Ch.1

20.9K 816 10
                                    

Unicode

Tomဟာ ကျောင်းရဲ့ လက်ရွေးစင် ကျောင်းသားတစ်ယောက်ဖြစ်ပြီး ပြီးပြည့်စုံလွန်းတဲ့ရုပ်ရည်ကြောင့်သူကိုသဘောကျတဲ့သူတွေကမိန်းကလေးအပြင် ယောင်္ကျားလေးတွေလည်းရှိကြသည်။

အမှန်တိုင်းပြောရမယ်ဆိုရင် tomကရုပ်ချောတာ‌ လေးတစ်ခုက လွဲပြီး ကျန်တဲ့နေရာမှာ ဘာဆိုဘာမှ မသိတဲ့ ခပ်တုံးတုံးကောင်လေးတစ်ယောက်

ငတုံးတို့ ထုံးစံအတိုင်း သူက အယုံလွယ်တယ် အဲ့ဒါကြောင့်လူလိမ်ခံရတာလည် ခဏခဏ။  ‌

မိုးရွာတစ်နေ့ tom အချိန်ပိုင်အလုပ်က ပြန်လာချိန် အချိန်အားဖြင့် ည ၁၁နာရီ ကျော်

မိုးကရွာ‌ေိတာကြောင့် လမ်းပေါ်မှာအရင်ကထက်ပိုပြီး လူရှင်းနေတယ်။

ကားရှင်းနေတဲ့ လမ်းမကြီး ကြည့်ရင်း အိမ်ကို အမြန် ပြန်ရောက်ဖို့သာ ဇောကပ်‌နေမိသည် ။ထို့ကြောင့် နကို(ပင်ကိုယ်) ထက်ခြေလှမ်းတွေကို မြန်မြန်လျှောက်နေမိသည်။

သို့သော်... လမ်း ဘေးတစ်နေရာတွင် အုတ်နရံကိုမှီကာ ခြေဆင်းထိုင်‌နေသည့် ပုံမှန်မဟုတ်တဲ့ အနေထားနှင့် လူတစ်ယောက်ကြောင့် Tom ၏ခြေလှမ်းတို့ ရပ်တန့်သွား၏

လမ်းမီးရောင်ဝါဝါ အောက်ကထိုလူကိုကြည့်ရတာ အကူညီလိုနေတဲ့ပုံပင်။

အမည်းရောင် စွပ်ကျယ်ချိုင်းပြတ် အင်္ကျီဝတ်ထားတာကြောင့် ထိုလူရဲ့ ညာဘက်လက်‌မောင်းတစ်ခုလုံးမှာ ရှိသည့် taptooတွေ အရှင်းသားမြင်နေရသည်။

ဂျင်ဘောင်ဘီ အနက်ရောင်အကျပ်ဝတ်ထားပြီးနံရံကို ခပ်လျောလျောထိုင်ရင်း အသက်ပြင်းပြင်းရှုသွင်းနေတဲ့ ထိုလူဟာ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ကြီးမားသည့် ထိခိုက်ဒဏ်ရာ ကထားမည်ဆိုတာ ခန့်မှန်းမိသည်။

ဂျိန်း!!ကျယ်လောင်လှတဲ့မိုးခြိန်းသံဟာ ကြောက်ခမန်းလိလိ ။ မိုးက ပိုသည်းလာသည်။ဒီလိုပုံနဲ့ဆိုဒီည မိုးတိတ်မည့်ပုံ မပေါ် ။Tom ဘာမှဆက်မတွေးတော့ဘဲ
“သေသွားတော့မှာဘဲဘာပဲဖြစ်ဖြစ်လူအသက်တစ်‌ချောင်းကယ်ကောင်းပါတယ်”အသာရေရွတ်လိုက်ပြီး
ဒဏ်ရာရနေတဲ့ထိုလူရဲ့နားလေးကို သတိနဲ့ကပ်သွားလိုက်ပြီး အနားအရောက်မှာ မုဆိုးဒူးထောက်ထိုင်ချလိုက်ရင်း ထိုလူစိမ်းရဲ့ ခေါင်းကို ခပ်ဖွဖွ ကိုင်ပြီး စစ်ဆေး ကြည့်လိုက်တော့ ခေါင်းပေါက်သွားတာတော်တော်တော့ များတယ်။ သူထီးလေးကို လက်တစ်ဖက်နဲ့ကိုင်ထားလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ လွယ်အိပ်ထဲကို လှန်လောရှာလိုက်တော့ ထွက်လာတဲ့ အရာက ညနေတုန်းကမှာ ဝယ်ထားတဲ့ ဘီတာဒိုင်းဆေး ဘူးလေး ။
ဟူးး မတက်နိုင်တော့ပါဘူး ရေလည်းစိုလက်စနဲ့စိုပါစေတော့။ ရေစိုနေပြီဖြစ်တာကြောင့် အရင်ဆုံး ထီလေးကို ဘေးမှာ ချထားလိုက်ပြီးမှ.. ထို လူစိမ်း ရဲ့ ခန္ဓာကိုယ်ကြီးကို မိုးလုံတဲ့ ကားမှတ်တိုင် အမိုးအောက် ဒရွတ်တိုက်ဆွဲ သွင်းရတော့သည်။ လူတစ်ယောက်ကို ဒရွတ်တိုက်ခေါ်ရတာ မကောင်ဘူးမှန်းသိပေမဲ့ ဒီလူရဲ့ ခန္ဓာကိုယ်ကြီးကိုသူမှမနိုင်တာ။
အမိုးအောက်ရောက်‌ရော သူတကိုယ်လုံးလည်းမိုး‌စို‌ နေလေပြီ ။ နံရံ ကိုသေချာမှီပေးရင်း ခုဏလွယ်အိပ်ထဲက ဆေးဘူးလေးကို ပြန်ထုတ်လိုက်ပြီး ဒဏ်ရာပေါ်ကို ဂရုတစိုက်ဆေး ထည့်ပေးလိုက်သည် ။
“နေဦး သူဒဏ်ရာက ပတ်တီးပါစီးမှ အဆင်ပြေတာ”
လွယ်အိပ်ထဲကိုနောက်တစ်ခေါက်ရှာလိုက်တော့ ထွက်လာတာ အသစ်ဆက်ဆက် သူရဲ့ စွတ်ကျယ် အင်္ကျီအဖြူလေး ကျောင်းဝတ်စုံအောက်က ခံဝတ်ဖို့ ဆေးဘူးနဲ့အတူတူဝယ်ခဲ့တဲ့ ဟာလေးကဲဘယ်တတ်နိုင်မလဲ
Tomဘာမှဆက်မစဉ်းစားဘဲစွပ်ကျယ်အသစ်လေးကို‌က်ပြီးဖြဲလိုက်တယ်။
“ရပြီပတ်တီး”
ရလာတဲ့ ပတ်တီမဟုတ်တဲ့စွတ်ကျယ်အစလေးကို ခေါင်းကို‌ သေချာ စည်းပေးလိုက်တယ်။ဒါက သွေးဆက်ပြီး မထွက်တော့အောင် ထိန်ပေးလိုက်တဲ့သဘောဘဲ
ရုတ်တရတ်တိုက်ခတ်လာတဲ့လေက အရိုးထဲထိစိမ့်အေးသွားတာမလို့ ထိုလူစိမ်း အေးနေမည်စိုးရိမ်တာကြောင့် ကိုယ်ပေါ်မှာ ပါတဲ့ ဂျူတီကုတ်အနွေးထည် အင်္ကျီကို‌ချွတ်လိုက်ပြီး ထိုလူကို ချုံပေးလိုက်တော့ သူ့ရဲ့အင်္ကျီလေးက ထိုလူစိမ်းကိုယ်‌ ပေါ် ‌ရောက်သွားတော့ အသေးစားလေးဖြစ်နေသည်။Tomရဲ့အတွေးခေါ်ဟာ ရိုးရှင်းပါတယ်။သူက အိမ်ပြန်ပြီး နွေးထွေးစွာနေလို့ရပေမဲ့ အနှီလူစိမ်းအတွက်ကျ ဒီလိုမိုးရွာကြီးထဲမှာ နေရင်အဆင်ပြေမည်မဟုတ် ။ ထိုလူစိမ်းဟာ ဘယ်အရပ်က‌လည်းဆိုတာ သူမသိပါ ။
ချောတာတော့ တော်တော်ချောသည် ။ လမ်းသရဲလိုမိုးဝတ်စားထားပေမဲ့ သေချာကြည့်လျှင် ထိုလူစိမ်းရဲ့ မျက်နှာ အသွင်ပြင်ကလူကြီးလူကောင်း တစ်ယောက်လိုမျိုးတည်ကြည်သည်။ ဒုတ် ဒုတ် ဒုတ် သေချာ ကြည့်မိနေတုန်းမှာပင် သူရဲ့နှလုံးသားလေးက ခုန်ပေါက်လာတာမလို့ ရင်ဘက်လေးကို အသာဖိရင်း သက်ပြင်းအသာချလိုက်ရသည်။ အခုမှတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို အဘယ်ကြောင့်ရန်ခုန်မိနေတာလဲ
မိုးက ခုဏတုန်းကလောက်မသည်းတော့ပေမဲ့ ခပ်စိပ်စိပ်‌တော့ ရွာနေမြဲ လေပါတိုက်လာတာကြောင့် အမိုကာအတွင်းပိုင်းအထိ မိုးပက်လာသည်။ ပါလာတဲ့ထီးလေးကို ထိုလူကိုမိုးစက် တွေကာပေးခဲ့ပြီး ပါလာတဲ့ သူလွယ်အိပ်လေးကိုသာခေါင်းပေါ်ဆောင်းရင်း သူပိုင်တအဘယ်ကြောင့်ရန်ခုန်မိနေတာလဲ တစ်ချိုးတည်းပြေးခဲ့လိုက်သည်။ Tom ဟာသိပ်ကို နမောနမဲ့နိုင်လွန်းတယ် သူရဲ့ ဂျူတီကုတ်ကလေးကနေ နာမည်ကတ်ရင်ထိုးလေးကို ဖြုတ်ဖို့မေ့နေခဲ့လေရဲ့။
အဲ့ဒီနမောန‌မဲ့နိုင်ပြီး မေ့တတ်မှုလေးက ထိုလူစိမ်းနဲ့ တွေ့ဆုံဖို့လမ်းစလေး တစ်ခုဆိုတာ ဘယ်သူကသိနိုင်မည်လဲ

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now