part (15) The End { Zawgyi }

1.9K 47 1
                                    


"အင်း...ဟင်း..." နားထဲ၌ကြားရသော ခပ်တိုးတိုးညီးသံကြောင့် ခွန်း အိပ်ဂာမှနိုးလာခဲ့သည်...ဘေးနားမှနာရီလေးကိုစမ်းကြည့်မိတော့ မနက် ၄နာရီ...ဒီနေ့က‌ "မ"ရဲ့မွေးနေ့ပေါ့...ခွန်း ပြုံးလိုက်မိသည်...မနဲ့ ခွန်းရဲ့အိမ်ထောင်သက်က ၁နှစ်တောင်ပြည့်ပြီးခဲ့ပြီမလား...ရန်ဖြစ်လိုက်ပြန်ချစ်လိုက် စိတ်ဆိုးလိုက် စိတ်ကောက်လိုက်နဲ့ မ ကိုအရမ်း အရမ်းချစ်နေခဲ့ရသည်....

ခွန်း လည်းကျောင်းပြီးတာကြောင့်...မ ရဲ့စက်ရုံကိုဦးစီးပြီး မ ကတော့ စာအုပ်ပိုင်းကိုပဲအထူးအာရုံစိုက်သည်...ဒီနေ့က မ မွေးနေ့ဖြစ်တာကြောင့် နှစ်ယောက်လုံးအလုပ်နားဖြစ်ကြသည်....

မျက်လုံးလေးကိုအသာအယာဖွင့်ကြည့်မိတော့
ခွန်း ဘေးနားမှာ ဘေးတစ်ဇောင်းလေးအိပ်ပျော်နေတဲ့ မမ..
ခွန်း မရဲ့နှာဖူးလေးကိုအနမ်းတစ်ပွင့်ခြွေလိုက်သည်..."ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ မိန်းမ..."ခွန်း အနမ်းလေးခြွေလိုက်တော့ ခပ်ဖျော့ဖျော့နှုတ်ခမ်းလေးပြုံးယောင်သန်းသွားသည်ဟုထင်မိသည်.?? " မ "နိုးနေပြီပဲ...

မ မျက်နှာလေးက သွေးမရှိတဲ့အလား ဖြူဖျော့နေသည်..."အင်း ဟင်း..."မျက်လုံးဖွင့်မကြည့်ပေမဲ့ မ ရဲ့ညီးသံတစ်ချို့ထွက်ပေါ်လာပြန်သည်....

ခွန်း အိပ်ရာမှကပျာကယာထထိုင်လိုက်ပြီး သံသာ့ရဲ့နှာဖူးလေးကိုခပ်ဖွဖွလေးစမ်းလိုက်သည်...
"‌အပူလည်းမရှိပါဘူး အရမ်းအေးနေလို့လားမသိဘူး..."ခွန်း စောင်လေးကို မပြီးခြုံပေးမယ်လုပ်
တော့ မရဲ့လက်ကလေးက ဗိုက်ကိုဖိထားတာ တွေ့လိုက်သည်...

" မ ဗိုက်နာနေလို့လား...ဟိုဟာကြောင့်လား..."ခွန်းမေးလိုက်တော့ သံသာ ခေါင်းလေးငြိမ့်ပြရှာသည်...
မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ခွန်းလည်း မရဲ့ဝေဒနာတွေကိုနားလည်ပါသည်....အမြဲကျန်းမ
ရေးကောင်းတဲ့ မ ကအခုလိုရက်တွေဆိုဖြူဖျော့လို့နေသည်....

"ဘာလို့ခွန်း ကိုမနှိုးတာလည်း..."
ခွန်း ပြောနေတဲ့စကားတွေကြားပေမဲ့ သံသာ ခေါင်းသာယမ်းပြသည်...တစ်ခွန်းမှပြန်မပြောနိုင်ပါ...

ခွန်းလည်း ကုတင်ပေါ်ကဆင်းပြီး ရေနွှေးအိုးလေးပြေးတည်လိုက်သည်...မထူးတာနဲ့ပဲ တစ်ခါထဲမျက်နှာသစ် ပြစ်လိုက်သည်...ရေနွေးအိုးလေးကျက်တော့ ရေနွေးအိတ်ကလေးထဲထည့်ပြီး
" မ ပက်လက်လှန်လိုက်နော်.."
‌တစ်ဇောင်းလေးနေနေတဲ့ သံသာ့ကို ခွန်း က ပက်လက်အနေအထား လေးရောက်အောင်ကူညီပေးလိုက်သည်...ဗိုက်ကအရမ်းနာနေပုံရတယ် ပက်လက်အနေအထားတောင် ခြေထောက်တွေကိုထောင်ထားသည်....ခွန်း ကရေနွေးအိတ်ကလေးကို သံသာ့ဗိုက်ကလေးပေါ်တယုတယကပ်ပေးနေသည်...
"သက်သာသွားမှာနော်..."ဘေးနားကနေလည်း အားပေးနေတဲ့ကလေးကို သံသာခပ်တွေတွေလေးကြည့်ပြီးပြုံးနေမိသည်....
သံသာ လူရွေးမှန်ခဲ့သည်...သံသာဘယ်လောက်ဆိုးဆိုး အနားကနေ ပြစ်မသွားတဲ့ လူသားတစ်ယောက်ကိုပိုင်ဆိုင်ထားသည်...

ခဈြဦးသူ // ချစ်ဦးသူ [ Completed ] { Unicode & Zawgyi }Where stories live. Discover now