လိပ်ပြာ ( ၇ )

910 24 0
                                    

လိပ်ပြာ ( ၇ )

ဒီဇင်ဘာ 31ရက် နှစ်တစ်နှစ်၏နောက်ဆုံး new yearည။ သူတို့ အိမ်ခေါင်မိုးဆလပ်ပြင်ရှိ မေမေကြီးရဲ့ ပန်းခြံလေးထဲမှာ သူတို့ရောက်ရှိနေကြပြီ။ သူတို့ဆိုသည်မှာ သူရယ် အလင်းရယ် စုထားရယ် အော်ကြီးတို့ မောင်နှမနှစ်ယောက်ရယ်။ စုစုပေါက်းငါးယောက် စားပွဲတွေ ဆိုဖာတွေ ခင်းကျင်းလို့။ ဖေဖေကတော့ ဒီညအိမ်မှာမရှိ flightကပြန်မလာသေး ။ မေမေကတော့ သူ့အသိမိတ်ဆွေတစ်ယောက် new year ပါတီဖိတ်လို့သွားပြီ။ အိမ်မှာပါတီအသေးလေးလုပ်ဖို့ဖေဖေကခွင့်ပြုပေမယ့် မေမေကခွင့်မပြုချင်။ ခရစ်စမတ်နေ့က သူအမူးလွန်သွားခဲ့တာမဟုတ်လား။ နောက်တော့ မေမေကြီးရဲ့ကူညီပြောပေးမှုကြောင့် ပါတီအသေးလေးလုပ်ခွင့်ရသွားသည်။ ဘီယာမသောက်ရပဲ ဝိုင်တစ်မျိုးတည်းသောက်ရမည်ဟု ဂတိတောင်းသည်။ ဂတိပေးတော့ မေမေက ပြင်သစ်ဝိုင်နှစ်လုံးဝယ်ပေးသည်။ ဝိုင်က အလင်းရဲ့ အကြိုက်မို့ အလင်းကပျော်နေသည်။
ဒေါ်လေးမိချိုက ဝိုင်နဲ့မြည်းဖို့ အကင်တွေလုပ်ပေးသည်။ အလင်းက "ဝိုင်သောက်တာ အမြည်းမလိုပါဘူး"ဟု ပြောသည်။ ဒေါ်လေးမိချို တကူးတကလုပ်ပေးနေရင် အလုပ်ရှုပ်မှာစိုးသောကြောင့်လား တကယ်ပဲ သူဝိုင်နဲ့ အမြည်းမတွဲမစားတာလား။ သို့ပေမယ့် သူငယ်ချင်းတွေပါ ခေါ်ထားတာကြောင့် ညဏ်သာက ဒေါ်လေးမိချိုကို ပူဆာပြီးလုပ်ခိုင်းသည်။ မစံပယ်ပါ ကူလုပ်ပေးခိုင်းရန်ပြောလိုက်သည်။ ဒေါ်လေးက နှစ်ခါမပူဆာရပဲ ချစ်စရာကောင်းလှစွာ အမြည်းတွေစုံနေအောင်လုပ်ပေးသည်။ ဝက်သားသုံးထပ်သားကင် ပုဇွန်ကင် ရုံးပတီသီး ကင်။ အကင်ထုပ်စားဖို့ ဆလတ်ရွက်နှင့် barbecue sauce ပုလင်းရှိသည်။ ပြည်ကြီးငါးကို ယိုးဒယားစတိုင်လ်သုတ်ပေးသည်။ ပန်းသီး လိမ္မော်သီးနှင့် နာနတ်သီးတို့ကို အသင့်စားရန်စိတ်ထားပေးသည်။ ကိုကာကိုလာသံဗူးလေးတွေချထားပေးသည်။
အလင်းက shopping 🛍 ထွက်တဲ့နေ့ကဝယ်လာသော ခါးတွင်ကြိုးချည်ရသော အဖြူရောင်ချည်သားဘောင်းဘီရှည်ပျော့ပျော့နှင့် အဖြူခံပေါ်မှာ ရောင်စုံအပွင့်သေးသေးလေးတွေပါတဲ့ ဟာဝေယံရှပ်ကို ဝတ်ထားသည်။ သူ့မျက်စိထဲမှာ အလင်းကိုတော်တော်ကြည့်ကောင်းနေသည်။ သူကတော့ ပုံမှန်ဝတ်နေကျလို adidas အနက်ရောင် ဂျင်န်းဘောင်းဘီအရှည်နှင့် အပေါ်က ခေါင်းစွပ်ပါတဲ့ hoodie ဟူဒီအဖြူလေးကို လည်ပင်းကြိုးချည်ကာ ဝတ်ထားသည်။
new year ညဆိုတာ သူများတွေအတွက်တော့ ညဏ်သာမသိ။ သူကတော့ နှစ်ကူးတဲ့အချိန်လေးမှာ ပျော်ရွှင်နေရင် လာမယ့်နှစ် တစ်နှစ်ပတ်လုံး ပျော်ရွှင်နေရမည်ဟု ယုံကြည်သည်။ အခုအချိန်လေးကို သူငယ်ချင်းတွေနဲ့ အကောင်းဆုံး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေလိုက်သည်။
song box 📦 ကို ဖုန်းBluetooth နဲ့ join ပြီး One Direction ရဲ့ အမြူးသီချင်းတွေဖွင့်ထားသည်။ နက်ပြာရောင်ကောင်းကင်မှာ ကြည်လင်နေပြီး အဖြူရောင်တိမ်ဆိုင်တွေက ပြေးလွှားနေသည်။ ကြယ်ပွင့်တွေက ဟိုမှာသည်မှာ ဖြိုးဖြိုးဖျက်ဖျက်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးကုန်ခါနီးအချိန်မှာ လေပြေလေညှင်းတွေလည်း နုတ်ဆက်နေသလို။ နှင်းဆီရနံ့မွှေးမွှေးကလည်း သူတို့နဲ့အတူ နှစ်ဟောင်းကို နုတ်ဆက်နေပြီလား။ ရောင်စုံမီးသီးမှိန်မှိန်လေးတွေအောက်က ဝိုင်ပြင်းပြင်းချိုချိုတွေနဲ့အတူ ချစ်စရာအမှတ်တရ ညကလေး။ သူတို့အိမ်ပတ်ဝန်းကျင်မှာလည်း ဆူဆူညံညံ သီချင်းဖွင့်သံတွေကြားနေရသည်။ သူတို့ ဝိုင်ခွက်ကိုယ်စီကိုင်ကာ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့အောင်ဖို့ ဆုတောင်းကြသည်။
စုထားက သူမအိမ်မှာပဲ ဖိတ်ကျွေးသလိုလို ဝက်သားကင်တွေကို ဆလက်ရွက်နဲ့ထုပ် sauce နဲ့တို့ကာ တစ်ဦးချင်းစီကို လိုက်ခွံ့ကျွေးနေသည်။ ညဏ်သာ့ဘေးနားကပ်ထိုင်နေပြီး ဝိုင်ငှဲ့ပေးလိုက် အသီးစိတ်လေးတွေခွံ့ကျွေးလိုက်နဲ့ သူတို့ကိုပြန်ပြီးဧည့်ခံနေသည်။ သူမမျက်ဝန်းအကြည့်တွေက အလင်းဆီ မကြာခဏရောက်ရောက်သွားကြသည်။ အလင်းကတော့ သတိထားမိမည် မထင်ပါ။ ဩဂတ်စတာ ကလည်း ပုဇွန်ကင်တွေကို ဆလက်ရွက်နဲ့ထုပ် sauce နဲ့တို့ကာ လိုက်ခွံ့ပေးသည်။ ဩဂတ်ချူးလည်းလိုက်ခွံ့ပြန်သည်။ သူကလည်းပြန်ခွံ့ကျွေးပြီး အလင်းကတော့ သူများခွံ့တာစားပြီးပြန်မခွံ့ပေးပါ။ အချင်းချင်း ဓါတ်ပုံအပြန်အလှန်ရိုက်ပြီး fb ပေါ်တင်ကြသည်။ အလင်းတစ်ယောက်သာ ငြိမ်ပြီး ဝိုင် သောက်နေသည်။ ဝိုင်နှစ်ပုလင်း ကုန်သွားသောအခါ အကင်တွေနဲ့ အသီးတွေသာစားရင်း ကိုလာသောက်ရင်း count down ကိုစောင့်ကြသည်။ ကောင်မလေးနှစ်ယောက် အလင်းကို လိုတာထက်ပိုဂရုစိုက်သလိုဖြစ်နေတာ ညဏ်သာ မနာလိုသလိုဖြစ်နေခဲ့သည်။ အလင်းကိုမနာလိုတာ ဘယ်လိုပုံစံမျိုးနဲ့ မနာလိုတာလဲဟု သူကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘဲ အတွေးတွေများနဲ့ count down အော်ခဲ့တဲ့ ညဖြစ်ခဲ့သည်။
"10 9 8 7 6 5 4 3 2 1 happy new year 🥳 happy new year to you all " အသံများ မိုးကောင်းကင်ထံ လွင့်ပျံသွားကြသည်။ သူတို့သူငယ်ချင်းတွေ နှစ်သစ်ကို အပျော်လေးတွေနဲ့ကြိုပြီးပြီ။ လာမယ်တစ်နှစ်ပတ်လုံး ပျော်စရာနေ့ရက်တွေပဲကြုံတွေ့ရမည်ဟု အားလုံးစိတ်ထဲကိုယ်စီ တွေးမိကြသည်။ နှစ်သစ်ကြိုပြီး မပြန်ခင် လာမယ့်၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် အတူတူထပ်ဆုံကြပြီး waterboom သွားရန် သဘောတူညီခဲ့ကြသည်။
လွတ်လပ်ရေးနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် waterboom တွင် လူစည်ကားနေသည်။ ညဏ်သာတို့ စောစောရောက်ပြီး lockers ရလိုက်ကြ၍တော်သေးသည်။ သူတို့ သူငယ်ချင်း ငါးယောက် တစ်သောင်းခွဲတန် VIP လက်ပတ်ကလေးများပတ်ထားကြပြီး စိတ်ကြိုက်ကစားနေကြသည်။ ယောက်ျာလေးသုံးယောက်က အပေါ်ပိုင်း အင်္ကျီချွတ်ထားကြပြီး ရေကူးဘောင်းဘီအတိုလေးတွေသာဝတ်ထားသည်။ မိန်းခလေးနှစ်ယောက်လည်း mini စကတ်တိုရေကူး ဝတ်စုံလေးတွေဝတ်ထားကြသည်။ သူတို့ငါးယောက် waterboom ဖွင့်ပြီးသိပ်မကြာခင်မှာပင် taxi 🚕 နဲ့ရောက်လာခဲ့ကြတာဖြစ်သည်။ ကား ပါကင်က နာရီနဲ့ ပိုက်ဆံပေးရတာကြောင့် ကားမပါလာခဲ့ကြ။
အမြင့်ဆုံး ရေလွှာချောစီးကြသည်။ လေးယောက်စီးရသော ပင်လယ်ဓါးပြဘောကို ငါးယောက်စီးကြသည်။ ရေပန်းအောက်တွေမှာ ပြေးတိုင်းလိုက်တိုင်းကစားကျသည်။ ပြေးတိုင်းလိုက်တိုင်းဆော့တော့ အလင်းက သူငယ်ချင်းတွေကို အနစ်နာခံပြီး အမိခံကာ ခွေးရူးလုပ်သည်။ အလင်းပဲခွေးရူးကျပြီး လိုက်ဖမ်းနေရသည်။ ကောင်မလေးနှစ်ယောက်က ခွေးရူးကျတာနဲ့ အလင်းကိုဦးတည်လိုက်ဖမ်းတော့သည်။ ဩဂတ်ချူးလည်း အတူတူပဲ သူခွေးရူးဆိုတာနဲ့ အလင်းဆီလိုက်ဖမ်းပြီ။ အလင်းကလည်း အားနာပြီး အမိခံ။ အလင်းချည်းပဲ ခွေးရူးကျနေသဖြင့် ညဏ်သာကသနားစိတ်နဲ့ အမိခံလိုက် ဒင်းတို့သုံးယောက်ကို အငြိုးနဲ့ လိုက်ဖမ်းလိုက်ပေါ့။ အလင်းကလည်း ခွေရူးကျရင် သူ့ကိုပဲပြေးပြေးလာဖမ်းတာတာ။ အဲ့ဒီအချိန်ဆို ကောင်မလေးနှစ်ယောက်က အလင်းကိုကြည့်တာ မျက်စိတွေများပြုတ်ထွက်ကုန်တော့မယ်။ သူ့သူငယ်ချင်းကောင်မလေးတွေမှမဟုတ်ပါဘူး waterboom မှာလာကစားတဲ့ မိန်းကလေးတွေအကုန်နီးပါး အလင်းကိုငေးမောကြသည်။ အလင်းကလည်း ရေကူးဘောင်းဘီတို ဘော်ဒီလှလှကလေးနဲ့ စွဲဆောင်မှုရှိနေတာကိုး။ အရပ်မြင့်မြင့်နဲ့ ဘော်ဒီလှလှလေးရယ် ရေစိုပြီးဝင်းလဲ့နေတဲ့ အသားအရည်ရယ်။ ချောမောလှပတဲ့ ရုပ်ရည်ရယ်။ အလင်းရဲ့ဘော်ဒီက six packs တွေ ဗလတွေမရှိဘဲ သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းပြီးစွဲဆောင်မှုရှိနေတာ။ ပြီးတော့ အလင်းရဲ့ အစွဲဆောင်ဆုံးက ရေကူးဘောင်းဘီမှာ ထင်းကနဲမြင်သာတဲ့ အလုံးအထုပ်လေးများ ဖြစ်နေမလား။ စုထားနဲ့ အော်ကြီး 🤳 selfie ဓါတ်ပုံရိုက်တော့လည်း သူနဲ့အလင်း ရဲ့အောက်ပိုင်း body ကို မပါ ပါအောင်ရိုက်ကြသည်ဟုထင်ပါသည်။
ကမ်းခြေအတုမှာ ရေလှိုင်းစီးတော့ ဩဂတ်ချူးအပါအဝင် သုံးယောက်စလုံးကအလင်းကို ပြေးပြေးဖက်ကြသည်။ သူတို့သုံးယောက်လုံးက အရပ်မြင့်တဲ့သူတွေမဟုတ်တော့ ရေနက်တဲ့အပိုင်းဆီကို သွားဖို့ အလင်းကိုအလုအယက်ဖက်တွယ် ကပ်ထားကြသည်။ အလင်းကတော့ ရိုးသားတဲ့စိတ်ကလေးနဲ့ ရေနက်ပိုင်းကို ခေါ်သွားပေးသည်။ စုထားနဲ့အော်ကြီး အလင်းကို ရှေ့ကတစ်ယောက်နောက်ကတစ်ယောက် ကျစ်ကျစ်ပါအောင်ဖက်တွယ်ထားတော့ ဩဂတ်ချူးက သူ့ဆီရောက်လာပြီး ဖက်တွယ်သည်။ သူကဖြုတ်ချပေမယ့် ဩဂတ်ချူးက အချမခံဘဲ ခါးမှာခြေထောက်နှစ်ဖက်ချိတ်လို့ လည်ပင်ကိုလက်နှစ်ဖက်နဲ့ဖက်ထားသည်။ သူလည်း အလင်းနောက်လိုက်ပြီး ရေနက်ထဲရောက်တော့ ထိုင်ချလိုက်သည်။ နှစ်ယောက်သား ရေထဲနောက်ပြန်လဲကျပြီး ဩဂတ်ချူးနဲ့ လူချင်းကွာသွားသည်။ ဩဂတ်ချူး ရေထဲမှာဝူးဝူးဝါးဝါးဖြစ်သွားတော့မှ သူပြန်ဆွဲထူလိုက်သည်။ ပြီးမှ စိတ်ပေါက်ပေါက်နဲ့ ကမ်းပေါ်ပြန်ခေါ်တက်လာပြီး တန်းမှာချိတ်ထားတဲ့ အသက်ကယ် အင်္ကျီတွေ ဘောကွင်းတွေ ယူပေးလိုက်သည်။ အလင်းဆီလိုက်သွားပြီး ကောင်မလေးနှစ်ယောက်ကိုလည်း ဘောကွင်းတွေပေးလိုက်သည်။ထိုအခါမှ စုထားနဲ့အော်ကြီးလည်း အလင်းဆီမှ ခွါတော့သည်။
နေ့လည် foods ကောင်တာမှာ နေ့လည်စာစားရင်း ခဏနားတော့ သူက ဘော်ဒီဘောက်ပိုင်းကို towel အကြီးနဲ့ ပတ်ထားသည်။ သူပတ်တော့ အလင်းပါ လိုက်ပတ်သည်။ အလင်းပတ်အောင် သူအရင် ပတ်ပြလိုက်တာဖြစ်သည် ။ ပြီးမှ ကျန်သုံးယောကစလုံး ခါးမှာ towels လိုက်ပတ်ကြသည်။ သူ့ အစီစဉ်နဲ့ပဲ ယိုးဒယားအစားအစာ ကောင်တာသွားပြီး မှာစားကြသည်။ ဝက်ချဉ်စပ်ဟင်း ဂဏန်းပျော့ကြော် ကြက်ခြေထောက်သုတ် ကြက်ကုန်းဘောင်နှင့် ဆယ့်နှစ်မျိုးဟင်းချိုမှာပြီး ထမင်းနဲ့စားကြသည်။ နေ့လည်စာစားပြီး dreams bed တွေချထာတဲ့ စင်မြင့်မှာ ခဏနားကြသည်။ တစ်နာရီလောက်နားပြီးမှ lazy river ထဲမှာ ဘောကိုယ်စီနဲ့ ငြိမ့်ကြပြန်သည်။ ငါးယောက်စလုံး အတွဲလိုက်ကြီး ရေစီးနဲ့မျောနေကြသည်။ lazy river ထဲမှာ အချိန်ကြာမြင့်စွာ ပျင်းပျင်းရိရိ နဲ့ဘောစီးကြပြီးမှ အပေါ်ပြန်တက်ကာ ရေလွှာလျောစီးကြပြန်သည်။
  သူတို့တွေ နေအတော်စောင်းပြီး အေးလာတော့မှ waterboom ကပြန်ထွက်လာခဲ့ကြသည်။ ပြန်အထွက်မှာ camera man တွေလိုက်ရိုက်ထားတဲ့ သူတို့ပုံတွေကို ကြည့်ပြီးရယ် နေရသေးသည်။ အလာတုန်းက တက္ကစီးတစ်စီးတည်းဖြင့် အော်ကြီးတို့ကို အင်းယားလမ်းအိမ်အထိဝင်ခေါ်ခဲ့သော်လည်း အပြန်တွင်တော့ နောက်ကျမှာစိုးသဖြင့် အော်ကြီးတို့မောင်နှမက တစ်စီး သူတို့သုံးယောက်ကတစ်စီး ဌားကာပြန်လာခဲ့ကြသည်။ အလာတုန်းက တက္ကစီပေါ်မှာ တက်တက်ကြွကြွနဲ့ ဆူညံနေသလောက် အပြန်လမ်းမှာတော့ မောပန်းကာအေးနေကြပြီဖြစ်သဖြင့် တိတ်ဆိတ်နေကြသည်။ မနက်ဖြန်ဆို ကျောင်းတက်ရတော့မည်။ ကျောင်းပိတ်ရက် ဆယ့်နှစ်ရက်က ခဏလေးလိုပါပဲလား။ ထိုအချိန်ခဏလေးအတွင်းမှာပင် သူ့ဘဝကလေးပြောင်းလဲသွားခဲ့တာကို သူကိုယ်တိုင်သတိမထားမိခဲ့ပါ။

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now