လိပ်ပြာ ( ၄ )

1.2K 33 0
                                    

လိပ်ပြာ ( ၄ )

          ညသန်းခေါင်အချိန်တွင် အန်ချင်စိတ်ပြင်းပြစွာ သူလန့်နိုးလာပါသည်။ toilet room ထဲသွားရန် ကုန်းထတော့ သူ့ဘေးမှ အလင်းအိပ်ပျော်နေတာတွေ့ရသည်။ အလင်းသူ့ကိုစောင့်အိပ်တာဖြစ်လိမ့်မည်။ လက်နှစ်ဖက်ကို ခေါင်းအောက်ခံကာဘာမှမခြုံဘဲ သူ့ရဲ့ဘေးနားကွေးနေတာလေးက သနားစရာ။ ဂွမ်းစောင်ကိုဖယ်ပြီး ကုတင်ပေါ်ကဆင်းတော့ အလင်းနိုးလာသည်။
           "ငါ အန်ချင်လို့"ဟု ပြောတော့ အလင်းက သူ့ကိုလက်တစ်ဖက်တွဲကာ toilet room ထဲလိုက်ပို့သည်။ toilet bowl ထဲခေါင်းစိုက်အန်တော့ သူ့နောက်ကျောကို လက်နှစ်ဖက်ဖြင့်နှိပ်ပေးသည်။ ရင်ထဲမှာ စို့တက်နေတာတွေကုန်သည်အထိ အန်ပစ်လိုက်သည်။
          "အန်လိုက် ကုန်အောင်အန်လိုက်"ဟု နှိပ်ရင်းကပြောသည်။ သူ ပျို့တက်နေတာတွေ အော်ကလီဆန်စွာ အန်ချပစ်လိုက်သည်။ 
          "ပေါ့သွားပြီးလား"
          "အင်း ပေါ့သွားပြီ"
          ဘေစင်မှာ ပလုပ်ကျင်းတော့ အလင်းက ပါးစပ်သုတ်ရန် ပုဝါအသေးလေးယူပေးသည်။ ပါးစပ်သုတ်ပြီး toilet room ထဲကပြန်ထွက်လာ​တော့ အလင်းကသူ့ကို တွဲကာ ကုတင်ပေါ်ပြန်ပို့သည်။ အလင်းက သူ့ရဲ့ အင်္ကျီနဲ့ ကွာတားဘောင်းဘီတိုကို ဝတ်ထားသည်။ သူကြည့်တာ ကို သတိထားမိသွားပြီး"ငါ ဝတ်ချင်လို့ မဟုတ်ဘူး မေမေကြီးအတင်းယူပေးလို့ ဝတ်ထားတာ"ဟု ပြောရှာသည်။
          "ငါက ဘာပြောသေးလို့လဲ ငါအန်လိုက်လို့ မင်းအင်္ကျီတွေပေကုန်တာလေ ငါ့ကိုကျောပိုးပြီး အပေါ်တက်လာတာ ငါကတောင် မင်းကိုကျေးဇူးတင်ရမှာ ပြီးတော့ ငါကြည့်တာကလည်း မင်းအဲ့လိုမျိုးဝတ်ထားတာကြည့်ကောင်းလို့ မင်းဘောင်းဘီအတိုနဲ့လည်းလိုက်တယ် အဲ့တာတွေအပိုင်ယူလိုက်တော့ ပြန်မပေးနဲ့တော့"
         အလင်း ဘာမှပြန်မပြောပါ။
          "ငါတော်တော်မူးသွားတာကွ ငါ့ကို အဝတ်တွေလဲပေးတာ ငါမမှတ်မိတော့ဘူး"
          "မေမေကြီးနဲ့ငါနဲ့လဲပေးတာ "
          "ငါ ခေါင်းနည်းနည်းကိုက်နေသေးတယ်"
          "ဟုတ်လား အဲ့တာဆို မင်းဆေးသောက်မလား "
          " အင်းသောက်မယ် "
          "ငါယူပေးမယ်လေ ဘယ်နားမှာလဲ"
          "ရေခဲသေတ္တာဘေးက နံရံကပ်စင်မှာ ဆေးထည့်တဲ့ခြင်းလေးရှိတယ် အဲ့ဒီထဲက ဘိုင်အိုဂျပ်ဆစ်တစ်လုံးယူပေး ပြီးတော့ ရေခဲသေတ္တာထဲက ပဲနို့ယူခဲ့ပေး "
            အလင်း ချက်ချင်းပင် ဆေးနဲ့ပဲနို့ ယူပေးသည်။ ပဲနို့ဗူးကို လှုပ်ပြီး ပိုက်တပ်ပေးသည်။
          "မင်းကောပဲနို့ယူသောက်လေ"
          "ဟင့်အင်း ငါ မသောက်တော့ဘူး "
          "မင်းအိပ်ရေးပျက်သွားပြီလား မင်းအခန်းပြန်အိပ်ချင်အိပ်တော့လေ ငါလည်းပြန်အိပ်တော့မယ်"
          သူကုတင်ပေါ်လှဲချတော့ အလင်းက စောင်ကိုသေသေချာချာဖြန့်ကာ သူ့ကိုယ်ပေါ်ခြုံပေးသည်။
          "ရပါတယ်ကွာ ငါ့ဒီည မင်းဘေးမှာပဲအိပ်မှာ မင်းခေါင်းကိုက်တယ်ဆိုရင် သက်သာအောင် ငါနားထင်ကို နှိပ်ပေးမယ်လေ"
          အလင်းသည် သူ့ဘေးနားလာထိုင်ကာ သူ့ နားထင်နေရာကို အသာနှိပ်ပေးသည်။ သူ့လက်ချောင်းရဲ့ အားတွေက လူကိုပူထူသွားစေပြီးခေါင်းကိုက်တာကို လျော့ပါး သက်သာသွားစေပါသည်။
          "ငါတို့ မနက်ဖြန် ဆယ်နာရီလောက် ထွက်ကြမယ်"
          "ဘာထွက်တာလဲ"
          "မင်းအတွက် လိုအပ်တာတွေဝယ်ဖို့ ရှော့ပင်းထွက်ဖို့လေ"
          "မင်းမှနေသိပ်မကောင်းတာ"
          "ရပါတယ်ကွ ငါကဘာမှမဖြစ်ပါဘူး အေးဆေး ဦးသောင်းထိုက်ကိုလည်း ညနေကတည်းကဖုန်းဆက်ခေါ်ပြီးပြီ"
          အလင်းရဲ့ သေသေချာချာနှိပ်နယ်ပေးမှုကြောင့် သူ တော်တော်သက်သာသွားပါသည် ။
          "ရပြီ အလင်း ကျေးဇူးပဲ မင်းလဲအိပ်တော့"
          အလင်းအတွက် သူ့နောက်ကျောက ခေါင်းအုန်းတစ်လုံးပေးလိုက်သည်။ သူ့ဘေးခေါင်းအုံးပေါ်လှဲချတော့ ခြုံစောင်ကို လှန်ပေးပြီး အထဲဝင်ခိုင်းလိုက်သည်။ အလင်း သူ့ခြုံစောင်အောက်ထဲဝင်လာသည်။ ပြီးတော့ အလင်းက သူ့ကို စောင်သေသေချာချာပြန်ပြီးခြုံပေးသည်။
          "မင်းအေးလား အဲယားကွန်းလျော့ချင်လျော့နော်"
          "မင်းမေ့နေပြီလား ငါက ကလောသားလေ"
          "အေးပါကွာ"
          အလင်းနဲ့အတူ စောင်တစ်ထည်တည်းရဲ့အောက်မှာ အတူတူအိပ်ရသောအခါ တစ်မျိုးကြီးခံစားရသည်။ ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းအိပ်လာရသောကြောင့်  မအိပ်တတ်သလိုဖြစ်နေသည်။ စားပွဲပေါ်ကနာရီကို လှမ်းကြည့်လိုက်တာ့ မနက်တစ်နာရီခွဲတော့မည်။ သိပ်မကြာသောအချိန်အတွင်းမှာပင် အလင်းအိပ်ပျော်သွားပြီဖြစ်သည်။ အသက်ရှူ သံတောင်မကြားရပဲ တကယ့်ငြိမ်ငြိမ်လေးဖြစ်သည်။ သူကတော့ ခေါင်းကိုက်နေသေးသောကြောင့် မနက်လင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။
          မနက်ဆယ်နာရီထိုးခါနီး မေမေကြီးတံခါးလာခေါက်မှ သူတို့နှစ်ယောက်နိုးလာပါသည်။ မေမေကြီးက ကားဒရိုင်ဘာဦးသောင်းထိုက်ရောက်နေကြောင်းပြောသည်။ ညက ဆေးသောက်လိုက်လို့လားမသိ ခေါင်းကကြည်နေသည်။
          "မင်းအခြေအနေကောင်းရဲ့လား"ဟုအလင်းကမေးသည်။
          "အေး ကောင်းတယ်"
          "မင်း မကောင်းသေးရင် မသွားသေးဘူးလေ"
          "ငါကအေးဆေးပါ   ဒီနေ့ မသွားဖြစ်ရင် နောက်နေ့တွေဆို သိပ်အဆင်ပြေမှာမဟုတ်တော့ဘူး  မနက်ဖြန်ကစပြီး  guideဆရာမပြန်လာပြီ။ ငါ့ကို စာမေးပွဲဖြေပြီး သုံးရက်ပဲပေးနားထားတာ၊ guideက ကျောင်းပိတ်ရက်ဆို နေ့လည်နှစ်ရာရီကနေ ငါးနာရီထိ၊ ကျောင်းဖွင့်ရက်ဆို ညနေလေးနာရီကနေ ညခုနှစ်နာရီထိ။ ငါတို့နှစ်ယောက်လုံး သူနဲ့အတူကျက်ရမှာ "
          "အိုကေလေ အဲ့တာဆို သွားတာပေါ့"
          သူက မေမေကြီးဆီကို တံခါးသွားဖွင့်ကာ "ရေချိုးပြီး  အောက်ဆင်းခဲ့မယ်မေမေကြီး" ဟုပြောလိုက်သည်။
          "ဘယ်လိုနေသေးလဲ သားလေး"
          "ကောင်းတယ်မေမေကြီး သားညကတစ်ရေးနိုးထ အန်ထိုက်တာ"
          "မင်းလည်း ကလေးမိုလို့ပဲ တကယ်တဲသိပ်မပြောချင်ဘူး  ကောင်းတယ်ဆိုလဲပြီးတာပါပဲ။ ရေချိုးပြီးဆင်းခဲ့ နံနက်စာတောင်စားဖို့နောက်ကျနေပြီ"
          "ဟုတ်ကဲ့မေမေကြီး"
          မေမေကြီးပြန်ဆင်းသွားတော့ သူတံခါးပြန်ပိတ်ကာ toilet room ထဲဝင်လာခဲ့သည်။ အလင်းက ဘေစင်မှာသွားတိုက်နေပြီ။ သူဝင်လာတော့ ဘေစင်မှာဘေးကပ်ပေးသည်။ သူလည်း မျက်နှာအရင်သစ်ပြီး သွားတိုက်သည်။ "မင်းက ဘယ်မှာချိုးမှာလဲ shower လား bathtub လား"ဟု အလင်းက သွားတိုက်နေရင်းမေးသည်။
          "အင် မင်းက ဒီမှာပဲချိုးမလို့လား"
          "အင်း ဘာဖြစ်လို့လဲ"
          "ဘာမှမဟုတ်ပါဘူး မင်းကြိုက်တာချိုးလေ ငါကရတယ်"
           "အဲ့တာဆိုငါ bathtub 🛀 နဲ့ချိုးမယ်နော်😁"
           "ချိုးလေ ငါကရေချိုးခန်းထဲမှာ နှစ်ယောက်ချိုးဖူးတာတော့မဟုတ်ဘူး"
          "ဘာလဲ မင်းကရှက်လို့လား  ယောက်ျားလေးတွေပဲကို"
          "ယောက်ျားလေးက မရှက်ရတော့ဘူးလား"
          "မဟုတ်ပါဘူး တခြားသူစိမ်းတွေဆိုရင်တော့ဟုတ်တာပေါ့ ငါတို့ကညီအစ်ကိုတွေလေ ငါ ကလောကဘော်ဒါမှာ ရေချိုးရင် သူငယ်ချင်းတွေ ရေချိုးခန်းအတူတူသုံးတာပါပဲ"
          "ဟင် မင်းက ကလောမှာ ဘော်ဒါတက်တာလား"
          "အင်းလေ အထက်တန်းကျောင်းက ကလောမြို့ပေါ်မှာ ငါကမြို့အစွန်အဖျားမှာနေတာဆိုတော့ ကျောင်းကို အသွားအပြန် အချိန်ကုန်ခံတတ်မနေတော့ပဲ တစ်ခါတည်းနေလို့ရတဲ့ ဘော်ဒါမှာပဲတတ်လိုက်တာ ကိုးတန်းကတည်းကပဲ"
          အဲ့တာကြောင့် အလင်းစာတော်နေတာဖြစ်မည်ဟု တွေးမိသည်။ အလင်းသည် သွားတိုက်ပြီး ရေချိုးရန် ညအိပ်ဝတ်ထားသော သူ၏ အင်္ကျီကိုချွတ်နေတာကို မှန်ထဲကတဆင့် မြင်နေရသည်။ အင်္ကျီကို holder စတီးတန်းပေါ်တင်လိုက်ပြီး ကွာတားဘောင်းဘီဆက်ချွတ်သည်။ ဘောင်းဘီကိုလည်း holder ပေါ်တင်လိုက်သည်။အတွင်းခံလေးနဲ့ အလင်းရဲ့ဘော်ဒီကို သူ သွားတိုက်ရင်းကြည့်မိနေသည်။ အတွင်းခံဘောင်းဘီက Giordano တံဆိပ် grey ရောင်မှိုတက်လေး။  သူတွေ့သမျှ အလင်းရဲ့ အတွင်းခံတွေက Giordano တံဆပ်တွေသာ။
           "မင်းက Giordano ခရေဇီလား"
           "မဟုတ်ပါဘူး အမေဝယ်ပေးတာဝတ်တာပါပဲ"
             အလင်းက အရပ်ရှည်ပြီး gym ကစားတဲ့သူတွေလို ဗလတွေမရှိပေမယ့် မပိန်မဝသောဘော်ဒီလှလှလေးရှိသည်။ အလင်း၏ရင်ဘတ်နှင့် ချက်အောက်တွင် အမွှေးနုလေးတွေရှိနေသည်။ အတွင်းခံဘောင်းဘီအောက်က အလင်း၏ညီလေးသည် သိပ်အကြီးကြီးတော့မဟုတ် ။ သာမန် လူငယ်လေးတစ်ယောက်၏ အထုပ်အရွယ်အစားမျှသာဖြစ်သည်။ အလင်းက brief ဘေးပေါင်ခြံကအမွှေးလေးတွေဘေးထွက်နေတာ ပြန်ဝင်သွားစေရန် brief သားရေကြိုးကိုအပြင်ဘက်ကနေ နှစ်ဖက်စလုံးဆွဲပြင်လိုက်သည်။ ပြီးလျှင် အတွင်းခံ မချွတ်တော့ဘဲ bathtub ထဲရေဖြည့်နေသည်။
သူလည်း သွားတိုက်ပြီး အလင်း bathtub ထဲဝင်တဲ့အချိန်ထိစောင့်နေလိုက်သေးသည်။ ပြီးမှ အတွင်းခံဘောင်းဘီနဲ့ ပဲ ရေပန်းအောက်မှာရေချိုးသည်။ အတွင်းခံဝတ်ပြီးချိုးရတာ တစ်မျိုးကြီးဖြစ်နေသည်။ ညက အလင်းနဲ့ မေမေကြီး သူ့ကို ညအိပ်ဝတ်စုံလဲပေးတုန်းက အတွင်းခံမချွတ်ပေးခဲ့ကြ။ တကယ်တော့ သူဟာညအိပ်ရင် အတွင်းခံဘယ်တော့မှဝတ်မအိပ်ပါ။ သူ့ရဲ့ အတွင်းခံက Tommy တံဆိပ် boxer brief ဖြစ်ပြီး ဖေဖေလေဆိပ် duty free ဆိုင်တွေက ဝယ်လာပေးနေကျဖြစ်သည်။ သူက အလင်းကိုဂရုတစိုက်နဲ့ ရှက်နေသော်လည်း အလင်းက သူ့ကိုဂရုမစိုက် သူ့ဘာသာအေးအေးဆေးဆေး စိမ်ချိုးနေသည်။ သူက ခပ်မြန်မြန် ဆပ်ပြာတိုက် မျက်နှာဆေးလုပ်ပြီး ရေချိုးခြင်းကို အမြန်အဆုံးသတ်လိုက်သည်။ ရေစိုဘောင်းဘီကိုချွတ်ကာ လျှော်ရန်အဝတ်ခြင်းထဲပစ်ထည့်ပြီးtowel အကြီးတစ်ထည် ခါးမှာပတ်သည်။ အလင်းကိုခပ်မြန်မြန် လုပ်ရန်ပြောကာ toilet room အပြင်ဘက်ထွက်လာခဲ့သည်။
          သူအဝတ်စားဝတ်ပြီးပြီသောအခါ အလင်း towel ပတ်ပြီးထွက်လာသည်။။ "မင်းဝတ်ချင်တာယူဝတ်နော် အားမနာနဲ့"ဟု အလင်းကို သူပြောတော့ အလင်းက သူ့ကိုသေချာကြည့်နေသည်။ "မင်းလို ဘောင်းဘီအတို တစ်ထည်ပေးလေ"ဟု ပြောသည်။ သူက အဖြူရောင် ဂျင်န်းကွာတားဘောင်းဘီနဲ့ အပေါ်က အပြာနုရောင် ဟူဒီဝတ်ထားတာ။ သူ အဝတ်ဘီဒိုဆီသွားကာ သူနဲ့ဆင်တူ အဖြူရောင်ကွာတားတစ်ထည် ထုတ်ယူပေးလိုက်သည်။ အတွင်းခံ အဖြူရောင် Tommy တံဆိပ် boxer briefs တစ်ထည်ပါထုတ်ပေးလိုက်သည်။ အလင်းက ဘာမှ မပြောဘဲ သူထုတ်ပေးအတွင်းခံကို  towel မချွတ်ဘဲ အောက်ကနေဝတ်လိုက်သည်။ အတွင်းခံဝတ်ပြီးမှ towel ချွတ်ကာ ဘောင်းဘီကောက်စွပ်သည်။
          "အင်္ကျီရော ဘာဝတ်မလဲ"
          "ရတယ် ကြိုက်တာပေး"
          သူ adidas အဝါရောင် စပို့စ်ရှပ်ထုတ်ပေးလိုက်သည်။ သူtoilet room ထဲပြန်ဝင်လာပြီး sun cream ပါးပါးလူးပြီး ဆံပင်ကို dryer နဲ့မှုတ်သည်။ အလင်းက toilet room ထဲလိုက်ဝင်လာသည်။ အလင်းသည် သူထုတ်ပေးသော အဖြူနှင့်အဝါဝတ်စုံလေးနဲ့ပင် အရမ်းကြည့်ကောင်းနေသည်။ အလင်းက ဘာမှမပြောဘဲ သူ့လက်ထဲက dryer ကိုဆွဲယူပြီး သူ့ဆံပင်လေးတွေ ရေခြောက်အောင်အသာအယာလုပ်ပေးနေသည်။ သူလုပ်ပေးနေပုံမှာ အစ်ကိုတစ်ယောက်က ညီလေးတစ်ယောက်ကို ဂရုတစိုက်လုပ်ပေးနေသလိုလေးဖြစ်သည်။
          "ရပြီ ဟေ့ရောင် မင်းဘာသာမင်းလုပ်တော့ "ဟု ပြောပြီး သူtoilet room အမြန်ထွက်လာခဲ့သည်။ သူ ဆိုဖာဆက်တီမှာ ထိုင်စောင့်နေသည်။ အလင်းက toilet room ကထွက်လာပြီး ကုတင်အိပ်ယာခင်းနဲ့ စောင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် စွဲဆန့်နေပြန်သည်။
          "ဟာ ဟေ့ရောင် အဲ့တာအရေးမကြီးဘူး လုပ်စရာမလိုဘူး လုပ်စရာလိုရင် ဒေါ်လေးမိချိုလုပ်ပေးလိမ့်မယ် လာအောက်ဆင်းကြမယ်"
          "ဒေါ်လေးမိချို အဝတ်လျှော်ဖို့ လာယူရင် အခန်းရှုပ်နေရင် အားနာစရာကြီး"
          "ဟာ မင်းကလည်း သူ့ကိုအဲ့တာလုပ်ဖို့ခေါ်ထားတာလေ အဝတ်လျှော်စရာလာယူရင်း အခန်းကိုပါ ရှင်းပေးတာ အဲ့တာ သူ့တာဝန်ပဲ မင်းလည်းဘာမှလုပ်စရာမလိုဘူး"
          "အတွင်းခံဘောင်းဘီတွေရောလျှော်ပေးတာလား "
          "အင်းလေ"
          "အားနာစရာကြီး"
          "ဘာအားနာစရာလဲ လက်နဲ့လျှော်တာမှမဟုတ်တာ"
          သူ အလင်းရဲ့ အားနာတဲ့စိတ်ကိုအံ့ဩမိရသည်။ အောက်ရောက်တော့ ဒေါ်လေးမိချိုပြင်ပေးထားတဲ့ နံနက်စာကိုစားနေရင်း ဒေါ်လေးမိချိုကို bathtub သန့်ရှင်းတဲ့နည်းကိုမေးနေသည်။
          "အလင်းလုပ်စရာ မလိုပါဘူး ဒေါ်လေးလုပ်ပါမယ် သားရဲ့"ဟု ဒေါ်လေးမိချိုကပြောသည်။
           "သား ဒီလိုပဲသိထားချင်လို့ပါ"
          "သားသိချင်ရင်တော့ ပြောပြမယ် ဒါပေမယ့် သားလုပ်စရာ မလိုဘူးနော် "
          အလင်းခေါင်းငြိမ့်ပြသည်။ သူကတော့မထင်။
          "ရေချိုးကြွေစလုံကို ရေပူလေးအရင်လောင်းချ ပြီးရင် ဆပ်ပြာမှုန့်လေးဖြူး အဝတ်နဲ့ နှံ့ အောင်ပွတ် ပြီးရင်ရေပူနဲ့ ရေဆေးချ ဒါပဲ သူ့ဘာသာခြောက်သွားလိမ့်မယ် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါလောက်တော့ cleaners နဲ့ ဆေးရတာပေါ့"
          "ဒေါ်လေးမအားတဲ့အခါကျရင် သားလုပ်လို့ရတာပေါ့"
          "လိမ္မာလိုက်တဲ့ အလင်းလေး"ဟု ဒေါ်လေးက အလင်းရဲ့ ခေါင်းလေးကိုအသာပုတ်ကာပြောသည်။ မေမေကြီးက ခေါင်းတငြိမ့်ငြိမ့်နဲ့ပြုံးလို့။ ဖေဖေက flight ဂျူတီ ပြန်ဝင်သလို မေမေလည်းဒီအချိန် ဗိုလ်ချုပ်စျေးမှာ ဆိုင်ဖွင့်နေလောက်ပြီ။ နံနံက်စာစားပြီး မေမေကြီးကို နုတ်ဆက်ကာ သူတို့နှစ်ဦးshopping ထွက်လာကြပါသည်။
          ရန်ကုန်မြို့၏ ဒီဇင်ဘာလ မိုးကောင်းကင်သည် တိမ်ညိုတွေနဲ့ ပြည့်နေပြီး မကြာခင်ပဲ မိုးရွာတော့မလိုထင်ရသည်။ အလင်းအတွက် ရန်ကုန်က မိုးနဲ့ကြိုဆိုနုတ်ဆက်တော့မည်လား။ သူတို့နှစ်ဦး စံရိပ်ငြိမ် ဂမုန်းပွင့်ကိုအရင်သွားကြသည်။ သူတို့နှစ်ဦးကို လူတော်တော်များများငေးကြည့်ကြသည်။ အရပ်မြင့်မြင့်နှင့် ခပ်ချောချောကောင်လေးနှစ်ယောက် ။ တစ်ယောက်က ဂျင်န်းကွာအဖြူနဲ့ စပို့စ်ရှပ် အဝါလေးဝတ်ပြီး adidas ရှူးအဖြူလေးနဲ့ မျက်မှန်အမည်းလေးနဲ့  ။ နောက်တစ်ယောက်က ဂျင်းန်ကွာတားအဖြူလေးနဲ့ အပြာနုရောင် ဟူဒီလက်ရှည်ဝတ်ပြီး ရှူးအနက်ကလေးစီးလို့ ။ နှစ်ယောက်စလုံး ကိုရီးယားမင်းသားလိုလို ထိုင်းမော်ဒယ်မင်းသားတွေလိုလို။ အလင်းကလည်း ရန်ကုန်အခုမှရောက်ဖူးတာဆိုပေမယ့် ရန်ကုန်သားတစ်ယောက် အိုက်တင်အပြည့်။
          ဖေဖေပေးတဲ့ KBZ ကတ်နဲ့ ATM စက်မှာ ငွေအရင်ထုတ်သည်။ သူ သွားဝယ်နေကျ ဆိုင်တွေကို အလင်းအားခေါ်သွားသည်။ အလင်းလိုချင်သော အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းတွေ ဝယ်ကြသည်။ ဂမုန်းပွင့်ကနေ လှည်းတန်းစင်တာကို သွားသည်။ ရာသီဥတုကသူတို့ဘက်ပါလာကာ ကောင်းကင်သည် တဖြည်းဖြည်းကြည်လင်လာသည်။ အလင်း ဒီတစ်ခါကားမမူး၍ တော်သေးတယ်ပြောရမည်။ ဦးသောင်းထိုက်က ကားအဲယားကွန်းကို အေးနေအောင်ဖွင့်ထားပေးသည်။ စိတ်ရှည်စွာလည်းစောင့်ပေးသည်။ လှည်းတန်းမှ တဆင့် မြန်မာပလာဇာ ထိုမှတဆင့် စိန်ဂျွန်း city Mall နဲ့ တော်ဝင်ပလာဇာသွားကြသည်။ အဝတ်အစားနဲ့ အသုံးဆောင်ပစ္စည်းတွေ စုံသလောက်ဝယ်ပြီးသောအခါ သူရော အလင်းရောလျှောက်ရတာညောင်းလာပြီ ။
              Junction city 🌆 ရောက်တော့ နေ့လည်နှစ်နာရီထိုးတော့မည်။ ဗိုက်လည်းစာနေပြီဖြစ်သောကြောင့် နေ့လည်စာစားရန် foods 🍱 ကောင်တာသွားကြသည်။ အဝင်မှာ ငွေးသားနဲ့ ကတ် ဝယ်တော့ တန်းစီနေစဉ် ကောင်မလေးနှစ်ဦးက အလင်းကိုလူမှားပြီးလာနုတ်ဆက်သည်။ ကောင်မလေးတွေကလည်း ကောင်လေးတွေကို ဒီလိုကြောင်တတ်တာ အလင်းကတော့သိမှာမဟုတ်။ သူကတော့ အထာနပ်နေပြီ။ ကိုယ်တိုင်မှာပြီး ကိုယ်တိုင်ယူရတာမို့ အလင်းက အစ်ကိုကြီးတစ်ယောက်လို သူ့အတွက်မှာပေးကာသယ်ယူလာပေးသည်။ အလင်းက ဒံပေါက်စားပြီး သူက ဝက်စတူးထမင်းစားသည်။ ကာဗလာသီးဖျော်ရည် တစ်ခွက်စီသောက်ကြသည်။ အလင်းက ဇွန်းခက်ရင်းကိုင်းပြီးစားနေတာတောင် သူ့မျက်လုံးထဲကြည့်ကောင်းနေသည်။
          "ဒီကဒံပေါက်အရမ်းကောင်းတယ်ညဏ်သာ ငါ့အကြိုက်ဆုံးအစားအစာထဲမှာလည်း ဒံပေါက်ပါတယ်"ဟု အလင်းက စားရင်းပြောသည်။
           "ဟုတ်လား တကယ်တော့ ဒံပေါက်ကအိန္ဒိယအစားအစာနော်"
          "ဟုတ်တယ် ငါလည်း ဂေါ်ရခါးလူမျိုးပဲလေ"
          "ဟင် တကယ်ကြီးလား"
          "ဟုတ်တယ် နူးနူးက ဂေါ်ရခါးအစစ် နူးနူးဆိုတာငါ့အမေကိုပြောတာ အဖေကတော့ ဗမာပဲ"
          အလင်းက ဂေါ်ရခါး ကပြားပေါ့။ အဲ့တာကြောင့် သူ ချောနေတာ။
          "ဂေါ်ရခါးတွေက အသားဖြူပြီးချောကြတာ ဒါကြောင့်မင်းချောနေတာကိုး"
          "ငါကချောလို့လား"
          "ချောတာပေါ့ကွ ငါလောင်းရဲတယ် ကျောင်းရောက်ရင် မင်းကိုဆော်တွေဝိုင်းနေတော့မှာပဲ"
          " မင်းကပိုချောတာပါကွာ မင်းကိုဆို ကောင်မလေးတွေငေးကြလို့"
           "တော်ပါကွာ အလင်းရာ ဒါနဲ့ မင်းအမေနဲ့ မင်းအဖေနံမည်ကဘယ်လိုခေါ်လဲ"
          "အမေက နူးနူး အဖေက ဦးသက်ပိုင် အဖေက ငါမမွေးခင်ကပဲဆုံးသွားတာ"
          "မင်းမိဘ အမျိုးတွေကရော"
          "အဖေ့အမျိုးတွေကတော့ မသိဘူး နူးနူးအမျိုး ဂေါ်ရခါးတွေက ကလောမှာပဲရှိတယ် ဒါပေမယ် သူတို့တွေက နူးနူးကိုမခေါ်ကြဘူး အမှားတစ်ခုကြောင့် နူးနူးကိုပစ်ထားတာတဲ့ တကယ်တော့ နူးနူးကတစ်ကောင်ကြွက်ပါပဲ"
          "ငါ စိတ်မကောင်းပါဘူးကွာ"ဟု သူစိတ်ရင်းနဲ့ပြောမိသည်။
          "ရပါတယ်ကွာ ဒါငါ့ကံကြမ္မာပဲ ငါလက်ခံရမှာပေါ့ အခုဆိုရင် ငါ့ဘဝကမင်းတို့မိသားစုကြောင့် ချက်ချင်းပြောင်းလဲသွားခဲ့တာပဲလေ"
          အလင်း၏ မျက်နှာတွင် ရောက်ခါစတုန်းကလို ကြေကွဲရိပ်တွေသိပ်မတွေ့ရတော့။ ဒီနေ့ စျေးဝယ်တဲ့အချိန်မှာတော့ ပျော်ရွှင်နေတဲ့ အလင်းရဲ့ ပုံရိပ်တွေက သူ့ကိုပါ အပျော်တွေကူးစက်စေပါသည်။ ဦးသောင်းထိုက်အတွက် ဒံပေါက်တစ်ပွဲပါဆယ်ဝယ်ခဲ့ပြီး သူတို့အိမ်ပြန်လာခဲ့ကြပါသည်။ သူတို့ဝယ်လာတာ အလင်းအတွက် အခုလောလောဆယ် အဆင်ပြေလောက်ပါပြီ။ လက်သည်းညှပ် ၊ ရေချိုးခန်းစီးဖိနပ် ၊ hair dryer ကအစ အင်္ကျီ ဘောင်းဘီ တော်တော်လေးစုံလင်ပါသည်။ ဖေဖေ ကတ်ထဲမှာလဲ သုံးသိန်းလျော့သွားခဲ့လေပြီ။
                    စျေးဝယ်ကပြန်လာပြီး ဝယ်လာတဲ့ပစ္စည်းတွေ သူကော ဒေါ်လေးမိချိုရော အပေါ်ဆုံးထပ် အလင်းရဲ့ အခန်းဆီ ကူပြီးတင်ပေးကြသည်။
          "ကျေးဇူးပဲ ဒေါ်လေး နဲ့ ညဏ်သာ"ဟု အလင်းကပြောသည်။
          "ရပါတယ် သားရဲ့ သားတို့နှစ်ယောက် ဝယ်တတ်လိုက်တာ စုံနေတာပဲ "
          "ညဏ်သာ ဦးဆောင်ဝယ်တာ သားကနောက်က အိတ်လိုက်ဆွဲရုံပဲ ညဏ်သာက တကယ်တော်တာ"ဟု သူ့ကိုချီးမွန်းပြောသည်။
             "ဘယ်လိုလဲ အလင်း ရန်ကုန်ကိုမျက်စိမှ တော်တော်နောက်ပြီး ခေါင်းမှမူးသွားရဲ့လား"
               "ဘယ်ကသာ ဒေါ်လေးကလည်း ကောင်မလေးချောချောလေးတွေနဲ့  မျက်စိနောက်ဖို့နေနေသာသာ ကြည့်လို့တောင်မဝဘူး"
          ဒါကတော့ အလင်းရဲ့ ရင်တွင်းအမှန်ဖြစ်လိမ့်မည်။ စတိုင်ကျကျကောင်မလေး ချောချောတွေဆို အလင်းကငေးလို့။
          "ဒေါ်လေးဖြင့် တစ်ခါထွက်ရင် တစ်ခါဆေးသောက်ရတယ် မျက်စိရှုတ်နားရှုတ်နဲ့"
          "အလင်း ငါပြန်ဆင်းပြီး နားလိုက်ဦးမယ် တစ်ရေးအိပ်လိုက်ဦးမယ်  နိုးရင်ပြန်တက်လာခဲ့မယ် အပေါ်ဆုံးထပ်ပန်းခြံမှာထိုင်ရအောင်"
          သူနဲ့ ဒေါ်လေး အလင်းအခန်းမှ ပြန်ထွက်လာခဲ့ကြသည်။

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now