26,27 (Uni Zawgyi)

1.7K 140 0
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၂၆)..💕

ရိပေါ် ပြောခဲ့သောစကားများထဲတွင် ရှောင်ကျန့် နားမလည်သေးသော ကျန်တစ်ခုလည်းရှိနေပါ၏။

ကျင်းရီကို ရှင်းရှင်းကအပိုင်တွက်ပြီး သူမ၏အဖေနဲ့မိတ်ဆက်ပေးသည်ကို ရိပေါ်ကအဘယ့်ကြောင့် အတွင်းရေးမှူးနှင့်ပတ်သက်နေသလိုပြောခဲ့ပါသနည်း။

ရိပေါ်သည် အတွင်းရေးမှူးကိုပြောခဲ့သည်က ' ရှင်းရှင်းကိုအသုံးချပြီး ကျောင်းအုပ်သားနှစ်ယောက်ကို လူငါးယောက်နဲ့တိုက်ခိုက်စေခဲ့တယ် ' ဆိုသည့်စကားပင်။

တကယ်တော့ ရှောင်ကျန့်နှင့်ရိပေါ်သည် ဌာနဟောင်းစီသွားရန်၊ ဝင်ရောက်နိုင်ရန်၊ အကွက်ချစီစဉ်ရန်များသာ တိုင်ပင်ခဲ့ကြပြီး ရိပေါ်ပြောသောစကားများကိုတော့ အတွင်းရေးမှူးအားပြောသောအချိန်မှ ရှောင်ကျန့်သိခြင်းဖြစ်သည်။

ရိပေါ်သည် သူပြောချင်သောစကားများကို ထုတ်ပြောပေးသွားသလို ရှောင်ကျန့်ရင်ထဲကပေါ့ပါးသွားခဲ့ရသည်။

ထိုစကားလုံးများကို ရိပေါ်မှကြိုတင်စဉ်စားထားရန်မှာလည်း လုံးဝကိုမဖြစ်နိုင်ပါ။

သူတို့နှစ်ယောက်အတူရှိနေကြချိန်က အများဆုံးမဟုတ်ပါလား။

ရိပေါ် တကယ်ကို စိတ်ထဲထားပေးထားမှသာ အထစ်အငေါ့မရှိဖြောင့်ဖြူးစွာပြောနိုင်မည်မဟုတ်ပါလား။

အမှန်တွင် ကျင်းရီနဲ့ရှင်းရှင်းအကြောင်းကို ပြောမိသောစုန့်ရီကိုသာ ရိပေါ်ကျေးဇူးတင်ရမည်။

စုန့်ရီပြောလိုက်လို့ ရှင်းရှင်းကိုမသင်္ကာ၍ ရိပေါ်နောက်ယောင်ခံလိုက်တုန်း အတွင်းရေးမှူးနှင့်စကားပြောနေသည်ကို အဝေးမှတွေ့ခဲ့ရသည်။

ထိုနေ့က ရှောင်ကျန့်ကိုစောင့်နေရင်း ရှင်းရှင်းနှင့်အတွင်းရေးမှူးအကြောင်းသိခဲ့ရသည်ပင်။

ရှောင်ကျန့်ကတော့ ဆရာကိုစာမေးနေ၍ နောက်ကျသည့်နေ့ကဖြစ်၏။

ရှင်းရှင်းနှင့်အတွင်းရေးမှူး ဘာပြောနေသလဲကိုတော့ ရိပေါ်မကြား၍ မသေချာသောကြောင့် ရှောင်ကျန့်ကို ဘာမှမပြောခဲ့ခြင်းဖြစ်သည်။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now