Ch.26

3.8K 187 2
                                    

Unicode

ကားတံခါးလော့ချထားတာသိတာတောင်ကားတံခါးအတင်းဖွင့်နေတဲ့ဆက်လေး။ဆက်လေး ဒေါသနေသည်ကိုနီရဲနေတဲ့မျက်နှာလေးက
သက်သေပြနေသည်။ယွမ်ဆိုသည့်လူသားကလည်းဒေါသထွက်နေတဲ့ဆက်လေးကိုပိုလို့တောင် စချင်လာသည်။

"ဆက်လေးငြိမ်ငြိမ်နေ အခုကိုယ်မင်းကိုကားတင်ပြေးတောင်ကယ်မယ့်လူမရှိဘူးနော်"

"မင်းးးးး"

"ငြိမ်ငြိမ်သာလိုက်ခဲ့ပါကွာဆက်လေး"

ဆက်ပိုင်ဘာမှဆက်မပြောတော့ဘဲငြိမ်ငြိမ်သာလိုက်ခဲ့လိုက်သည် ။ထို ကပြားကောင်က ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သည်။တော်ကြာတကယ်ကားတင်ပြေးနေမှဖြင့်.....

ဆက်ပိုင်တို့ကားလေးမိုင်ယာနေတဲ့ခြံဝင်ထဲကိုရောက်နေပြီ။

တီတီတီ(ကားဟွန်းသံ)

ထွက်လာပြီ မိုင်ယာမ ရှပ်ပြာရှပ်ပြာနဲ့။မိုင်ယာက အဘက်ဘက်မှာထူးချွန်တယ်။ဂိုဏ်းရဲ့ IT ပိုင်းကိုမိုင်ယာကိုင်တာ‌လေ။

"နေဦးနေ ငါကွန်ပျူတာမေ့ခဲ့ပြီ"

"မိုင်ယာနင်ဟာကလည်း အိမ်ပြောင်းတာကြနေ‌တာဘဲ ပေးပေးနင့်ပစ္စည်းတွေ ကွန်ပျူယူမှာမလားသွားယူချည်"

"ဟဲ့ငါကမိန်းကလေးလေဒီလောက်တော့ရှိမှာပေါ့"

ဆက်ပိုင်မိုင်ယာလက်ထဲက
ခရီးဆောင်အိတ်တွေကိုဆွဲယူလိုက်သည် ။

"အ့ကျွတ်ကျွတ် !!"

ဆက်ပိုင်ရုတ်တရပ်မိုင်ယာအိတ်ကိုဆွဲယူလိုက်တာ လေးလွန်းတာကြောင့်ခါးနာသွားသည်။ညကအရှိန်ကြောင့်လည်းပါမယ်။

ယွမ်ဆက်လေးမနိုင်မနင်းဖြစ်နေတာကြောင့်
ကူသယ်လိုက်သည်။

ကွန်ပျူတာထဲမှာဖတ်လက်စfic,တွေရောကြည့်လက်စ bl seriesတွေရှိတယ်လေ။မိုင်ယာအခန်းထဲကကွန်ပျူတာကိုအမြန်သွားယူလိုက်သည်။

"မိုင်ယာနင့်အိတ်ကလည်း ဆက်လေးလိုက်တာ
ဆက်လေးခါးနာသွာပြီ"

မိုင်ယာကားနားရောက်ရောက်ချင်းယွမ်ရဲ့ဟောက်ခြင်းကိုခံလိုက်ရတာကြောင့် အူ‌ကြောင်ကြောင်ဖြစ်သွားသည်။

 ခေါင်းစဉ်မရှိသော (Complete)Where stories live. Discover now