Ch.23

4K 199 4
                                    

Unicode

ယွမ်‌စားပွဲပေါ်ကဖုန်းမြည်သံကြောင့်နိုးလာသည်။
အိပ်ယာဘေးမှာအနွေးဓာတ်လေးမရှိတော့ဘူးဆိုတာလည်းသတိထားမိသည်။မထချင် ထချင်နှင်အိပ်ယာထဲကလူးလိမ့်ထလိုက်ပြီးဖုန်ကိုကောက်ကိုင်လိုက်သည်။

"Hello"

တစ်ဘက်မှချွဲနွဲ့နေသောမိန်းကလေးအသံ

"ယွမ်လာဟင်ကိုကိုဆီဖုန်းဆက်တာမကိုင်လို့
ကိုကိုဆီဖုန်ခဏသွားပေးနော်"

"Sorryပါဗျကျွန်တော်နားမှာBossမရှိဘူးဗျ"

"အွင်းဒါဆိုလည်းကိုကို ကိုယောင်ယောင်ဖုန်းဆက်တယ်လို့ပြောပေးနော်"

"ဟုတ်ကဲ့ဗျ"

"ဒါဘဲနော်အကိုယွမ်"

Call end......

ထိုယောင်မီဆိုတဲ့မိန်းကလေးအသံကတစ်ခြားသူတွေအတွက်ချိုကောင်းချိုလိမ့်မည်
ယွမ်အတွက်တော့ဆက်လေးဆဲသည့်အသံလောက်နားထောင်လို့မကောင်းထိုမိန်းကလေးအသံကကြားရုံနဲ့တင် ခေါင်းမူးသည်။တကယ်အာရုံ

ဖုန်းပြောလို့ပြီးသွားတော့

"ဆက်လေးအဆင်ပြေလားမသိဘူးငါညကတော်တော်ကြမ်းသွားတယ်"

ယွမ်အိပ်အခင်ကိုချွတ်ပြီးတော့အဝတ်လျှော်စက်ထဲသွားထည့်လိုက်ရင်းတစ်ခါတည်းရေချိုးလိုက်သည်။

ရေချိုးပြီးပီးချင်းအိမ်တော်ကိုသာတစ်ခါတည်း
လာခဲ့လိုက်သည်။ခြေလှမ်းတွေကဆက်လေးအခန်းဆီကိုဦးတည်လျက်ယွမ်အခန်းထဲဝင်ဝင်ချင်း ကုတင်ပေါ်မှာ အိပ်နေသည့်သီဟကလွဲပြီးဆက်လေးကိုမတွေ့ရေချိုးခန်းထဲမှာလားလို့ဝင်ကြည့်တော့ရေချိုးခန်းထဲကမှန်ကကြေမွနေသည်။ဘေစင်ပေါ်မှာဆေးသတ္တာယွမ်‌ ဘေစင်နားသွားကြည့်လိုက်တော့ကြမ်းပြင်ပေါ်မှာသွေးစက်အနည်းငယ်ကိုတွေ့ရသည်။

သေချာတယ်ဆက်လေးသူကိုသူတစ်ခုခုလုပ်လိုက်တာဘဲယွမ်သူချစ်ရသောဆက်လေးက
ဒေါသထွက်လျှင် ကိုယ်အသားကိုနာအောင်လုပ်ပြီမှဒေါသပြေတက်သည်ကိုယွမ်သိထားတာကြောင့်‌ စိုးရိမ်စိတ်က ဒီဂရီမြင့်တက်သွားချေပြီ

"ဆက်လေး မင်းဘယ်မှာလဲ"

ယွမ်ရင်ဘက်ထဲမီးလောင်နေပြီမျက်လုံးထဲမှာဆက်ပိုင်ကလွဲ၍ကျန်တာမမြင်တော့ပါ။ဆက်ပိုင်ကိုမြင်မှဘဲသူစိတ်အေးနိုင်မည်။

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now