17 (Uni Zawgyi)

1.7K 160 0
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၁၇)..💕

ရိပေါ်တစ်ယောက် သူ့ကျောပေါ် ရှောင်ကျန့်ကိုတင်ရင်း အဆောင်ထိပြန်ခေါ်လာခဲ့သည်။

လှေကားနားရောက်တော့ ကျောပေါ်ကလူကအတင်းဆင်းချင်တာမို့ ခွင့်ပြုလိုက်ရပြီး ကူတွဲပေးရင်းအပေါ်ထက်သို့တက်လာကြ၏။

သူ့ကိုသယ်ပိုးရင်း လှေကားထစ်တွေကိုတက်လျှင် ရိပေါ်အတွက်ခက်ခဲမည်ကို ရှောင်ကျန့်သိသောကြောင့်ပင်။

သူတို့အခန်းစီပြန်ရောက်တော့မှ ရှောင်ကျန့် ကောင်းကောင်းအနားရတော့သည်။

ခုတင်ပေါ်လှဲချလိုက်သည်နှင့် နာနေသောဒဏ်ရာကတစ်ဝက်လောက်ပေါ့သွားသလိုပင်။

ရှောင်ကျန့် ခံစားနေရသည်မှာ ဒဏ်ရာ၏နာကျင်မှုမဟုတ် မနက်ဖြန်အတွက် သူ မကနိုင်ပါက အစားထိုးထည့်လိုက်ကြမှဖြင့် ရိပေါ်အတွက်စိုးရိမ်မိပါသည်။

ရိပေါ်ကတော့ လှုပ်လှုပ်လှုပ်လှုပ်နဲ့ အခန်းထဲဘာတွေရှာနေမှန်းမသိအောင် ပြာယာခတ်နေသည်။

ရိပေါ်သည် အဝတ်သန့်သန့်တစ်ခုကိုရှာနေရင်း သူ့ရဲ့ လက်ကိုင်ပုဝါအဖြူလေးကို ယူလိုက်သည်။

ထို့နောက် ရေသန့်အနည်းငယ်ကို ဖန်ဇလုံလေးထဲထည့်လိုက်၍ ရေတုံးတို့ကိုပစ်ထည့်လိုက်သည်။

ထိုဇလုံးအားယူလာလာကာ လက်ကိုင်ပါဝါလေးပါယူလာ၍ ရှောင်ကျန့်ဘေးသို့ ဝင်ထိုင်ချလိုက်သည်။

" အင်္ကျီချွတ် "

" ရတယ်..ငါ့ပါ့သာလုပ်မယ် "

" ရှောင်ကျန့်..မင်းအဲ့လိုခေါင်းမမာနဲ့ ငါမကြိုက်ဘူး "

" မင်းကိုဒုက္ခမပေးချင်လို့ပြောတာ "

" အဲ့ဒုက္ခကိုငါကခံချင်နေတာ အဲ့တော့မင်းငြိမ်ငြိမ်သာနေလိုက် "

ရှောင်ကျန့်ရင်ထဲတော့ အနည်းငယ်စိတ်သက်သာရာရသွားကာ ဝမ်းသာသွားမိသည်။

သူဝမ်းသာနေတုန်းပဲ ရိပေါ်လက်ကသူ့အင်္ကျီကြယ်သီးတွေပေါ် ရောက်နေပြီဖြစ်၏။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now