Ch.22

4.2K 208 0
                                    

Unicode

နံနက်ခင်းလေးတစ်ခုကောင်းလေးတစ်ယောက်ကတော့နာကျင်စွာနဲ့နိုးထခဲ့သည်။

အာ့,!!!

ဆက်ပိုင်မျက်လုံးနှစ်လုံးမပွင့်ခင်နာကျင်မူကိုအရင်ခံစားလိုက်ရသည်။အားယူကာမျက်လုံးကိုဖွင့်လိုက်သည်။မျက်လုံးဖွင့်ဖွင်ချင်းမျက်မှောင်တန်းကျုံ့သွားသည်။မြင်လိုက်ရတဲ့မြင်ကွင်းကသူမုန်းဖို့ကြိုးစားသော်လည်း မမုန်းနိုင်သည့် တစ်ဦးတည်းသောလူသား

"ချစ်တယ်"

လို့တစ်ဖွဖွပြောပြီးသူကိုယခုလိုဖြစ်စေခဲ့သူအားယူကာ မွေ့ယာပေါ်ကထလိုက်တော့

အ့!!!!

ထထချင်းကြမ်းပြင်ပေါ်ခွေကတည်း လဲကျသွားသည်။တော်တော်နှင့်မထနိုင်။ သူဟာ ဒီလောက်ပျော့ညံ့တဲ့လူစားမျိုးမဟုတ် အံ့ကိုကြိတ်ရင်းနောဖြည်းဖြည်းချင်းထလိုက်သော်လည်း မဖော်ပြအပ်တဲ့တစ်နေရာဟာ အတော်နာကျင်နေသည်။

ပြန့်ကျဲနေတဲ့အဝတ်တွေကိုတစ်ခုချင်းပြန်ဝတ်လိုက်သည် ။ ထိုအိမ်ထဲမှာဆက်လည်းမနေချင်နေချင်တာကြောင့်ထွက်ခဲ့လိုက်သည်။ မထွက်ခင် နောက်ကို တစ်ချက် လှမ်းကြည့်လိုက်‌တော့ ကုတင်ပေါ်မှာ နစ်ခြိုက်စွာ အိပ်ပျော်နေတဲ့သူ ထိုသူရဲ့မျက်နှာဟာ အိပ်နေတာတောင် ပြုံးရောင် သန်းနေသယောင် ။

ဘာလိုအိပ်မက်တွေများ မက်နေလို့ပါလဲ ။ အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ထိုကပြားကောင်က ခဏနေရင် နိုးလာတော့မည်ထင်ပါ ဦးနှောက်ရဲ့ သတိပေးချက်ဝင်လာနှင့်တစ်ပြိုင်နက် သူရဲ့ ခြေသံဟာလည်း ခပ်ဖွဖွ

အိမ်တော်ထဲကိုအနောက်တံခါးမှဝင်လာရသည်။ အရှေ့ပေါက်ဝင်ရင် သူ့ရဲ့ အခုလိုပုံစံကို ဂိုဏ်းသားတွေ မြင်ကုန်လိမ့်မည် ။

ခြေလှမ်းတွေကမိမိအခန်းဆီကိုသာအခန်းထဲမှာသီဟကတော့အိပ်မောကျလျက် ဟုတ်တယ်လေအခုမှနံနက်၅နာရီဘဲရှိသေးသည်။

မိမိကိုယ်ကရနေသည့် အားကောင်းလှသော ယောင်္ကျာဟော်မုန်းအနံများကိုမခံနိုင်တော့တာကြောင့်ရေအမြန်ချိုးလိုက်သည်။ ရေချိုးပြီးမှန်ထဲမှာမိမိကိုယ်ကိုပြန်ကြည့်လိုက်တော့လည်တိုင်တစ်လျောက်မှာစိတ်ပြတ်စရာ ယွမ်ပေးခဲ့သည့်အမှတ်အသားများစွာ

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now