Ch.25

4K 192 1
                                    

Unicode

"ခင်ဗျားခြေထောက်တွေနာနေမှာဆိုးလို့"

ဩရဿ ထိုင်ရာကနေထသွားပြီး
Tomကိုရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးနောက်

"ကျေးဇူးပါ ကလေးငယ် ကိုယ်ကိုစိုးရိမ်ပေးတဲ့အတွက်"

Tomရုတ်တရပ်ဆိုတော့ ကြောင်သွားပေမဲ့သတိပြန်ဝင်လာတော့လည်းမရုန်းမိ။

စည်းချက်ညီညီ ခုန်နေတဲ့ လူကြီးရဲ့ ရင်ခုန်သံနှင့် လုံခြုံနွေူထွေးမှုကို Tomခံစားမိသည်။

*လူကြီးရင်ခွင်ကနွေးလိုက်တာ*

Tomအတွက်တော့ လူကြီးရင်ခွင်က နွေးထွေးတယ် ။လုံခြုံတယ်။

ရင်ခုန်သံချင်းထပ်တူကျနေသူနှစ်ဦးဟာ ပတ်ဝန်းကျင်ကို မေ့နေသည်အလား

"ကိုယ် နမ်းချင်တယ် ခွင့်ပြုမယ် မလား "

ခေါင်းလေးအသာ ငြိမ့်ပြ‌လိုက်တော့

အရင်ဆုံး နဖူးပေါ်ကို ကျရောက်လာတဲ့အနမ်းဖွဖွ

နောက် ပါးဖောင်းဖောင်းလေး

နောက် နူတ်ခမ်းပါးလေးဆီ ...

တစ်ဖက်မှာလည်း အကြည့်ချင်းစစ်တိုက်နေတဲ့ လူသားနှစ်ဦး

"စိတ်ဆိုးနေတာလား"

"စကားလေးတော့ ပြန်ပြောပါကွာ"

"ဆက်လေး ဆက်လေးလို့"

နူတ်ခမ်းကို ထော်ပြီး သူ့နာမည်ကို ခေါ်နေတဲ့ ကပြားကောင်က ကလေးကြီးအတိုင်းပင်

"ဘာလဲကွာ မင်းက အာရုံဘဲ"

"ကိုယ်ခေါ်နေတာကိုမင်းလေးမှ မထူးးတာ"

"ထူးတာမထူးတာ အသာထားလောလောဆယ် မိုင်ယာကို သွားခေါ်လိုက်ဦးမယ်"

"ကိုယ်ပါလိုက်ခဲ့မယ် "

"မရဘူးနေခဲ့ "

"လိုက်ခဲ့မယ် ဘယ်လိုဖြစ်ဖြစ်လိုက်ခဲ့မှာ"

"သဘောကွာသဘော ဘယ်လိုကောင်မှန်းကိုမသိဘူး"


"ကျွန်တော်တို့ မိုင်ယာသွားကြိုလိုက်ဦးမယ် Mr တို့လည်း အပေါ်မှာလေစိမ်းတိုက်တယ် သိပ်ကြာကြာမနေနဲ့ အခန်းထဲကပိုနွေးတယ် "

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now