35 (Uni Zawgyi)

1.3K 105 1
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၃၅)..💕

နှစ်အိမ့်တစ်အိမ် ရွှေလမ်းငွေလမ်းမက ရှိသမျှ ရတနာလမ်းဖောက်သွားကြပြီးနောက် မိဘများလည်းနားအငြီးသက်သာသွားကြတော့သည်။

ဒယ်ဒီနှင့်မာမီအား ရှောင်ကျန့် အကြီးကြီးပိုချစ်သွားကာ ဝမ်ပါးနှင့်မားအား ကျေးဇူးမတရားတင်မိသွားသည်။

ယခုအခါမှ ရိပေါ်အပေါ် လွတ်လွတ်လပ်လပ်နှင့် ဂုဏ်ယူဝံ့ကြွားစွာ မိဘများသဘောတူကြသည့်အခြေအနေအောက်တွင် ချစ်ရပါတော့မည်လေ။

ဘယ်သူသဘောတူတူမတူတူ မိဘများကသဘောတူထားပြီဆိုလျှင်ဖြင့် ရှောင်ကျန့်နှင့်ရိပေါ်အတွက် အားအများကြီးရှိနေပြီဖြစ်သည်။

ရင်နှင့်လွယ်ဖွားခဲ့ရသည့် မိဘများကသဘောတူလိုက်သည်ဆိုသည်က မလွဲဧကန်ပေါင်းဖက်ရရန် ရာခိုင်နှုန်းအပြည့်နီးပါးမှန်ကန်နေပြီဖြစ်၏။

ရှောင်ဒယ်ဒီကတော့ သူတို့နှစ်အား ဒီမှာကျောင်းဆက်မတတ်စေချင်တော့ပါ။

သူတို့နှစ်ယောက်အား နိုင်ငံခြား၌ စီးပွားရေးပညာများအားလေ့လာစေပြီး ဟိုမှာပဲလက်ထပ်ပြီး အတူနေကြရန် အကြံပေး၏။

ရှောင်မာမီကလည်းလက်ခံကာ သားနှစ်ယောက်အတွက် ခမ်းခမ်းနားနားကြီး လက်ထပ်ထိမ်းမြားပေးပါရန် ပြည်ပကိုသာရွေးချယ်စေ၏။

ရှောင်ဒယ်ဒီသည်လည်း ပြည်ပသို့ခြေဆန့်ခဲ့သူပီပီ စီးပွားရေးလုပ်ငန်းခွဲများကလည်း နိုင်ငံအချို့တွင်နေရာယူထား၏။

သူ၏ သားနှစ်ယောက်အပေါ်အကြံပေးချက်ကို နှစ်ဖက်မိဘများကသဘောတူလိုက်ကြ၍ သားနှစ်ကလည်းသဘောတူလိုက်သည်။

သို့သော် ရိပေါ်မှာစီးပွားရေးကို စိတ်မဝင်စား၍ မလေ့လာချင်ဟုဆိုကာ ရှောင်ကျန့်ကိုပဲလေ့လာစေသည်။

ရှောင်ကျန့်လည်း အစကတော့ငြင်းချင်၍ သူကအိမ်ထောင်ဦးစီးဖြစ်လာပြီမို့ ရိပေါ်ကစီးပွားရေးအကြောင်းဝါသနာမပါလေရာ သူကသာလေ့လာပြီး စီးပွားရှာရတော့မည်မဟုတ်ပါလား။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now