Part(3)

3.1K 245 1
                                    

"ခမည်းတော်ကိုကျွန်တော်...."

"တော်ပြီ...မင်းထွက်သွားတော့"

ရိပေါ်၏ပြောလက်စ,စကားကိုရှောင်းကျန့်ဟန့်တားလိုက်ရင်းသူ့ကိုပါမောင်းထုတ်မိသည်။

မရိုးသားတော့တဲ့ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကိုသူရင်ဆိုင်မကြည့်နိုင်ပါ။ထို့အတွက်ကြောင့်ဝမ့်ကိုသာမောင်းထုတ်မိ၏။

"ခမည်းတော်...ရေချိုးတော့မယ်"

၁၅နှစ်လုံးဝမ့်ကိုပြုစုပျိုးထောင်ပေးခဲ့သည့်တောက်လျှောက်တွင်ထို့သို့'မင်းထွက်သွားတော့'ဟုတစ်ခါမှမောင်းမထုတ်ခဲ့ဖူးသောကြောင့်ရှောင်းကျန့်စိတ်မကောင်းစွာ
ဖြင့်'ရေချိုးတော့မယ်'ဟုထပ်ပြောတာစကားဆယ်မိပြန်၏။

ခမည်းတော်၏ပျက်ယွင်းနေတဲ့အမူအယာတို့ကိုဝမ်ရိပေါ်
ကြည့်ရင်းအောင့်သက်သက်ဖြစ်နေမိသည်။သူ့ခံစားချက်အစစ်အမှန်ကိုဝန်ခံတာပဲ။ခမည်းတော်ကိုချစ်လို့ချစ်တယ်လို့ပြောတာဘယ်မှာအမှားပါလို့လဲ။

ကိုယ့်ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့မွေးစားအဖေကိုချစ်မိတာမျက်နှာပူစရာရှိလား။

ခမည်းတော်ကိုကျွန်တော်စစ်မှန်စွာချစ်မိတာပါ...သံယောဇဉ်တွေပိုပြီးအရောင်အနည်းငယ်ပြောင်းသွားခဲ့ရုံပါပဲ။

"အေးချမ်းစွာအိပ်စက်အနားယူပါခမည်းတော်"

ခမည်းတော်ကိုနှုတ်ဆက်ရင်းပြန်ထွက်ခွာခဲ့သောအခါတစ်ကိုယ်လုံးဟာလေးလံလို့နေတော့သည်။
သူပြောခဲ့မိတဲ့စကားတွေကြောင့်ခမည်းတော်ရောသူ့ကိုအံ့
သြကြောက်ရွံ့သွားလေသလား။

"တောင်းပန်ပါတယ် ခမည်းတော်...ဒီ့ထက်ပိုပြီးဖုံးကွယ်မထားနိုင်တော့လို့ပါ"

ခမည်းတော်အိပ်စက်ရာအဆောင်ရှေ့ရပ်ကာတစ်ကိုယ်တည်းပြောလိုက်သောသူ့စကားကိုခမည်းတော်
ကြားနိုင်ရဲ့လား။

ရှောင်းကျန့်အဆောင်ထဲတွင်ရေချိုးဖို့သာအာရုံစိုက်နေမိသော်လည်းလူကကတုန်ကယင်တွေဖြစ်နေမိသည်။ဝမ်ရိပေါ်ဆိုတာသူသားလေးလိုစောင့်ရှောက်ခဲ့ရတဲ့ကလေးပါ။
ဘာကြောင်းများတစ်နေ့တစ်ခြားအပြစ်ကင်းမှုတို့ပျောက်ကွယ်လာရတာလဲ။

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now