1 (uni zawgyi)

7.5K 297 7
                                    


အပိုင်း(၁)....💞 (Unicode)

ညအချိန်လမ်းမကြီးဘေးမှာ ၆ နှစ်အရွယ်ကောင်လေးတစ်ယောက် ငုံ့တုပ်လေးထိုင်ကာငိုနေ၏..

လမ်းသွားလမ်းလာ မည်သူမျှမရှိတော့သည့်အချိန်ဖြစ်ကာ လမ်းမီးတိုင်၏ ဝါဖန့်ဖန့်အလင်းရောင်အောက် တစ်ယောက်ထဲအထီးကျန်နေသည်..

ကောင်လေးငိုနေစဉ် လူတစ်စုလမ်းလျှောက်လာသည်နှင့်တိုးလေ၏..

ထိုလူများက ၃ယောက်အဖွဲ့ မူးယိုင်နေကာ ဆေးသမားများပုံစံ...

ထိုလူ၃ယောက်က လမ်းဘေးမှာထိုင်ငိုနေတဲ့ကလေးလေးအားတွေ့သွားကာ ခြေလှမ်းများရပ်တန့်သွားလေသည်...

" ဟျောင့်တွေ..ဟိုမှာကလေးတစ်ယောက်ကွ "

" အေးကွ သူ့ size ဆိုရင် စျေးကောင်းကောင်းရနိုင်တယ် ငါတို့ဆေးဖိုးရတာပေါ့ "

သူတို့ပြောသည့် ဆေးသည် မူးယစ်ဆေးပင်..

ထိုလူ၃ယောက်က အကြံဥာဏ်ဖြင့်ထိုကောင်လေးအနား ချဉ်းကပ်သွားကြ၏...

" အီးဟီးဟီ..အဟင့်..အီးဟီး..."

" ဟေ့ ကောင်လေး..

မင်းဘာလို့ငိုနေတာလဲ "

" သားလမ်းမှားလာလို့ပါ..

ဘယ်သွားရမလဲမသိတော့လို့ "

ထိုကောင်လေး၏စကားကိုကြားလိုက်ရတော့ လူ၃ယောက်က အချင်းချင်းကြည့်ပြီးခပ်မဲ့မဲ့ပြုံးနေကြသည်..

" ဦးတို့လိုက်ပို့ပေးမယ်လေ "

" ဦးလေးတို့ကဘယ်သူတွေလဲ လူကောင်းတွေဟုတ်ရဲ့လား.."

အမေ့ရဲ့သွန်သင်မှုအရ လူတိုင်းကိုမယုံဖို့ ဒီကောင်လေးခေါင်းထဲမှာစွဲမြဲနေပါသည်..

ယိုင်တိယိုင်တိုင်ဖြစ်နေတဲ့လူတွေကို ကောင်လေးမျက်လုံးထဲမှာ ယုံကြည်သောအရိပ်အယောင် တစိုးတစိမရှိပါ...

" ဟေ့ ကောင်လေး..

ငါတို့ကမင်းကိုရောင်းစားမယ်လို့ထင်နေတာလား..

တကယ်ကူညီမှာပါ "

ထိုလူပြောလိုက်သောစကားတွင် အဖြေကပါနေသလိုကြီး..

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now