24📌,25 (Uni Zawgyi)

1.9K 140 0
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၂၄)..💕

မုန့်တွေဝယ်လာခဲ့ပြီး နှစ်ယောက်သားအဆောင်သို့ ပြန်ရောက်လာခဲ့ကြတော့သည်။

သူတို့သည် ရောက်ရောက်ချင်း စုန့်ရီပို့ထားသော link ကို ဖွင့်ကြည့်ရန် ရိပေါ်ဖုန်းထုတ်လိုက်စဉ် ကျင်းရီစီမှဖုန်းဝင်လာ၏။

" ကျင်းရီပါလား..

ဟယ်လို "

" ဟယ်လို ရိပေါ်ရေ ငါ့ကိုကယ်ပါအုံး "

" ဟမ်..ဘာဖြစ်လို့လဲ မင်းအသံကဘာဖြစ်တာလဲ "

" ငါအခုအပြင်ရောက်နေတာ..ရှင်းရှင်းကသူ့မွေးနေ့ မုန့်လိုက်ကျွေးမယ်ဆိုပြီး ခေါ်လာတာ..

သူကငါ့ကို သူ့ချစ်သူပါဆိုပြီး သူ့အဖေနဲ့မိတ်ဆက်ပေးတယ်..ငါကမဟုတ်ဘူးပြောလိုက်တော့ သူ့အဖေဘက်ကလူတွေကငါ့ကိုဝိုင်းထိုးကြရော..

ငါအခုထွက်ပြေးရင်းမင်းစီဖုန်းဆက်လိုက်တာ..

အမြန်လာခေါ်ပေး..သူတို့ကိုငါနိုင်မှာမဟုတ်ဘူး "

" ဘယ်နေရာလဲ အမြန်ပြော.."

" *#*#*#*..."

ရိပေါ်သည် ကျင်းရီအနားကို ရှင်းရှင်းကပ်နေခြင်းကိုသိသော်လည်း ထိုမိန်းကလေးက ဒီလောက်သွက်လိုက်မယ်လို့မထင်ခဲ့။

ကျင်းရီလိုဘာမှမလုပ်တတ်သည့်ပုံနှင့်ဆို အရိုးတခြားအသားတခြားဖြစ်သွားနိုင်သည်။

ထို့ကြောင့် သူပြောသည့်နေရာသို့ အမြန်သွားခေါ်ရန်သာရှိတော့၏။

ရှောင်ကျန့်နှင့်ကျန်းချန်တို့ကိုခေါ်၍ ရိပေါ်လည်း ကျင်းရီပြောသည့်နေရာသို့ အမြန်လိုက်သွားလိုက်ကြသည်။

တိုက်အမြင့်တစ်နေရာတွင် လူ၅ယောက်လောက်က ကျင်းရီနှင့် ဖိုက်တင် ပလေးနေကြ၏။

သူတို့သုံးယောက်ရောက်သွားတော့ စုစုပေါင်းလေးယောက် နဲ့ ငါးယောက်ဖြစ်သွားကာ ဝင်ရောက် စော်ပလော်တီးကြတော့သည်။

မိန်းမများသည် အငြိမ်နေပါက သိက္ခာရှိသလောက် မာယာများထုတ်သုံးကာဥာဏ်ဆင်ပါက ကြောက်ဖို့အကောင်းဆုံးသော သတ္တဝါများပင်။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now