19,20 (Uni Zawgyi)

2.3K 164 0
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၁၉)..💕

ရှောင်ကျန့် စဉ်းစားမိသည်။

ရိပေါ်သည် တစ်ချိန်လုံးနီးပါး သူ့အနားတွင်ရှိနေခဲ့သည်။

သူဘာပဲဖြစ်ဖြစ် သေးသေးလေးမှအစ ဂရုစိုက်ပေးတတ်သည်။

စိတ်ဆိုးတတ်လွန်းသောသူ့အား အပြစ်နည်းနည်းမှမယူပဲ စိတ်ရှည်လက်ရှည်ရှင်းပြပေးတတ်သည်။

သူ့မိသားစုနှင့်ပက်သတ်နေသည့် ကျောင်း၏ရှုပ်ထွေးနေသောပြဿနာကိုလည်း မဆိုင်သလိုမနေခဲ့။

သူ့အား စိတ်ညစ်စရာများကိုမတွေးစေပဲ ပျော်ရွှင်အောင်သာထားခဲ့သည်။

သူ၏အားနည်းသောနှလုံးအိမ်သည်လည်း ရိပေါ်ပြုစုပေးမှုကြောင့် သက်သာလာခဲ့ခြင်းဖြစ်သည်။

သူနှင့်ပက်သတ်၍ရိပေါ်သည် တစ်ကျောင်းလုံးမှအထင်လွဲခြင်းခံခဲ့ရ​ေသာ်ငြား သူ့ဘေးနားကနေရှောင်ဖယ်ခြင်းမပြုခဲ့။

အသေးငယ်ဆုံးသော ကိစ္စလေးများဖြစ်သည့် ထမင်းစား၊ရေသောက်တာကအစ သူ့အားလိုက်လံ ဆရာလုပ်ကာ ဂရုစိုက်ပေးခဲ့သည်မှာလည်း သူငယ်ချင်းများကမျက်စိနောက်ရသည်အထိ။

ဘယ်အချိန်ပဲဖြစ်ဖြစ် ရိပေါ်သည် ကိုယ့်အတွက်ဆိုတာထက် သူ့အတွက်သာကြည့်ပေးခဲ့၍ သူ့ကိုလည်းစိတ်မငြိုငြင်စေခဲ့။

သူ့ဘဝရဲ့တန်ဖိုးအထားရဆုံးသော ဆွဲကြိုးလေးကိုလည်း ရိပေါ်ကြောင့်ပြန်လည်ပိုင်ဆိုင်ခဲ့ရသည်မဟုတ်ပါလား။

သူ့အတိတ်က ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ရခဲ့သော နှလုံးအားနည်းမှုရောဂါသည် ရိပေါ်ဂရုစိုက်ပေးမှုကြောင့် ပျောက်ကင်းခဲ့ရသည်မဟုတ်ပါလား။

သူ မချစ်တဲ့သူကိုလက်မထပ်ချင်လို့ ရူးရူးမိုက်မိုက်နဲ့အမေဖြစ်သူကိုဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုရောဂါပိ သေအောင် ပစ်စလတ်ခက်နေခဲ့စဉ်က ရိပေါ်မှသူ့ဘက်ကပဲရှိနေပေးခဲ့သည်မဟုတ်ပါလား။

တစ်ကျောင်းလုံးအထင်လွဲခဲ့စဉ်က အထင်သေးသောအကြည့်များကြား မျက်နှာတစ်ချက်ပျက်မသွားပဲ ပြုံးပြုံးလေးပဲဟန်ဆောင်နေခဲ့သည်မဟုတ်ပါလား။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now