11(Uni Zawgyi)

1.8K 179 1
                                    

Unicode
❤ ကျွန်တော့်ရဲ့ကောင်လေး 💚

အပိုင်း(၁၁)..💕

နေ့လည်စာဝယ်ပြီးပြန်လာရှောင်ကျန့်မှာ လက်ထဲအထုတ်တွေအပြည့်၊

လမ်းလျှောက်နေတုန်း မမြင်ချင်ဆုံးမျက်နှာကို တွေ့ရမည်ဟု သူမထင်ထားမိပါ။

ယီမင်သည် ရှောင်ကျန့်ကိုလည်းတွေ့ရော ပြာပြာယာယာနဲ့ပြေးလာကာ မရှိတဲ့စကားကိုလိုက်ပြောတော့သည်။

" ရှောင်ကျန့်..ငါကူသယ်ပေးရမလား "

" မလိုဘူး "

ယီမင်သည် ရှောင်ကျန့်ရှေ့ ပိတ်ရပ်လိုက်ပြီး ပြုံးပြုံးပြုံးပြုံးဖြင့် ဆိုသည်။

သူ့အရပ်ကိုမှအားမနာ ခေါင်းညောင်းအောင်မော့ကြည့်နေ၍ပင်။

" ဦးလေးပြန်ရောက်လာပြီဆို ငါသွားနှုတ်ဆက်မလို့ "

" ရုံးခန်းကဟိုဘက်မှာ ဒီဘက်မှာမဟုတ်ဘူး "

" ငါသိပါတယ် နင်ကလည်း.."

" ပြောစရာမရှိရင်ဖယ်..ငါဗိုက်ဆာနေပြီ "

" နင့်လက်ထဲကအထုတ်တွေက နင်တစ်ယောက်တည်းစားမလို့လား "

" ဘယ်သူပြောလဲ..

ရိပေါ်အတွက်ရော ဝယ်လာတာ "

" နင်ကသူ့ကိုအရမ်းဂရုစိုက်တာပဲနော် ငါတောင်မနာလိုဘူး "

ရှောင်ကျန့်သည် သူမအားဆက်မပြောချင်တော့တာနဲ့ ဘေးဘက်ကနေလျှောက်သွားရန်ပြင်လိုက်သည်။

" နေပါအုံး "

ဗြန်း..

ယီမင်ကိုင်ထားသော ကော်ဖီခွက်သည် ရှောင်ကျန့် အင်္ကျီပေါ်သို့မှောက်ကုန်တော့သည်။

" ဟယ်...ငါ..တောင်းပန်..ပါ...တယ် "

သူမလည်း အလန့်တကြားတောင်းပန်တော့သည်။

သို့သော် နဂိုကတည်းက ဒေါသကြီးသောရှောင်ကျန့်သည် ကော်ဖီပူတို့ကြောင့် သူမအားပိုပြီးစိတ်တိုသွားကာ စူးရဲစွာကြည့်၍တောက်တစ်ချက်ခေါက်ကာ ထွက်သွားတော့သည်။

ယီမင် ဘယ်လောက်တောင်းပန်တောင်းပန် နောက်ကိုလှည့်မကြည့်တော့ပါ။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now