34..📌📌(Uni Zawgyi)

1.4K 108 0
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၃၄)..💕

နှစ်ပုလင်းလုံးကို မြေပြင်ပေါ်စွန့်ကျဲလိုက်ပြီးနောက် မသောက်လိုက်ရပါပဲကုန်သွားသောကြောင့် အနိုင်ရဖို့နီးကပ်လာပြီဖြစ်၏။

ရှောင်ကျန့်တစ်ယောက်ဝမ်းတွေသာနေကာ တစ်ခွက်ထဲသောက်ထားသဖြင့် သူမူးလည်းမမူးသေးပေ။

ဝမ်ပါးကတော့ နည်းနည်းမူးနေပြီဖြစ်၍ စကားတွေဟိုပြောဒီပြော တောင်ပြောမြောက်ပြောဖြင့်။

ရှောင်ကျန့်ကလည်း နားထောင်ပေးနေကာ ' အော်..၊ အင်း၊ ဟုတ်တာပေါ့..၊ ဟုတ်တယ်..' ဆိုတာပဲပြောရင်း မသိမသာလေး ဖန်ဖွက်ကိုစားပွဲအောက်ယူရင်းပေါ့။

ဤသို့ဖြင့် ငါးပုလင်းမြောက်သော တစ်ပုလင်းသာ အဖုံးမဖွင့်ရသေးပဲရှိနေတော့သည်။

ရှောင်ကျန့်သည် ထိုပုလင်းကိုပါ မြေကြီးပေါ်သို့သွန်ချနိုင်ပါက နိုင်တော့မည်ဖြစ်ကာ လက်လှမ်းလိုက်ပေသည်။

" မသောက်နဲ့..."

" ဟမ်..ရိပေါ် "

ရိပေါ်ရောက်လာကာ ရှောင်ကျန့်လက်လှမ်းနေသောပုလင်ရှေ့မှဆီးကြိုကာ ရှောင်ကျန့်လက်အားဖမ်းဆုပ်လိုက်သည်။

ဝမ်ပါးသည် မူးနေပြီဖြစ်သောကြောင့် အမြင်နည်းနည်းဝေဝါးနေကာ ရိပေါ်ရောက်လာမှန်း သတိမထားနိုင်ပါချေ။

ရှောင်ကျန့်သည်အသံကို အတိုးဆုံးနှိမ့်လိုက်ကာ ရိပေါ်အားပြောလိုက်သည်။

" ဘယ်လိုရောက်လာတာလဲ "

" ပြန်ကြမယ် လိုက်ခဲ့ "

ရိပေါ်သည် သူ့၏အဖေဘက်တစ်ချက်လှည့်ကြည့်ကာ ထပ်ပြောလိုက်သည်။

" အဖေအမူးမပြေခင် အမြန်ပြန် "

" မဖြစ်ဘူး..ဒီပုလင်းကုန်ရင် ကိုယ်နိုင်ပြီ..

အဲဒါမှမင်းပါပါးကသဘောတူမှာတဲ့ "

" ဟမ်..အဲ့လိုလား "

" ဟုတ်တယ် ကိုယ်ပြန်သွားရင် အရှူံးပေးလိုက်သလိုဖြ်းသွားမှာပေါ့..မင်းပါပါးလည်း အထင်သေးသွားနိုင်တယ်လေ..ဒါလေးကိုတောင်ကိုယ်မလုပ်နိုင်ခဲ့ရင် ဒုတိယအခွင့်အရေးကဝေးသွားလိမ့််မယ် "

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Dove le storie prendono vita. Scoprilo ora