10 (Uni Zawgyi)

1.9K 166 3
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚
အပိုင်း(၁၀)💕

ကျောင်းအုပ်ကြီးကခေါ်တယ်ဆိုလို့ ရှောင်ကျန့်သွားတာ ကိစ္စမရှိပေမယ့် ရိပေါ်ကိုပါခေါ်တာမို့ သူတို့အတူသွားကြရင်း လူတွေရဲ့မျက်စိကသူတို့စီရောက်နေကြသည်။

ကျောင်းမှာ ဝမ်ရိပေါ်က ရှောင်ကျန့်ကို တစ်ဖက်သတ်ကြိုက်နေပါတယ်ဆိုတဲ့သတင်းက အခုထိမွှေးတုန်းလေ။
ထို့အပြင် ရှောင်ကျန့်ကလည်းရိပေါ်ကို ဂရုစိုက်လာတော့ အများအမြင် သူတို့က ဘာညာဘာညာဖြစ်နေလေရဲ့။

ထို့ကြောင့် သူတို့နှစ်ယောက်တည်းကို ကျောင်းအုပ်ကြီးကခေါ်တယ်ဆိုတော့ လူတွေအမြင်ဖြစ်နိုင်တာကတစ်ခုတည်းပဲ။
သူတို့ကိုခေါ်ဆူတာ ဖြစ်ရမယ် ပေါ့။

ထိုသို့တွေးသည့်အထဲတွင် စုန့်ရီ၊ ကျင်းရီ၊ ကျန်းချန်တို့လည်းပါနေရာ သူတို့တွေစိတ်ပူလျက်ရှိကြ၏။
သို့သော် ယီမင်မှာကောင်းကောင်းကြီးကိုနေသာ၍ပျော်နေသည်မှာ မည်သူကသိပါမည်နည်း။

ရှောင်ကျန့်နှင့်ရိပေါ်ကတော့ ကျောင်းအုပ်ခေါ်လို့သွားလိုက်တာအပြင် ဘာစိတ်မှရှိမနေခဲ့ပါ။
သူတို့က သူငယ်ချင်းတွေလေ။

သူတို့နှစ်ယောက် ရုံးခန်းကိုရောက်လာတော့ ရှောင်လူကြီးမင်းသည် သူ့သားအား အားရစွာဖက်တော့သည်။

" ငါ့သားကြီးက ပိုချောလာပါ့လား "

" ဒယ်ဒီနဲ့တူလို့ဖြစ်မယ် "

" ဟားဟား...ဟုတ်မယ်ဟုတ်မယ်.."

သူသည် သားဖြစ်သူနှင့်ပါလာသော ကောင်လေးအားကြည့်လိုက်ပြီးမှ ပြုံးကာရယ်ကာနှင့် ရိပေါ် ပုခုံးကိုလာပုတ်၏။

" မင်းကဝမ်ရိပေါ်လား "

" ဟုတ်ပါတယ် ကျောင်းအုပ်ကြီး "

" ကျောင်းအုပ်ကြီးလို့ခေါ်မနေပါနဲ့ ဦးလေးဆိုလည်းရပါတယ် သားရဲ့ "

သား လို့ ခေါ်ခံလိုက်ရသောကြောင့် ရိပေါ်ကြောင်အနေသည်။ ဒါဆို ရှောင်ကျန့်ရဲ့ဒယ်ဒီကသူ့ကိုမှတ်မိနေတာပေါ့။

" ဦးလေးက...ကျွန်တော့်ကိုမှတ်မိနေတာလား "

အစောကတည်းကသိ၍ ဝမ်ရိပေါ်ရဲ့မိဘတွေနဲ့လည်းအဆက်အသွယ်ရှိခြင်းကို ရှောင်ဒယ်ဒီထည့်မပြောတော့ပါ။ပြောလိုက်ရင် ကျောင်းလခအတွက် လျှော့ထားတာ ပေါ်ကုန်မည်လေ။
ဒီကောင်လေး မာနရှိတယ်ဆိုတာ ရှောင်ဒယ်ဒီသိနှင့်နေပါ၏။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Opowieści tętniące życiem. Odkryj je teraz