Part(15)

1.8K 137 1
                                    


ကျိရန်မျက်နှာလုံးဝမကောင်းတာကြောင့်ယွီပင်းစိုးရိမ်ထိတ်လန့်စွာရိပေါ်ရှိရာအိပ်ခန်းဆောင်ထဲဝင်လာမိသည်။

အနားမှဖန်ရှင်းကသွေးတွေပေကျံနေသောအဝတ်စကိုရေထည့်ထားသောကြွေခွက်ထဲထည့်ကာသွေးစင်အောင်ဆေးနေ၏။ရိပေါ်ကမောဟိုက်နွမ်းလျနေဟန်ဖြင့်အိပ်ယာထက်တွင်လဲလျောင်းနေရှာ၏။

မျက်နှာတို့ကချောင်နေပြီးဖြူရော်ရော်ဖြစ်ကာနှုတ်ခမ်းတို့သည်လည်းအရောင်မရှိတော့ပေ။ဝေ့ဝဲကြည့်မိတော့
ကြမ်းပြင်တွင်ပြန့်ကျဲနေသောအရက်နှစ်အိုးသုံးအိုးကိုတွေ့ရ၏။

ယွီပင်းသက်ပြင်းကိုခပ်ဖွဖွချကာရိပေါ်၏လက်တစ်ဖက်ကိုယူပြီးသွေးကျောစမ်းကြည့်သည်။ပြီးတော့လိုအပ်သလိုစစ်ဆေးနေတော့သည်။

"အရက်တွေသောက်ထားမိတယ်မလား"

"ဟုတ်ပါတယ်"

"ဘာကြောင့်မတားသလဲ"

"တားလို့ရရင်တားခဲ့ရောပေါ့"

ကျိရန်၏ညိုးနွမ်းနွမ်းအသံ။
ရိပေါ်ကအိပ်ပျော်နေသည်မို့သူတို့တွေသိပ်ပြီးလိုတာထက်ပိုမပြောကြပေ။

ယွီပင်း၏လှုပ်ရှားမှုများကိုစုန့်ကျိရန်နှင့်ဖန်ရှင်းတို့ကလိုက်ကြည့်နေမိပြီးတိတ်ဆိတ်မှုတို့သည်လူလေးယောက်ကြားတွင်ဝေ့ဝဲပျံ့နှံ့နေတော့၏။

ကျိရန်အိပ်ပျော်နေသောရိပေါ်ကိုသာငေါင်ငေါင်ကြီးငေးစိုက်ကြည့်နေမိရင်းရင်ထဲမှာဝမ်းနည်းမှုတို့လှိုင်တက်လာသည်။

"သြော်...သခင်လေးရယ်"

ဂရုဏာသက်စွာပြောမိလေသည်။

အရက်မသောက်ပါနဲ့ဟုအတန်တန်တားနေသော်လည်းရိပေါ်ကထိန်းမရခဲ့ပေ။အရက်နှစ်အိုးလုံးကိုကုန်စင်အောင်သောက်ပြီးတာတောင်ထက်ဝယ်ခိုင်းနေပြန်ပြီ။

စုန့်ကျိရန်တို့ခေါင်းခဲရပြီ။

"တော်ပါတော့သခင်လေးရယ်...မသောက်ပါနဲ့"

"ဝယ်...သွားဝယ်..."

ရိပေါ်ကခေါင်းပင်မထောင်နိုင်အောင်မူးနေသော်လည်းထပ်ကာထပ်ကာဝယ်ခိုင်းနေတော့ကျိရန်မှာလဲအထပ်တလဲလဲ
ငြင်းနေရသည်။ဖန်ရှင်းကလဲဝင်တားရှာပါသည်။

"ခမည်းတော်" (ခမည်းတော်)(Complated)Onde histórias criam vida. Descubra agora