လိပ်ပြာ ( ၅ )

1.1K 28 0
                                    

လိပ်ပြာ ( ၅ )

ညသည် လေပြေညှင်းတို့ဖြင့် အေးမြနေသည်။ ကောင်းကင်တွင် ကြယ်စုံလျှက်ရှိပြီး ရောင်စုံမီးလုံးလေးတွေနဲ့ အပြိုင်အဆိုင် လှနေသည်။ လေပြေညှင်းတွေက နှင်းဆီပန်းရနံ့မွှေးမွှေးကို သယ်ဆောင်လာပေးသည်။ အလင်းက အနက်ရောင်တီရှပ် လက်ရှည်လည်ဝိုင်းနှင့် ယောပုဆိုးအနက်ဝတ်ထားသည်။ သူကတော့ အိမ်နေရင်းပုံစံ adidas အပြာရောင် ဘောင်းဘီ ကွာတားနှင့် အဖြူရောင် တီရှပ်လက်တို လည်ဝိုင်း ဝတ်ထားသည်။ ညနေက သူအိပ်ယာနိုးတာနောက်ကျသဖြင့် ညစာစားပြီးမှ ခေါင်မိုးထပ်ကို တက်လာကြခြင်းဖြစ်သည်။
သူတို့အိမ်ခေါင်မိုးနေရာမှာ ဆလပ်လောင်းပြီး ပန်းခြံလုပ်ထားတာ နှစ်နှစ်လောက်ပဲရှိသေးသည်။ မေမေကြီးက သူ့စိတ်တိုင်းကျ နားနေဆောင် penthouse လေးဆောက်ပြီး ဒန်းပါချထားသည်။ နားနေဆောင် penthouse ထဲမှာ ဆိုဖာဆက်တီ တစ်စုံနဲ့ စားပွဲ ချထားသည်။ money plant အရွက်စိမ်းစိမ်းလေးတွေကို တွဲရရွဲကျအောင် အိုးထဲထည့်စိုက်ပြီး ထိုအိုးလေးတွေကို နားနေဆောင်မှာ စီရရီချိတ်ထားသည်။ အရောင်အသွေးစုံလင်သော သစ်ခွပန်းအိုးလေးတွေကိုလည်းချိတ်ထားသည်။ ခြင်ဖမ်းမီးသီးများလည်းချိတ်ထားသည်။ ရောင်စုံနှင်းဆီပန်းပင်များကိုလည်းအိုးတွေနဲ့ စနစ်တကျစိုက်ထားသည်။ ရွက်လှ သနပ်ခါးပန်းနှင့် သပြေအနုအိုးလေးများလည်းရှိသည်။ ဦးသောင်းထိုက်က မေမေကြီးဥယာဉ်အသေးလေးကို ရောင်စုံမီးသီးလေးများချိတ်ကာ အလှဆင်ပေးထားသည်။ အလင်းက စီးကရက်တစ်လိပ်ကို ဖွာရှိုက်လိုက်ရင်း "ဒီအပင်တွေကို ဘယ်သူရေလောင်းတာလဲ"ဟု မေးသည်။
"မေမေကြီးပဲရေလောင်းပေးတာ နေ့တိုင်းပဲ မနက်ဘုရားရှိခိုး breakfast စားပြီးရင် ရေလောင်းပြီ အပေါ်ရောအောက်ရော"
အောက်ဆိုတာ အိမ်ရှေ့ခြံထဲရှိ မြက်ခင်းစိမ်းရယ် အပင်တွေရယ်ကို ဆိုလိုခြင်းဖြစ်သည်။
သူနဲ့ အလင်းသည် ကဗျာဆန်ဆန်လှနေသော ညရဲ့ကောင်းကင်အောက် နားနေဆောင် penthouse ထဲကနှစ်ယောက်ထိုင်ဆိုဖာကို အပြင်ထုတ်ပြီးဘေးချင်းကပ်ထိုင်နေကြခြင်းဖြစ်သည်။ သူက One Direction ရဲ့ What makes you beautiful သီချင်းကို ဖုန်းနဲ့ဖွင့်ပြီး စားပွဲပေါ်ချထားသည်။ ဟိုဝေးဝေးဆီမှ ကားသံဆူညံညံကို ကြားနေရသည်။ အလင်း မှုတ်ထုတ်လိုက်သော စီးကရက်အငွေ့တွေက ပုံသဏ္ဌန်မျိုးစုံဖြင့် သူ့ဆီလာနေကြသည်။ သူ စီးကရက်အငွေ့တချို့ကို ရှူလိုက်မိပြီး နည်းနည်းမွှန်သွားသည်။
"မင်း ဆေးလိပ်သောက်တာ မေမေကြီးသိလား"
"မသိဘူး"
"မေမေကြီးက ဆေးလိပ်သောက်တာမကြိုက်ဘူး မင်းသောက်ချင်ရင် သူမသိအောင်သောက်ပေါ့ကွာ"
"အေးပါကွ ငါကဆေးလိပ်ကို တစ်ခါတလေ စိတ်ကူးပေါက်မှ သောက်တာပါ"
"ဘယ်လိုပဲသောက်သောက်လေ မေမေကြီးမသိစေနဲ့ ပြီးတော့ မင်းအခန်းထဲမှာလည်းမသောက်နဲ့ အနံ့နံရင်သိသွားမှာ"
"အေးပါ ဆေးလိပ်ဖင်ဆီခံအတိုတောင် အခန်းထဲကအမှိုက်ပုံးမှာ မပြစ်ဘူး"
"အေး အဲ့တာကောင်းတယ် ဒေါ်လေးမိချိုသိသွားရင် မေမေကြီးကို ပြောလိမ့်မယ် ဒေါ်လေးမိချိုက အမှိုက်သိမ်းပေးတာဆိုတော့လေ"
"အေးပါ ညဏ်သာရာ "
ညလေအေးနဲ့အတူ နှင်းဆီရနံ့နှင့် စီးကရက်ရနံ့ကရောပါနေကြသည်။ သူတို့နှစ်ယောက် အဆုံးမရှိသောကောင်းကင်ကြီးကို မော့ကြည့်နေကြသည်။
"မင်းကဘယ်အဆိုတော်ကြိုက်တာလဲ"ဟု အလင်းကိုမေးလိုက်သည်။
"ဝေလ ရဲ့သီချင်းတွေကိုကြိုက်တယ် အကြိုက်ဆုံးသီချင်းက မိတ်ကပ်မကြိုက်သောသီချင်းများ မင်းရောဘယ်သူ့ကိုကြိုက်လဲ"
" ငါကတော့ အကုန်နားထောင်တာပဲ အကြိုက်ဆုံးရယ်လို့တော့မရှိဘူး Big Bag ရဲ့သီချင်းတွေနားထောင်သလို နီနီရဲ့ သီချင်းတွေလည်းနားထောင်တယ် ပြည်ပကဆိုရင်လည်း JB ရဲ့သီချင်းတွေနားထောက်သလို Taylor Swift ရဲ့သီချင်းတွေလည်းနားထောင်တာပဲ"
"ငါက ဖုန်းမရှိတော့ ပြည်ပကအဆိုတော်တွေတော့ မသိတာများတယ်"
"ဖေဖေ ဖုန်းဝယ်လာပေးရင် နားထာင်လေ အခုလောလောဆယ် ငါ့မှာ mp4 ရှိတယ် မင်းနားချင်တဲ့သီချင်းတွေ laptop ထဲကကူးလိုက်ပေါ့"
"ရပါတယ်ကွာ အမေ့ဖုန်းအကွဲလေးက နားထောင်လို့တော့ရပါသေးတယ်"
ဒေါ်လေးမိချိုက နွားနို့နဲ့ ကိတ်ယူလာပေးသည်။ အလင်းက စီးကရက်အတိုကို လွှင့်ပစ်ပြီးပြီမို့ ဆေးလိပ်သောက်တာ ဒေါ်လေးမမြင်လိုက်ပါ။ သူတို့နှစ်ယောက် နားနေဆောင် penthouse ထဲက စားပွဲထုတ်ပြီး ဆိုဖာရှေ့ချလိုက်သည်။ နွားနို့ကို သူ ညစာစားပြီးတိုင်း သောက်နေကျ။ ကိတ်ကိုတော့ ညစာစားပြီးရင်သိပ်မစားဖြစ်။
ဒေါ်လေးမိချို ပြန်ဆင်းသွားတော့ "ဒီလိုမျိုး ကြယ်တွေနဲ့ ကောင်းကင်အောက်ထိုင်ပြီး နွားနို့သောက်ရတော့ နူးနူးနဲ့ ကလောကိုသတိရလိုက်တာ"
"ဟုတ်လား မင်းလည်းနွားနို့ကြိုက်တာလား"
"အင်း ကြိုက်တာပေါ့ နို့စားနွားတွေအိမ်မှာမွေးထားပြီး နွားနို့ကိုနူးနူးကိုယ်တိုင်ညှစ်ပေးတာ"
"ဟင် ဟုတ်လား စိတ်ဝင်စားစရာပဲ မင်းတို့ကလောကအကြောင်းတွေ ပြောဦးလေ ငါသိထားရတာပေါ့"
ရောင်စုံမီးသီးကလေးများ၏ အလင်းရောင်အောက်တွင် အလင်း၏မျက်ဝန်းများသည် အတိတ်ဆီလွမ်းဆွတ်လျှက် ရီဝေဝေဖြစ်နေသည်။
"ငါတို့က ကလောအစွန်အဖျားက အာလူးစိုက်ခင်းတွေမှာနေတာ မေမေကြီးအလုပ်သမားတွေက ရွာတွေမှာနေကြပေမယ့် ငါတို့ကစိုက်ခင်းမှာပဲအိမ်ဆောက်ပြီးသပ်သပ်နေတာ ငါတို့အိမ်မှာနွားဆယ့်နှစ်ကောင်မွေးထားတယ် ရှစ်ကောင်ကခိုင်းနွား လေးကောင်ကနို့စားနွား။ ခိုင်းနွားက မြေထွန်ဖို့လေ နို့စားနွားကတော့ ငါ့အတွက်နူးနူးမွေးထားတာ"
"ဟုတ်လား နွားနို့ကြောင့်မင်းအရပ်ရှည်တာဖြစ်မယ်"
"ငါတို့ကလော ညဘက်ကောင်းကင်ကကြယ်တွေက ဒီရန်ကုန်ကောင်းကင်ကကြယ်တွေထက် အများကြီးပိုများတယ် တစ်ခါတစ်လေ ကောင်းကင်အပြည့်ပဲ"
အလင်းက ညရဲ့ကောင်ကင်ကိုငေးနေသည်။
"ငါ့ခြောက်လသားအရွယ်ကစပြီး နူးနူးနို့မတိုက်တဲ့အချိန်တွေ ငါအတွက်နွားနို့ကိုဗူးထဲထည့်ထားပေးတာ။ ငါနူးနူးနိ့လည်းသောက် နွားနို့လည်းသောက် ။ နူးနူးကငါ့ကို အဖေမရှိတဲ့ ဖတဆိုးသားလေးဆိုပြီးအရမ်းချစ်တာကွ ချစ်လွန်းလို့ သူ့ဘဝရဲ့ အလင်းရောင်လေးဆိုပြီး ငါ့နာမည်ကိုတောင် အလင်းရောင်လို့မှည့်ပေးထားတာ"
ဆောင်းလေပြေသည် အဆက်မပြတ်တိုက်ခတ်လျှက်ရှိပြီး သူတို့နှစ်ဦး၏ဆံနွယ်တွေကို ဆော့ကစားနေသည်။ အလင်း၏စကားသံတို့သည်လည်း လေပြေတွေကြားထဲ ကြေကွဲဖွယ် တိုးတိတိတိတ်လွင့်ပျံလျှက်ရှိသည်။
"ငါငယ်ငယ်ကဆို ကြယ်စုံတဲ့ညတွေ လသာတဲ့ညတွေမှာ နွားတင်းကုတ်ရှေ့က ခုံတန်းလေးမှာထိုင်ပြီးနူးနူးကပုံပြောလို့ပေါ့ ငါကျောင်းတက်တော့လည်း ကျောင်းကောင်းကောင်းတက်နိုင်အာင် ကျောင်းမှာ မျက်နှာမငယ်ရအောင် နူးနူးက အလုပ်ကြိုးစားတယ် နေပူမရှောင် မိုးရွာမရှောင်လုပ်တယ်ကွ ငါ့ရှေ့ရေးအတွက်ဆိုပြီး ပိုက်ဆံကိုကြိုးစားစုတယ် နူးနူးက ညဘက်တွေမှာ ငါနဲ့ပိုပြီးနီးနီးကပ်ကပ်နေပေးတယ် ငါလိုချင်တာမှန်သမျှ ဝယ်ပေးတယ်ကွာ ငါကလည်း နူးနူးပင်ပန်းမှာစိုးလို့ ဘာမှမပူဆာခဲ့ဘူး သူဆုံးသွားတာကလည်း ပင်ပန်းတဲ့ဒဏ်တွေကြောင့်ပဲထင်ပါတယ်ကွာ"
အလင်းရဲ့မျက်ဝန်းမှာ မျက်ရည်ဥတွေတွဲခိုနေသည်။ ရှိုက်သံ တစ်ချက်နဲ့အတူ မျက်ရည်တစ်စက် ပါးပေါ်လိမ့်ဆင်းလာသည်။
"နူးနူးက ငါ့ကိုဆရာဝန်သိပ်ဖြစ်စေချင်တာကွ ငါဆရာဝန်ဖြစ်ပြီးဆေးပညာနဲ့ တိုင်းပြည်ကိုအကျိုးပြုစေချင်တယ် လူ့ပတ်ဝန်းကျင်မှာ မျက်နှာမငယ်ရပဲ လူရာဝင်စေချင်တယ်။ နူးနူးက မိဘဆွေမျိုးနဲ့ လူ့ပတ်ဝန်းကျင်မှာ အမြဲမျက်နှာငယ်ခဲ့ရလို့ သူ့လိုမဖြစ်စေချင်ဘူးတဲ့ သူနေမကောင်းဖြစ်တာတောင် ငါသိရင်စိတ်မကောင်းဖြစ်မှာစိုးလို့ ဆေးကိုခိုးသောက်ခဲ့တာကွာ ပြီးခဲ့တဲ့လ ဆေးရုံတက်တော့လည်း ငါ့ကိုအသိမပေးဘူး ငါကဘော်ဒါမှာ"
ရှိုက်သံတို့ပိုကျယ်လာသည်။ ကောင်းကင်သည် ရုတ်ချည်းပြိုကျလာသလိုခံစားရသည်။ သူ ကလောကအကြောင်းတွေပြောခိုင်းမိတာ မှားသွာပြီဖြစ်ကြောင်းသူ သိလိုက်ရပြီ။ ဝမ်းနည်းသောခံစားချက်တို့က သူ့ရင်ကိုပါကူးလာချေပြီ။ ထိုအချိန်တွင် အလင်းသည် သူ့ရင်ခွင်တွင်ရောက်ရှိနေပြီး သူကအလင်းကို လက်နှစ်ဖက်ဖြင့်ပြန်လည်ဖက်တွယ်ဖက်ထားရင်း နှစ်သိမ့်နေမိသည်။ ထိုညက အလင်းသည် သူ့အခန်းဆီလိုက်အိပ်ပြီး သူ့ရင်ခွင်ထဲတွင် ကလေးတစ်ယောက်လို ငိုရှိုက်နေခဲ့သည်။
မနက် သူအိပ်ယာကနိုးသောအခါ အလင်းကအခန်းထဲမှာမရှိတော့ပါ။ toilet room ထဲဝင်တော့လည်းမတွေ့ ။ အပေါ်ထပ် သူ့အခန်းမှာလား ဒါမှမဟုတ် အောက်ဆင်းသွားပြီလား ။ သေချာတာကတော့ အောက်ဆင်းသွားတာဖြစ်နိုင်သည်။ သူ မျက်နှာသစ် သွားတိုက်ပြီး အလင်း သူ့အခန်းမှာရှိလိုရှိငြား အပေါ်တက်ပြီးသွားရှာလိုက်သေးသည်။ တံခါးခေါက်ပြီး ခေါ်ပေမယ့်ပြန်ထူးသံမကြားရ။ အခန်းတံခါးဖွင့်ပြီး ဝင်လိုက်သည် ။ အခန်းထဲမှာမရှိ။ toilet room ထဲမှာလည်းမရှိ ။ သူထင်သလိုအောက်ဆင်းသွားနှင့်လေပြီ။
          အလင်းသည် မနေ့က ဝယ်လာခဲ့သော ပစ္စည်းတွေကို အခန်းထဲမှာ နေရာတကျ သပ်သပ်ရပ်ရပ်ထားထားသည်။ အဝတ်ဘီရိုကို ဖွင့်ကြည့်တော့လည်း အဝတ်အစားတွေကို သူနေရာနှင့်သူ သပ်သပ်ရပ်ရပ် စီစီရီရီ။ ကုတင်ကတော့ အိပ်ထားသလို ပွနေသည်။ ညက သူ့အခန်းမှာ အိပ်ခဲ့တာပဲ အိပ်ယာကဘာလို့ပွနေတာလဲ။ အခန်းက အဲယားကွန်း on ထားပြီး ခေါင်းရင်း ကုတင်စားပွဲဘေး မှန်ပြတင်းပေါက်က ပွင့်နေသည်။ နေရောင်ခြည်က ပြတင်းဝမှတဆင့် အခန်းထဲကျနေသည်။ ကလောသား အအေးကြိုက်သောကြောင့် အဲယာကွန်း on ထားတာဖြစ်နိုင်သည်။ သူပြတင်းပေါက်မှန်တံခါးကို သွားပိတ်ပေးလိုက်သည်။ မပိတ်လျှင် အဲယားကွန်း ရေယိုလိမ့်မည်။
          ပြတင်းတံခါးဝက အပြင်ကိုခဏငေးရာ အိမ်ရှေ့မြက်ခင်းစိမ်းဥယာဉ်မှာ အလင်းက ရေပိုက်ကိုကိုင်ထားပြီးပန်းပင်တွေကိုရေလောင်းနေသည်။ မေမေကြီးက ပန်းအိုးတစ်အိုးထဲက မြက်ပင်ပေါင်းပင်တွေထိုင်နှုတ်နေသည်။ မေမေကြီးပန်းပင်ရေလောင်းသောအလုပ်ကို အလင်းက ကူလုပ်ပေးနေတာဖြစ်သည်။ အလင်း၏ ကူညီလုပ်ပေးတတ်တဲ့စိတ်ကလေးကို သူသဘောကျမိသည်။ ခြံထောင့်က သရက်ပင်အကြီးကြီးတွင် ရွှေဝါရောင်တောက်နေသော နေရောင်ခြည်အလင်းတန်းများက သစ်ကိုင်းသစ်ခက်သစ်ရွက်များကြားမှ ဖြာကျနေသည်။ အလင်းရေလောင်းထားသော မြက်ခင်းစိမ်းနှင့် ပန်းပင်တို့ဆီမှာ နေရောင်ခြည်ကြောင့် ပြိုးပြိုးပြက်ပြက်လင်းလက်နေကြသည်။ မနက်ခင်းမြင်ကွင်းလေးက ပန်းချီကားတစ်ခုလို လူကိုကြည်နူးလန်းဆန်းစေပါသည်။ ဒီကောင် မေမေကြီးဆီက အမှတ်တွေယူနေတာနေမှာဟု တွေးရင်း မှန်တံခါးကိုပိတ်ကာ ခန်းဆီးလိုက်ကာပါဆွဲပိတ်လိုက်သည်။
အခန်းအပြင်ပြန်ထွက်ဖို့ပြင်တော့ ကုတင်ပေါ်မှာ အဖြူရောင် Tummy တံဆိပ် boxer briefs အတွင်းခံဘောင်းဘီကိုသူတွေ့လိုက်ရသည်။ ဒီဘောင်းဘီက မနေ့က shopping ထွက်ခါနီးအလင်းကို သူပေးဝတ်ခဲ့တာဟာ။ သူ အတွင်းခံဘောင်းဘီကို ကောက်ယူလိုက်သည်။ မနေ့က အလင်းတစ်နေကုန်ဝတ်ထားတာ။ ဘောင်ဘီလေးက အဖြူရောင်လေးမို့ အကွက်တစ်ချို့ဘောင်းဘီမှာပေနေတာ ထင်းခနဲတွေ့ရသည်။ သုတ်ရည်ကွက်တွေလား။ သူသည် သူ့ဘာသာမသိလိုက်ခင်မှာပင် မထင်မှတ်ပဲ ဘောင်းဘီရဲ့အတွင်းပိုင်း အလင်းရဲ့ညီလေးနဲ့ထိတဲ့နေရာကို နှာခေါင်းနဲ့ထိကာ နမ်းနေမိသည်။ ယောက်ျားလေးကိုယ်နံ့ အနည်းငယ်ရပါသည်။ ရင်ထဲမှာ စိတ်လှုပ်ရှားသလို ကတုန်ကရင်ကြီးဖြစ်လာသည်။ အလင်းရဲ့ ယောက်ျားပီသတဲ့ ရုပ်ချောချောလေးကိုမြင်ယောင်မိပြီး အတွင်းခံကိုနမ်းလိုက်သောအခါ သူ့အောက်ကညီလေးလှုပ်ရှားလာပါသည်။ သူ ဘောင်းဘီကို ကုတင်ပေါ်ပြန်တင်ပြီး အခန်းထဲကပြန်ထွက်လာခဲ့သည်။ အောက်ထပ်ကသူ့အခန်းထဲဝင်ပြီး တံခါးလော့ချလိုက်သည်။ ဘောင်းဘီကိုချွတ်ပြီး ကုတင်ပေါ်တက်လိုက်သည်။ သူ၏ညီလေးကို လက်ဖြင့်ရှေ့တိုးနောက်ဆုတ်ဆော့ကစားနေမိသည်။ နုတ်ခမ်းက ခပ်တိုးတိုးညည်းတွားရင်း လက်ကိုခပ်ကြမ်းကြမ်းလှုပ်ရှားနေချိန်မှာပင် ဖုန်းကအသံမည်လာပါတော့သည်။

ကျွန်တော်၏လိပ်ပြာWhere stories live. Discover now