လိပ်ပြာ ( ၁၁ )

1K 20 2
                                    

လိပ်ပြာ ( ၁၁ )

အလင်းရောင်ဆိုတဲ့ ဆယ်တန်းကျောင်းသားလေးဟာ အထက( ၂ ) ကမာရွတ်မှာ သူ့ထက်ပင်နာမည်ကြီးလာသည်။ အလင်းက ရုပ်ကလေးချောပြီး ခပ်တည်တည်နေတတ်ပေမယ့် ဖော်ရွေတတ်တဲ့ စိတ်ကလေးရှိတာကြောင့် အားလုံးက သူ့ကိုခင်မင်ကြသည်။ ဒါပေမယ် အလင်းတကယ်ပေါင်းသင်းတဲ့ သူငယ်ချင်းက စုထားရယ် အော်ကြီးတို့မောင်နှမရယ် သုံးယောက်တည်းသာ။ တစ်ချို့ကောင်မလေးတွေ စုထားတို့ အော်ကြီးတို့ကို အားကျနေကြသည်။ သူတို့ fb အကောင့်တွေမှာ အလင်းနဲ့ ဓါတ်ပုံရိုက်ပြီး မကြာခဏတင်နေကြလို့ဖြစ်သည်။ သူတို့ကညီအစ်ကိုတွေဆိုပြီး ညဏ်သာ့ဆီမှာ အလင်းရဲ့ ဖုန်းနံပါတ်တွေ fb အကောင့်တွေလာတောင်းကြသည်။ ကောင်လေးတွေရော ကောင်မလေးတွေရော လာတောင်းကြတာ။ သူကလည်း သဝန်တိုတဲ့စိတ်နဲ့ တစ်ခါမှမပေးခဲ့ပါ။ တစ်ချို့ကောင်မလေးတွေဆို အလင်းဆီက စာအုပ်ဌားပြီး စာအုပ်ပြန်ပေးရင် စာအုပ်ကြားထဲ စာတွေရေးထည့်ပေးကြပြန်သည်။ အလင်းက သူ့ကို ရယ်ရွှင်မြူးတဲ့ပုံနဲ့ စာတွေပြတဲ့အခါ စိတ်တွေတိုနေ ဒေါသတွေထွက်နေတော့သည်။ အဲ့ဒီအခါ အလင်းကပိုပြီးသဘောတွေကျကာ ရယ်နေတော့သည်။ ဒီကြားထဲ အတန်းနားချိန် ထမင်းစားချိန်တွေဆိုလည်း အခန်းပြတင်းဘေးနားကနေ လာလာချောင်းကြည့်တဲ့ သူတွေကရှိသေးတယ်။ မသိရင်ပဲ အလင်းရောင်က တကယ့်ဆယ်လီကြီးလိုလို။ အလင်းရဲ့ စားပွဲခုံထဲမှာလည်း အဆာပြေ မုန့်ပဲသွားရည်စာတွေက အမြဲရှိနေတတ်သည်။ စုထားကတစ်ခါတစ်လေ ထည့်ပေးပေမယ့် များသောအားဖြင့် အခြားကောင်မလေးတွေက ဖွန်ကြောင်ပြီးလာထည့်ပေးကြတာ။ သူက မနာလိုစိတ်တွေနဲ့ ဒေါသတွေထွက်ပြီး အဲ့ဒီမုန့်တွေကို စားပစ်လိုက်တာပါပဲ။ မစားလို့ပိုတဲ့မုန့်တွေကို ဒရိုင်ဘာဦးသောင်းထိုက်ကိုပေးလိုက်ပါရော။
တက္ကသိုလ်ဝင်တန်းဖြေဖို့ ခုံနံပါတ်နှင့် time table တွေထွက်လာခဲ့ပြီ။ သူတို့တွေ အတန်းတင် စာမေးပွဲကို မတ်လ ဆယ့်ခြောက်ရက်ကနေ နှစ်ဆယ့်ငါးရက်အတွင်းဖြေရတော့မည်။ အငယ်တန်းတွေက ဖေဖော်ဝါရီနောပ်ဆုံးအပတ်တွင် စာမေးပွဲဖြေကြရသည်။ အငယ်တန်းတွေဖြေပြီးလို့ မတ်လဆန်းရက်တွင် ကျောင်းတွင် ကျောင်းတက်တဲ့ ကျောင်းသားကျောင်းသူတွေ မရှိသလောက်ဖြစ်ကုန်သည်။ သူတို့တွေလည်း ကျောင်းမသွားတော့ဘဲ အိမ်မှာပဲစာကျက်ဖြစ်တော့သည်။ guide ဆရာမက စာမေးပွဲနီးပြီမို့ သူတို့နဲ့အတူ အချိန်ပိုရှိနေပေးသည်။ စုထားက guide အချိန်မှာ သူတို့နဲ့စာလာလုပ်သည်။ တကယ်ပဲ စာအတူတူလုပ်ချင်တာလား သူ့ကို ဒါမှမဟုတ် အလင်းကိုကြောင်ချင်တာလားမသိ။ နောက်ပိုင်းရက်များတွင် စုထားက အလင်းကိုကြည့်တဲ့မျက်လုံးတွေက မရိုးသားဘူးလို့ခံစားရသည်။ အလင်းကိုပြောတော့ အလင်းက ရိုးရိုးသားသားပါဟု ပြောသည်။
ဖေဖော်ဝါရီလ သူ့မွေးနေ့နောက်ပိုင်း ညဏ်သာရဲ့အလင်းအပေါ် ခံစားချက်တွေပြောင်းလဲလာပြီးနောက် ဝမ်းနည်းအားငယ်စိတ်တွေ ထပ်မဖြစ်အောင် အလင်းကညဏ်သာ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပါသည်။ စာမေးပွဲကလည်း နီးကပ်လာပြီဖြစ်သောကြောင့် စာတစ်ခုတည်းမှာပဲ အာရုဏ်စိုက်စေချင်တာလည်းပါသည်။ တစ်ဦးနဲ့တစ်ဦး အတူတူရှိချိန်တွေ ပိုများလာခဲပြီး ပိုပြီးရင်းနှီးလာကြသည်။ ညဘက်လည်း စာအတူတူကြည့်ပြီး အလင်းက သူ့အခန်းထဲမှာပဲအိပ်သည်။ စာမေးပွဲကာလတွေမှာ အလင်းအပေါ် သူ့ရဲ့ ချစ်ခြင်းတွေ တဖြည်းဖြည်းပို၍ပို၍နက်ရှိုင်းလာကြသည်။ မိဘတွေရဲ့ဂရုစိုက်မှုတွေနဲ့အတူ အလင်းကလည်း သူ့ရဲ့စိတ်ကို နားလည်မှုတွေနဲ့ ဂရုတစိုက်ရှိလာပါသည်။ ထိုအချိန်ကာလများသည် သူ့ဘဝရဲ့ အပျော်စရာအကောင်းဆုံး အချိန်ကာလများဖြစ်လာပါသည်။
သူ ငယ်ငယ်တုန်းကတော့ ကြီးလာရင် ဆရာဝန်လုပ်မည်ဟု လူကြီးတွေကိုပြောဖူးသည်။ အတန်းကြီးလာတော့ အမှတ်ကောင်းရင် အသက်မွေးဝမ်းကြောင်းတစ်ခုခုတက်မည်ဟုပြောသည်။ အင်ဂျင်နီယာပဲဖြစ်ဖြစ် ဆေးကျောင်းပဲဖြစ်ဖြစ်ပေါ့ ။ မေမေကတော့ စီပွါးရေးဘာသာရပ်ယူပြီး ကျောင်းပြီးရင် မိသားစု ကိုယ်ပိုင်စီးပွါးရေး တစ်ခုခုလုပ်စေချင်သည်။ အထူးသဖြင့် မေမေနဲ့အတူလိုက်ပြီး စိန်ကုန်သည် ရတနာကုန်သည်လုပ်စေချင်သည်။ အလင်းကတော့ ဆေးကျောင်းတက်ဖို့ ရည်ရွယ်ထားတာမို့ သူ အလင်းနဲ့အတူတူ ဆေးကျောင်းတက်ရရင် ပျော်စရာကောင်းမှာပဲဟု တွေမိသည်။ အလင်းကို သံယောဇဉ် ဖြစ်လာပြီးနောက်ပိုင်းတွင်မူ ဆေးကျောင်းအတူတက်ဖို့ဆုံးဖြတ်ပြီး စာကိုပိုကြိုးစားသည်။ မိသားစုကို ဆေးကျောင်းတက်မည်ဟု မပြောဖြစ်ပဲ အလင်းတစ်ယောက်တည်းကိုပဲ ဖွင့်ပြေမိသည်။ အလင်းကလည်း ညဏ်သာ့ကို အလင်းနင့်အတူ ဆေးကျောင်းတက်စေချင်သည်။ နှစ်ယောက်အတူတူတက်ရရင်ပျော်စရာကောင်းမည် ဟုပြောသည်။ ဤသို့ဖြင့် သူသည် အမှတ်ကောင်းကောင်းဖြင့် ဆေးကျောင်းဝင်ရန် စာမေးပွဲမဖြေခင်ရက်တွေမှာ အစွမ်းကုန်စာကြိုးစားပါတော့သည်။ စာမေးပွဲကာလတွေမှာ မေမေကြီးရော ဒေါ်လေးမိချိုရော သူတို့နှစ်ဦးကိုအထူးဂရုစိုက်ကြသည်။ အားရှိစေမယ့် အစားအစာတွေ ဂရုတစိုက်ချက်ပြုတ်ပေးသည်။ ဖေဖေနဲ့မေမေကတော့ သူတို့ကိုယ်ပိုင်အလုပ်တွေနဲ့မို့ သိပ်ဂရုမစိုက်အား။ ဖေဖေက သူ့duty တွေနဲ့ မအားလို့ သူ့ကိုဂရုမစိုက်နိုင်တာဖြစ်ပေမယ့် မေမေကတော့ အိမ်စီးပွါးရေပဲ လုပ်စေချင်တာကြောင့် ဖြစ်သည်။ နောက်ဆုံးတော့ သူရော အလင်းရော စာမေးပွဲကို ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ပါသည်။
စာမေပွဲဖြေပြီးတော့ သူ့မှာ ချစ်ရတဲ့ Mixer လေးနဲ့ ချစ်ရတဲ့ အလင်းလေးနဲ့ပဲ အချိန်တွေကုန်နေတော့သည်။ အလင်းကလည်း fb အကောင့်ရော IG အကောင့်ရော ဖွင့်ပြီး သူပို့စ်တင်ဖို့ ပုံတွေကို သူကရိုက်ပေးရသည်။ Mixer လေးနဲ့ဆော့နေတဲ့ပုံလေးတွေကို သူနဲ့ tag တွဲပြီးတင်တော့ ကျောင်းက သူငယ်ချင်းတွေအများကြီးလာ add ကြသည်။ အလင်းအကောင်းဖွင့်ပြီး သိပ်မကြာခင်မှာပင် followers နှစ်သောင်းကျော်သွားသည်။ တင်တဲ့ပို့စ်တွေလည်း like များစွာရကြသည်။ စုထားက သူငယ်ချင်းတွေစုပြီး ငွေဆောင်ဖြစ်ဖြစ် ချောင်းသာဖြစ်ဖြစ် သွားရအောင်ဟု ပြောသည်။ အလင်းကလည်း ပင်လယ်တစ်ခါမျှမရောက်ဖူးလို့သွားချင်သည်။ သူကတော့ ကောင်မလေးတွေအကြောင်းသိတော့ သိပ်မသွားချင်။ သူတို့တွေ အလင်းကိုငမ်းချင်နေကြတာ မသိတာကြလို့ ။ စုထားက စာမေပွဲဖြေပြီးကတည်းက နေ့တိုင်လိုလိုအိမ်ကိုရောက်လာသည်။ Mixer လေးအတွက် အစာတွေဝယ်လာလိုက် မေမေကြီးအတွက် စားစရာတွေလာပို့လိုက် သူတို့အတွက်လာပို့လိုက်နဲ့။ သူထင်တာ မလွဲဘူးဆိုရင် စုထား အလင်းကို ကြိုက်နေတာ သေချာပြီ။ အလင်းကတော့ ငြင်းသည်။ "မင်းကိုပဲကြိုက်တာပါ ညဏ်သာရာ"ဟုပြောသည်။ သူက တော့ စုထားတို့နဲ့ သိပ်မသွားချင်ပဲ အလင်းကပင်လယ် မရောက်ဖူး၍ သွားချင်သည်ဆိုသောကြောင့် မေမေကြီးထံမှာ ခွင့်တောင်းသည်။
"ပင်လယ်ကို ကလေးတွေချည်းပဲစိတ်မချဘူး ပြီးတော့ မေမေကြီးလည်း ကလောကိုအလုပ်ကိစ္စနဲ့ဒီရက်ပိုင်းသွားမှာ တစ်ပတ်လောက်ပဲကြာမှာ အဲ့တာ သားတို့နှစ်ယောက်ကို ခေါ်သွားမလားလို့"
မေမေကြီးစကားအဆုံးမှာ သူပျော်ရွှင်သွားရသည်။ သူငယ်ချင်းတွေ အများကြီးနဲ့သွားရမည့်ခရီးထက်စာရင် မေမေကြီနဲ့အတူ အလင်းနဲ့ခရီးသွားရတာပိုကောင်းလိမ့်မည်။ အလင်းကလည်း ကလောဆိုတာနဲ့ ချက်ချင်းပျော်သွားသည်။ နှစ်ယောက်စလုံးဝမ်းသာအားရနဲ့ လိုက်မယ်ဟု ပြောကြသည်။ ကလောက အလင်းရဲ့ မွေးရပ်မြေပဲလေ အကြောင်းကြောင်းကြောင့်သာ ခွဲလာရပေမယ့် ရင်ထဲမှာ ဘယ်မေ့နိုင်ပါ့မလဲ။ သူတို့နှစ်ယောက်လိုက်မယ်ပြောတော့ မေမေကြီးကလည်း အဖော်ရပြီဆိုပြီး ဝမ်းတွေသာလို့။
"စာမေးပွဲလည်းဖြေပြီးပြီဆိုတော့ နောက်ဆို မေမေကြီး ကလောသွားရင် သားတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်တော့ မေမေကြီးအဖော်ရအောင် ခေါ်သွားရမယ်"
"မေမေကြီးကဘယ်နေ့သွားမှာလဲ"
"သောကြာနေ့ flight ✈️ နဲ့ သွားမှာ ရန်ကုန် -ဟဲဟိုး က သောကြာ နဲ့တနင်္လလာပဲရှိတာ သားတို့လိုက်မှာသေချာရင် သားဖေဖေကို အသွားအပြန်လေယာဉ်လက်မှတ်မှာခိုင်းလိုက်တော့မယ်"
"ဟုတ်ကဲ့မေမေကြီး"
အလင်းနဲ့အတူ ခရီးထွက်ရတော့မည်ဆိုတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားသည် သူပင်ဖြစ်လိမ့်မည်။ အလင်းနဲ့အတူ ခရီးသွားဖို့ပြင်ဆင်ရသည်မှာလည်း ရင်ခုန်စရာ ပျော်စရာကောင်းသည်။ တစ်ပတ်စာအဝတ်တွေ စီစဉ်ပြီး luggage 🧳 ထဲထည့်သည်။ တစ်ရက်ကိုနှစ်စုံနဲ့ ဝတ်စုံဆယ့်လေးစုံ ညအိပ်ဝတ်စုံ ပုဆိုး towels အတွင်းခံဘောင်းဘီ ခြေအိတ် ရှူးဖိနပ် ခြေညှပ်ဖိနပ် ။ ကလောက နွေရာသီတောင် ညဘက် အနွေးထည်ဝတ်ရတာမို့ long coat🧥 တွေ Jacket တွေ ထည့်သည်။ တစ်ကိုယ်ရည်သုံးပစ္စည်းတွေထည့်သည်။ မေမေကြီးပိုင်တဲ့ ကလောဟိုတယ်မှာနေမှာဆိုတော့ သိပ်တော့မလို။ အလင်းကလည်း သူ့မွေးရပ်ပြန်ရမှာဆိုတော့ အရမ်းတက်ကြွနေသည် ။ အဝတ်တွေထည့်ထားတာလည်း ကိုးယိုးကားယား တကယ်ကိုသတ်သတ်ရပ်ရပ်မရှိ luggage🧳ထဲကို ဖြစ်သလိုကောက်ထည့်ထားတာ။ သူက အစအဆုံးပြန်စီပြီးထည့်ပေးရသည်။ သူ့အတွက်ပြင်ဆင်ထည့်သည့်နည်းတူ အလင်းအတွက်လည်း ထည့်ပေးလိုက်သည်။ ခရီးသွားရမည်ဆိုတော Mixer လေးကိုလွမ်းရဦးမည်။ မေမေနဲဲ့ ဒေါ်လေးမိချိုကို Mixer လေးကိုဂရုစိုက်ရန် တတွတ်တွတ်မှာနေမိသည်။

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now