Ch.21

4.1K 214 2
                                    

Unicode

ခြေလှမ်းတွေဟာ နောက်ဘက်ပန်းခြံဘက်ကို ဦးတည်လျက်....

ဆက်ပိုင်ဆေးလိပ်လေးသောက်ရင်းအတွေးလေးနဲ့ရွက်လွင့်ရင်းပေါ့

"ဆက်လေး"

ယွမ်အသံကြောင့်ဆက်ပိုင်ကိုယ်လေးတုန်တက်သွားသည်။

"အမလေး!!"

ပြောမဆိုနှင်ဆက်ပိုင်ပေါ်ကိုခုန်အုပ်လိုက်သည်။
နောက်ပြီးနူတ်ခမ်းများကိုအနမ်းကြမ်းတို့ပေးလျက်

အုအွင်း!!

ဆက်ပိုင်အဖြစ်အပျက်တွေကမြန်ဆန်လွန်းတာကြောင့်အစ‌ပိုင်းကကြောင်နေမိသည်။သတိပြန်ဝင်လာမှဆက်ပိုင် အသားကုန်ရုန်းတော့သည်။

ခွက်!!

ဆက်ပိုင်ယွမ်ကိုအားပြင်းပြင်းထိုးလိုက်သည်။

မူယဇ်လောကတွင် နတ်ဆိုးသို့မဟုတ် သားရဲအဖြစ်တင်စားကိုခံရသော လူသားနှစ်ဦးရဲ့ တိုက်ပွဲဟာ ဘေးပတ်ဝန်ကျင်လေထုကို ကြောက်ခမန်းလိလိ အရှိုန်အဝါတွေ ထုတ်လွှင့်လျက်

" ကိုယ်မကြမ်းချင်ဘူး ဆက်လေး အလျော့ပေးလိုက်တော့ "

ဆက်ပိုင်အဖြေပြန်မပေးဘဲ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။

ယွမ်ဟာ ဆက်ပိုင်ရဲ့လက်သီးချက်တိုင်းကို ခုခံတာမျိုးမလုပ်ဘဲ ရှောင်သာရှောင်နေသည်။ တစ်ခါတစ်ခါ ထိသွားမျိုးရှိပေမဲ့ ယွမ်ဟာ အပြုံးမပျက်

ဆက်ပိုင်သတိတစ်ချက်လွှတ်သွားလိုက်ချိန် သူရဲ့ လက်နှစ်ဖက်လုံးကို ဖမ်းချုပ်ခံလိုက်ရပြီ အရှိုက်နေရာသို့ ပစ်ဝင်လာတဲ့ ကပြာကောင်ရဲ့လက်သီးချက် ။ ထိုလက်သီးချက်ကြောင့် ခန္ဓာကိုယ်ဟာ ကပြားကောင်ရင်ခွင်ထဲသို့ခွေကျသွားသည်။

ဆက်ပိုင်အလျှင်အမြန်ကုန်းထလိုက်ပေမဲ့

အားသုံထိန်းချုပ်ထားတာကြောင့် ဘယ်လိုမှရုန်းမရ ။ ကပြားကောင်နဲ့ သူက အားချင်းအတူတူဘဲ လို့ထင်ရသော်လည်း ကပြားကောင်က သူထက် ပိုအားသာသည်ကို အခုမှသိလိုက်ရခြင်း

ယွမ်ဆက်ပိုင်ကိုယ်လေးကိုပုခုံးပေါ်ထမ်းတင်ပြီးပန်းခြံထဲကအိမ်သေးသေးလေးတစ်ခုဆီခေါ်ခဲ့လိုက်သည် ။ထိုအိမ်သေးသေးလေးကယွမ်ဂျပန်မသွားခင်နေခဲ့တဲ့အိမ်လေးဖြစ်သည်။အခုရှင်းထားတာမကြာသေးတာကြောင့်အကုန်သန့်ရှင်းနေသည်။

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now