လိပ်ပြာ ( ၆ )

1K 23 0
                                    

လိပ်ပြာ ( ၆ )

သူ အိမ်ရှေ့ မြက်ခင်းစိမ်းပန်းခြံသို့ ရောက်သောအခါ အလင်းက "ငါ breakfast စားဖို့မင်းကိုစောင့်နေတာ"ဟု အပင်တွေရေလောင်းရင်းပြောသည်။ မေမေကြီးက "breakfast စားဖို့နောက်တောင်ကျနေပြီ "ဟုပြောသည်။
"စားနှင့်လိုက်တာ မဟုတ်ဘူး"ဟု သူက အလင်းကိုပြောတော့ မေမေကြီက "မေမေကြီးက သူ့ကိုစားနှင့်လို့ပြောပါတယ် သူက ညဏ်သာဆင်းလာမှစားမယ်တဲ့"ဟု ဆက်ပြောသည်။
"မင်းကရေလောင်းတာပြီးပြီလား"
"ပြီးပြီလေ"
"အဲ့တာဆိုသွားစားကြမယ်"
ရေဘားပိတ်ပြီး သုံးယောက်လုံး ထမင်းစားခန်းလျှောက်လာကြသည်။ အလင်းက ပင်နီရောင်ရှမ်းဘောင်းဘီအပွကြီးနှင့် လက်မပါသော အဖြူရောင် လည်ဝိုင်းတီရှပ်ချိုင်းပြတ်ဝတ်ထားပြီး ရေချိုးထားပြီးခါစလို သန့်ရှင်းလက်ဆတ်နေသည်။ ဒေါ်လေးမိချိုက သူနဲ့ အလင်းအတွက် မုန့်ဟင်းခါးနှစ်ပွဲနှင့် ကော်ဖီနှစ်ခွက်ပြင်ပေးသည်။ မေမေကြီးက အိပ်ယာထကတည်းကbreakfast စားထားပြီးသား။ မုန့်ဟင်းခါးကလည်းဟင်းရည်ပူပူလေးနဲ့ စားကောင်းသည်။ Lucky 7က မုန့်ဟင်းခါးကို သူတို့တစ်မိသားစုလုံးကြိုက်ကြသည်။ မကြာခဏ breakfast ကို lucky 7 မုန့်ဟင်းခါးဝယ်စားကြသည်။
"အလင်း နေ့လည်စာကို စုထားကသူတို့ဆီမှာ လာစားဖို့ဖုန်းဆက်တယ် ကြက်ဆီထမင်းလုပ်စားလို့တဲ့ စုထားအမေက မင်းကိုပါခေါ်ခိုင်းတာတဲ့နော် "
"အားနာစရာကြီး"
"ဘာအားနာစရာရှိလည်း ခင်လို့ဖိတ်ကျွေးတာကို"
"အင်းလေ ရုပ်ကလေးကချောတော့လည်း ခေါ်ကျွေးချင်တာပေါ့"ဟု ဒေါ်လေးမိချိုက ဝင်ပြောသည်။
တကယ်တမ်းနေ့လည်စာစားချိန် စုထားဖုန်းဆက်ခေါ်တော့ သူတို့နှစ်ယောက် မသွားဖြစ်ပါ။ အလင်းအခန်းမှာထားဖို့ မေမေကြီး online ကမှာဝယ်တဲ့ furniture တွေရောက်လာသောကြောင့်ဖြစ်သည်။ လာပို့တဲ့ပစ္စည်းတွေကော လူတွေကောများသောကြောင့် သူတို့မသွားဖြစ်တော့ပါ။ အိမ်မှာက မေမေကြီးနဲ့ဒေါ်လေးမိချို နှစ်ယောက်ပဲ ရှိတာမို့ဖြစ်သည်။ အလင်းအခန်းမှာထားဖို့ ရေခဲသေတ္တာ ဆိုဖာဆက်တီထိုင်ခုံနှင့်စားပွဲ နံရံကပ်စာအုပ်စင် နံရံကပ်နာရီ စာကြည့်စားပွဲနှင့်ထိုင်ခုံ။ သူ့အခန်းမှာရှိတဲ့ပစ္စည်းတွေနည်းတူ အလင်းကိုမေမေကြီးက ဝယ်ပေးတာဖြစ်သည်။ သူတို့မသွားသောအခါ စုထားကအိမ်ထိလာခေါ်သည်။ ပစ္စည်းသယ်မတာတွေ လိုက်ကြည့်နေရာချပေးတာကို မပြီးမချင်း ဧည့်ခန်းမှာထိုင်စောင့်နေသည်။ အလင်းရဲ့အခန်းထဲမှာ ပစ္စည်းတွေအားလုံးနေရာကျသွားမှ သူတို့နှစ်ဦးစုထားနှင့် လိုက်သွားခဲ့သည်။
နေ့လည်စာစားချိန် နေ့လည်တစ်နာရီကျော်နေပြီ။ ဗိုက်စာစာနဲ့ နှစ်ယောက်သားစားလိုက်ကြတာ ခေါင်းမဖော်တော့။ စုထားက ဘေးကထိုင်ပြီး ကြက်သားအရိုးဖယ်ပေးကာ နှစ်ယောက်စလုံးကို ထည့်ပေးနေသည်။
"ကောင်းလိုက်တာစုထားရာ ဘယ်သူချက်တာလဲ"
"အမေလေ online ကနေကြည့်ပြီးချက်ထားတာ"
"တကယ်စားကောင်းတယ်ဟာ နင့်အမေတကယ်တော်တယ် ပြီးတော့ ကျေးဇူးလည်းတင်တယ် ဒါနဲ့နင့်အမေလည်းမတွေ့ပါလား"
"အမေက အစ်ကိုသွားကိုက်လို့ သွားဆေးခန်းလိုက်ပို့တယ်"
"ပြန်လာရင်ကျေးဇူးတင်ကြောင်းပြောလိုက်ဦး ကောင်းကောင်းစားတယ်လို့"
"အေးပါ ဒါနဲ့ နင်ကစားပြီးတန်းပြန်မလို့လား"
"တန်းတော့မပြန်ပါဘူး သုံးနာရီဆို guide ဆရာမလာပြီလေ"
"ကျောင်းပိတ်ရက်လေးနားပါဦး စာမေးပွဲပြီးထားတာမကြာသေးပဲကို"
"ငါကနားချင်တာပေါ့ မေမေကငါ့ကို သုံးရက်ပဲနားခိုင်းထားတာ အဲ့တာဒီနေ့ ပြန်စပြီ"
သူတို့နှစ်ယောက်သား စကားတပြောပြောနဲ့ အလင်းက ခေါင်းကိုသာငုံ့စားနေသည်။
"ဟဲ့ ညဏ်သာ ကျောင်းပြန်မဖွင့်ခင်ဒီကြားထဲ ငါတို့ တစ်ရက်လောက် waterboom သွားရအောင်လေ အော်ကြီးတို့မောင်နှမနှစ်ယောက်နဲ့"
"သွားမယ်လေ guideဆရာမက ဒီကြားထဲပိတ်ရက်အစားထိုးပြီးလာမှာဆိုတော့ လွတ်လပ်ရေးနေ့မှပဲ နားတော့မှာ သွားရင်လည်းအဲ့နေ့မှပဲသွားရအောင် waterboom သွားရင်လည်း တစ်နေကုန်တဲ့အထိဆော့ပြီး ညနေ နေအေးမှပြန်လာချင်တာ"
"အဲ့တာဆိုလည်း လွတ်လပ်ရေးနေ့မှသွားလေ ဒါပေမယ့် အဲ့နောက်ရက်ဆို ကျောင်းပြန်တက်ရပြီ"
"အေးဟာ အော်ကြီးတို့ မောင်နှမကိုလည်း သွားမှာလားမေးကြည့်ဥိး"
"အော်ကြီးတို့ မောင်နှမကငါ့တာဝန်ထားပါ ငါခေါ်ရင်ရပါတယ် ငါတို့နဲ့ဆို သူတို့လိုက်မှာပါ"
အရင်ကျောင်းပိတ်ရက်တွေတုန်းကလည်း waterboom မကြာခဏသွားနေကျမို့ ထူးတော့မထူးဆန်းပါ။ သူတို့နှစ်ယောက် စားသောက်ပြီး ဧည့်ခန်းမှာ ခဏထိုင်စကားပြောဖြစ်ကြသည်။ စုထားက ကိုကာကိုလာသံဗူးနှစ်ဗူးယူလာပေးသည်။ သံဗူးကိုတွေကို သူမကိုယ်တိုင်ဖောက်ပေးပြီး "ခွက်နဲ့မထည့်ပေးတော့ဘူးနော်"ဟု ပြောသည်။သူမ၏အကြည့်တွေက အရင်ထက်ပိုချိုနေသလို ခံစားရသည်။ အလင်းကတော့ တည်တည်ငြိမ်ငြိမ်လေး။ သူပြုံးရင် အရမ်းကြည့်ကောင်း ပေမယ့် သိပ်ပြုံးလေ့မရှိ။ အိမ်ပြန်လာတော့ နေ့လည်နှစ်နာရီထိုးပြီးပြီ။
         သုံးနာရီအချိန်တွင် guide ဆရာမရောက်လာပါသည်။ စာသင်တာက မြေညီထပ်က ဖေဖေ့စာဖတ်ခန်းထဲမှာ။ အရင်က စာသင်ရင် သူတစ်ယောက်တည်း။ အခုတော့ အလင်းပါရှိနေ၍ သူပိုပြီး active ဖြစ်နေသည်။ guide ဆရာမက စာမေးပွဲဖြေထားတဲ့မေးခွန်းစာရွက်တွေထုတ်ခိုင်းပြီး ရမှတ်ခန့်မှန်းခြေစစ်သည်။ အလင်းကတော့ သူအမေနာရေးကြောင့် ဒီဇင်ဘာလပတ်စာမေးပွဲ မဖြေခဲ့ရပါ။ သိုသော် အလင်းရဲ့ ဘော်ဒါက သင်တာ သူတို့ကျောင်းထက်နည်းနည်းပိုရှေ့ရောက်နေသည်။
အလင်းရဲ့ text book 📖ရော ရေးစာအုပ်အားလုံးရောသပ်သပ်ရပ်ရပ်ရှိသည်။ အဖုံးတွေကို သေချာချုပ်ထားသည်။ စာအုပ်အဖုံးတွေမှာ အေ အယ်လ်ဝိုင် ALY ဟု ဆော့ပန်အပြာဖြင့် အတိုကောက်ရေးထားကြသည်။ အလင်းလက်ရေးတွေက ဝိုင်းစက်နေအောင်မလှကြပါ။ သို့သော် အနည်းငယ်သော့၍ ယောက်ျားဆန်ပြီးဆွဲဆောင်မှုရှိသောလက်ရေးမျိုးဖြစ်သည်။ ထို့နေ့က စာမေးပွဲမှာ သူသိပ်မဖြေနိုင်ခဲ့သော modern physics အခန်းကစာတွေကို guide ဆရာမကပြန်ရှင်းပြပေးပြီး အလင်းနဲ့အတူ ပြန်ကျက်ရသည်။ အလင်းက အံ့ဩစရာကောင်းလှစွာ ခေါင်းစဉ်နှင့် စာပိုဒ်တွေကိုတွဲကာ နုတ်တိုက်အလွတ်ရနေပြီးသားဖြစ်သည်။
ထိုနေ့ ညနေပိုင်းတွင် အိမ်မှာလူစုံသဖြင့် မေမေကြီးက ရွှေတိဂုံဘုရားလိုက်ပို့ပေးသည်။ မေမေကလည်းစျေးကပြန်ရောက် ဖေဖေလည်း flight ကအဆင်းမို့ မိသားစုစုံစုံလင်လင်နဲ့ အလင်းကိုလိုက်ပို့ပေးခြင်းဖြစ်သည်။ မေမေရဲ့ fitကားအပြာလေးနဲ့ပဲ ဘုရားရောက်လာကြသည်။ မေမေနဲ့ဖေဖေက ရှေ့မှာ ။ မေမေကြီရယ် သူရယ် အလင်းရယ်ကနောက်ထိုင်ခုံမှာသုံးယောက်ထိုင်လို့။ အလင်းက ရွှေရွက်ဝါပုဆိုးနက်ပြာကလေးနှင့် ရှက်လက်ရှည်အဖြူဝတ်ထားပြီး သူကတော့ ရွှေရွက်ဝါအနက်ရောင်ပုဆိုးကလေးနှင့် ရှက်လက်ရှည်အဖြူကိုဝတ်ထားသည်။ အလင်းဝတ်ထားတဲ့ပုံစံကို သဘောကျ၍ သူကလိုက်ဝတ်ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က မသိရင်ပဲ သွေးသားတော်စပ်တဲ့ တကယ့်ညီအစ်ကိုတွေလို ထင်ရသည်။ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ရုပ်ချောချောကောင်လေးတွေဆိုတော့လေ။
ဘုရားပေါ် စက်လှေကားဖြင့်တက်လာကြသည်။ စက်လှေကားအထွက်မှာ စံပယ်ပန်းနှင့် ရွှေပန်းငွေပန်းများ ဘုရားလှူဖို့ မေမေကြီးကဝယ်သည်။ အလင်းက အမေကြီးရဲ့ ဘုရားပန်းတွေကိုကိုင်ပေးကာ မေမေကြီးလက်မောင်းကိုဖေးဖေးမမတွဲထားသည်။ ဖေဖေက သဘောကျစွာပြုံးလို့။ သူကလည်းမေမေ့ လက်မောင်းကိုတွဲလိုက်သည်ပေါ့။ အပေါ်မော့ကြည့်တော့ နက်ပြာရောင်ကောင်းကင်အောက်မှာ အဖြူရောင်တိမ်ဆိုင်တွေက အဆုပ်လိုက်အဆုပ်လိုက်။ ကြယ်ကလေးတွေကလည်း ဟိုတစ်လုံး ဒီတစ်လုံးနှင့် ကောင်းကင်အနှံ့မှာ ။ မျက်ခုံးသဏ္ဌန် ဆန်းစလကွေးကွေးကလေးကလည်း ဘုရားရဲ့ ဌက်မျက်နားတော်ဘေးအထက်နားမှာ တွဲလဲခိုလို့။ ရွှေရောင်တောက်နေသော စေတီတော်နှင့် နောက်ခံကောင်းကင်နက်ပြာပြာသည် ပန်းချီကားတစ်ချပ်အလား ထင်မှတ်စေသည်။
            စေတီတော်အောက်ခြေပတ်လည်မှာ ဘုရားဖူးတွေ ထွန်းညှိပူဇော်ထားသောဖရောင်းတိုင် အမွှေးနံ့သာတိုင်တွေဆီမှ အလျှံငြီးငြီးအလင်းတန်းတွေက ကောင်းကင်ထိတော့မလို။ တိုက်ခတ်လာတဲ့ လေနုအေးက ဘုရားရင်ပြင်တော်ပေါ်က ဘုရားဖူးလူတွေကြားထဲ အတင်းတိုးဝင်လို့။ သူတို့မိသားစု ဘုရားကို လက်ယာရစ် လှည့်လည်ဖူးမျှော်ကာ နေ့နံထောင့်တွေမှာ ပန်းလှူခြင်း ဘုရားရေသပ္ပယ်ခြင်လုပ်ကြသည်။ မေမေနဲ့မေမေကြီးက ရွှေဆိုင်းကပ်၍ အလှူငွေထည့်သည်။ အလင်းက စနေနံထောင့်မှာ ဘုရားရေသပ္ပယ်သည်။
"မင်းကစနေ သားလား"
"မဟုတ်ဘူး ငါကဗုဒ္ဓဟူးသား နူးနူးကစနေလေ နူးနူးအတွက် ဆုတောင်းပေးနေတာ"
သူကတော့ သူ့မွေးနံ အင်္ဂါထောင့်မှာ ပန်းလှူကာ ရေသပ္ပယ်ဖြစ်သည်။ အလင်းက သူနဲ့အတူ အင်္ဂါနံဘုရားမှာရေလာသပ္ပယ်သည်။ သူ့မွေးနံဖြစ်သော ဗုဒ္ဓဟူးထောင့်မှာတော့ ရေသပ္ပယ်ခြင်းမလုပ်ပါ။ သူကမေးတော့ "ငါ့အတွက်တာ့ ဘုရားက ဘယ်ဘုရားဖြစ်ဖြစ်အတူတူပဲ ဘုရားကတစ်ဆူတည်းပဲလေ"တဲ့။ ဘုရားရိပ်တရားရိပ်က တကယ်ပင် လူကိုငြိမ်းချမ်းစေသလို ရွှေတိဂုံဘုရား​ရင်ပြင်ပေါ်ရောက်တိုင်း နှလုံးစိတ်ဝမ်းအေးချမ်းမှု အမြဲခံစားရသည်။
ဘုရားကနေ အိမ်ပြန်ရောက်တော့ ဧည့်ခန်းဆိုဖာမှာ မေမေကြီးကို အလင်းက ခြေထောက်တွေ နှိပ်နယ်ပေးသည်။ လက်တတောင်ဆစ်နဲ့ နောက်ကျောကို ထောက်ပေးသည်။ အလင်းကတော့ အမှတ်တွေ အပြည့်ယူနေပြီ ။ဖေဖေနဲ့မေမေလည်း အလင်းကို သဘောကျနေကြမှာပေါ့ဟု သူတွေးဖြစ်သည်။ ဖေဖေနဲ့မေမေ အခန်းထဲနားဖို့ဝင်သွားတော့ သူလည်း ဒေါ်လေးမိချို ယူလာပေးသော နွားနို့ပူပူလေးသောက်ပြီး မိမိအခန်းရှိရာ အပေါ်ထပ်သို့ တက်လာခဲ့တော့သည်။

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now