Ch.3

8.2K 479 2
                                    

Unicode

ပြုံးစိစိနှင့် ဆက်ပိုင်ရှေ့ကို ပြန်လှည့်လိုက်ပြီး ကားအတွင်းမှာရှိတဲ့ ခလုတ်လေးတစ်ခုကို နိပ်လိုက်သည်နှင့် ကားနောက်မှာ ကပ်ပါလားတဲ့ ကားနှစ်ထဲက တစ်စင်းဟာ ရုတ်တရတ်ပြန်ကွေ့သွားသည်။ထိုကွေ့သွားတဲ့ ကားတစ်စီးဟာ ခုဏတုန်းက အမိန့်တစ်ခုကိုရလိုက်တာကြောင့်ပင် ဦးတည်ရာကတော့ ဦးဟိန်းခန့်ဆီသို့...

ဦးဟိန်းခန့် ကုမ္မဏီက ၃လစာရပြီးပြီးခြင်း   အဝတ်အစားတွေကို အမြန်ထည့်ပြီး ကားဂိတ်ကို အမြန်သွားရတော့သည်။ သို့သော် အိမ်ထဲကထွက်လိုက်ချိန်တွင် နှာခေါင်းထဲတွင် ချဉ်စူးစူးအနံတစ်ခုရလာပြီး စိတ်အာရုံအလုံးစုံ မှောင်ကျသွားလေသည်။ မေ့နေသောဦးဟိန်းခန့်ကို  ကားပေါ်တင်လိုက်ကာ Moonအိမ်တော်သို့ဦးတည်မောင်းလာခဲ့သည့် လူတစ်စု

ဗွမ်း!!!အေးလွန်းလှသည့်ရေခဲရေဖြင့်ပတ်လိုက်ခြင်း

“အဟွတ် အဟွတ်”....”

ရေပုံးနဲ့ပတ်သွားသူကတော့ ထွက်သွားသည်

“ငါဘယ်ရောက်နေတာတုန်း ငါကိုလွှတ်ပေး”

ဦးဟိန်ခန့်တစ်‌ယောက် အရုပ်ကြိုးပျက်လဲကျသွားသည်။ပါးစပ်ကမှလည်း
“Moon အိမ်တော်” ဟုရေရွတ်လိုက်သည်။

ဆက်ပိုင် ဦးဟိန်းခန့်ကို ရေခဲရေနဲ့ ပတ်နိူး လိုက်ပြီးဩရဿကိုခေါ်ရန် အပေါ်ထက်သို့ တက်လာလိုက်သည်။ ဒေါက်ဒေါက်ဒေါက်........”

“ဆက်ပိုင်ပါ”

“ဝင်ခဲ့”

“နိူးလိုက်ပြီ စိတ်မရှည်လို့”

“ကဲဒါဆိုလဲ လူသတ်တမ်းလေး ကစားဖို့သွားကြတာပေါ့ "

ဩရဿထိုင်ခုံးတစ်ခုံတွင် ဦးဟိန်းခန့်ကို လက်ပြန်ကြိုးတုတ်ခိုင်းလိုက်သည်။

“ငါကိုမသတ်ပါနဲ့ ငါ့ကိုခွင့်လွှတ်ပါကွာ”

“အဟက်”

“အား”မျက်နှာတစ်ဖက်သို့ကျရောက်လားတဲ့ဓားချက်။

“ကျစ်နားညီးတယ်ကွာ ဒီလို‌အော်နေတော့မှာလား ခွေးသားရဲ့”

ထို့နောက် လူနှစ်ယောက်ရောက်လာပြီး ဦးဟိန်းခန့် ပါးစပ်ကိုတိတ်နဲ့ပိတ်သွားသည်။ သွေးအေးအေးနှင့် ဓားနဲ့ ဦးဟိန်းခန့်ရင်ဘတ်ကို ၃ချက်ဆင့်ထိုးလိုက်သည်။

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now