုံ့မှိုင်နေတဲ့မိုးရိပ်အောက်မှာ လေက တဖြူးဖြူးတိုက်ခတ်နေသည်... 'မ'ရှိတဲ့ စားပွဲခုံလေးဆီသို့ ခွန်းလျှောက်သွားပြီး 'မ'ရဲ့ရှေ့ကိုဝင်ထိုင်လိုက်သည်...ခွန်း လာတာမြင်ရင်တောင် အပြုံးနုနုလေးနဲ့အဝေးကနှုတ်ဆက်တတ်တဲ့ 'မ' အခုတော့ ရှေ့မှာတစ်ယောက်လုံးရောက်နေတာတောင်...'မ'ရဲ့သိပ်လှတဲ့အပြုံးတို့မမြင်ရသေးပါ...'မ'ရဲ့မျက်နှာဟာတည်တန့်လွန်းလှသည်...

"ကဲ..ပြောပါအုံး...ခွန်းကို အရမ်းလွမ်းနေပြီလား အဒေါ်ရီး..."ခွန်းက သံသာ့ရဲ့လက်ကလေးကိုဆုတ်ကိုင်လိုက်တော့... ခွန်းရဲ့လက်ထဲကနေ ရုံးထွက်ပြီး စားပွဲပေါ်က ရေတစ်ခွက်ကိုသာယူသောက်နေပြန်သည်...ခွန်းဝမ်းနည်းသလိုရှိလှသည် ရင်ဘတ်ထဲမှာလည်းဟာတာတာကြီးဖြစ်သွားသည်..."မ ပုံစံကလုံးဝသူစိမ်းတစ်ယောက်နဲ့တူလှသည်..."

'မ'ရဲ့မျက်လုံးတို့ရဲ့ မျက်ရစ်လေးတွေမှာ ရဲရဲတောက်နေသည်..ခွန်းသိလိုက်ပြီ"မ ငိုထားတယ်ဆိုတာ.."

"မ..ဘာဖြစ်တာလည်း 'မ' ဘာလို့လည်း ငိုထားတာလား..ပြဿနာတစ်ခုခုများရှိလို့လား..."ဝမ်းနည်းမှုတို့ကိုဘေးချိတ်ပြီး စိုးရိမ်တကြီးမေးလိုက်မိသည်...

မိုးဖွဲလေးတွေတဖွဲဖွဲကျလာခဲ့သည်...ဆိုင်ထဲမှာလည်း အဝင်အထွက်တွေနဲ့အလုပ်ရှုပ်လှသည်...
ခွန်း ဆိုင်အပြင်ဘက်ကို ကာထားတဲ့မှန်လေးထဲကနေငေးကြည့်နေမိသည်...ခွန်း မိုးရာသီကိုချစ်လှသည်...မိုး ရွာရင်အလိုလိုပျော်မြူးနေတတ်သည်..

"ခ"
သံသာ့ရဲ့ခေါ်သံကြောင့် အပြင်ဘက်ငေးနေရာကနေ သံသာကိုကြည့်လိုက်သည်...
"ဟုတ်ကဲ့ မ..."အပြုံးချိုချိုလေးလည်းပြန်ပြုံးပြလိုက်သည်...

ချစ်ဦးသူ // ခ်စ္ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now