21📌,22 (Uni Zawgyi)

2.4K 159 2
                                    

Unicode
📌 little warning📌

❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၂၁)..💕

တလွဲစုံတွဲသည် ရုံးခန်းမှပြန်လာကြပြီးနောက်တွင်တော့ ဆုံးဖြတ်ထားသည့်အတိုင်း ဦးလေးဒေါက်တာစီပြန်လာပြီး စိတ်ဆိုးဒေါသထွက်ကြတော့သည်။

" ဦးလေးရာ..ကံကောင်းလို့ ကျွန်တော်တို့ကိစ္စပေါ်တော့မလို့..ဦးလေးတမင်လုပ်တာလား "

" ဟုတ်တယ် ဦးလေးဒေါက်တာ..

ကျွန်တော်တို့ကတော့ ဘာမသိညာမသိနဲ့ တောင်းပန်နေကြတာ နောက်ဆုံးတော့ ဌာနဟောင်းကိစ္စကို ပြောဖို့ခေါ်လိုက်တာဖြစ်နေရော..

ကံလေးကောင်းလို့ ယောက္ခထီးရိုက်သက်တာမခံရတယ်..

ဦးလေးဒေါက်တာ ဘယ်လိုများလုပ်ရက်တာလဲဗျာ "

ဦးလေးဒေါက်တာလည်း သူ့တူတွေကိုကြည့်ရင်းကြောင်အသွားကာ ပြန်မေးလိုက်သည်။

" မင်းတို့ကတကယ်တွဲနေကြပြီပေါ့ "

ထိုအခါမှ ရှောင်ကျန့်တို့ကိစ္စမှာ ဒယ်ဒီရှေ့မပေါ်တော့ပဲ ဦးလေးရှေ့လာပေါ်တော့သည်။

ကျန်းချန်တို့သုံးယောက်ကလည်း ဘယ်သူမှမပြောနဲ့ဆိုလို့ ဦးလေးဒေါက်တာကိုတောင် မပြောပြထားပေ။

ငြိမ်ငြိမ်လေးအအေးသောက်နေကြ၏။ ဘာမှမသိသောပုံစံအတိုင်း ကိုယ်ဝယ်ကျွေးထားတာတွေကို ထိုင်စားနေကြပါသည်။

ရှောင်ကျန့်နဲ့ရိပေါ် ဝန်ခံကြရန်သာရှိသေး ဦးလေးဖြစ်သူက အားရပါးရဝမ်းပန်းတသာပြောလိုက်သည်။

" ငါကမင်းတို့ကို အစကတည်းကသဘောတူတာပါကွာ..

မင်းတို့ကတကယ်မဟုတ်ဘူးလည်းကြားရော ငါတောင်စိတ်မကောင်းဖြစ်သွားတာ..

အခုဟုတ်လည်းဟုတ်သွားရော ငါကပျော်ပေးရမှာပေါ့..

အဟား...ငါတူတို့တစ်သက်လုံး ချစ်ခင်ကြင်နာသစ္စာမေတ္တာကြီးစွာနဲ့ အချစ်တွေဗလပွပေါများနိုင်ကြပါစေ "

သူ၏ဆုကို သူ့တူနှစ်ယောက်တော့မသိ နောက်ကကျန်းချန်တို့သုံးယောက်ကတော့ အသံတိတ်ခိုးခိုးခစ်ခစ်ရယ်နေကြလေသည်။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now