4 (Uni Zawgyi)

1.9K 194 0
                                    

❤ ကျွန်တော့်ရဲ့ကောင်လေး 💚

အပိုင်း(၄).....💞

ရိပေါ်နှင့်အတူ ကျင်းရီနဲ့စုန့်ရီတို့ တံခါးမရှိသောနေရာတွင် တံခါးဖွင့်သံကြားနေရတော့ အနည်းငယ်တော့သဘောပေါက်လာခဲ့သည်..

ဌာနဟောင်းကို ဘာလို့ပိတ်ထားရသလဲဆိုတာ သရဲခြောက်လို့များလားလေ..

ရိပေါ်ကတော့ ကြောက်တဲ့စိတ်မရှိပေမယ့် စုန့်ရီကတော့လက်ဖျားတွေအေးလာသည်..

ကျင်းရီလည်း တစ်ခုခုတွေ့တာနဲ့ပြေးဖို့ အသိပေးရန် အဆင်သင့်လုပ်နေသည်..

ကတောက်...ကတောက် ..

ရေကျသံအချို့ကကြားလာရပြန်ကာ ဘာရေပိုက်ခေါင်းမှလည်းရှိမနေခဲ့ဘူး..

" ဘယ်သူလဲ.."

ရိပေါ်မှ အမှောင်ထဲကြည့်ပြီး ရည်ရွယ်သူမရှိမေးလိုက်သည်..

ထို့နောက် ဓာတ်မီးလှမ်းထိုးကာရှေ့ဆက်တိုးသွားသည်...

" ရိပေါ် နင်ဘယ်သွားမလို့လဲ "

" နင်တို့ဒီမှာနေခဲ့ကြ..

ငါထွက်ပေါက်ရှာအုံးမယ် ရှာတွေ့ရင်လှမ်းအော်လိုက်မယ်..

ကျင်းရီ.. မင်းစုန့်ရီနဲ့အတူနေခဲ့.."

ရိပေါ်ကတော့ သူရဲကောင်းကြီးလုပ်ပြီး ထွက်ပေါက်သွားရှာလေရဲ့..

ကျင်းရီနဲ့စုန့်ရီလည်း ထိုနေရာမှာပဲစောင့်နေကာ ရိပေါ်အသံကိုနားစွင့်နေလိုက်ကြသည်..

အမှောင်ထဲတဖြည်းဖြည်းဝင်သွားသော ရိပေါ်၏ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားတယ်..

ရိပေါ်ဆက်လျှောက်လိုက်စဉ် ရေကျသံကတဖြည်းဖြည်းစိမ့်လာခဲ့၏...

ဝှစ်.....

ရိပေါ်ရဲ့ဓာတ်မီးအလင်းရောင်ရှေ့ကနေ အရိပ်မည်းတစ်ခုဖြတ်သွားသလိုပင်..

" ဘယ်သူလဲ "

မေးနေပေမယ့်အဖြေမလာခဲ့ပါ..

" ဘယ်သူလဲ..

ငါမကြောက်တတ်ဘူးနော်.."

ဝှစ်...ဘတ်...

နောက်ထပ်အရိပ်မည်းကြီးကပြေးလာစဉ်အရှိန်ကို ရိပေါ်အာရုံစိုက်နေစဉ် ဖြတ်သွားသောအရိပ်ကသူ့ပုခုံးကိုပုတ်သွားသည်..

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now