Part(18)

1.5K 111 1
                                    

(Uni)

အိပ်ယာထက်မှာလှဲလျောင်းနေရင်းကလှမ်းမြင်နေရတဲ့ခမည်းတော်နဲ့သမားတော်ယွီကိုရိပေါ်ငေးကြည့်နေမိသည်။ခမည်းတော်ကဝမ်းပမ်းတနည်းငိုကြွေးနေပြန်ပါပြီ။

သမားတော်ယွီကလည်းဘာမှမတတ်နိုင်သလိုလက်မှိုင်ချကာငြိမ်သက်နေပါ၏။သူ့အနီးနားမှာကျန်ရစ်ခဲ့တဲ့ဖန်ရှင်းနဲ့အထိန်းတော်စုန့်ကလဲခမည်းတော်နဲ့သမားတော်ယွီကိုသူ့ကဲ့သို့ပင်အဝေးမှလှမ်းမျှော်ကြည့်နေကြပါသည်။

"ပေါ်ကော"

ဖန်ရှင်းကရိပေါ်သတိလည်လာတာကိုသတိထားမိသွားပြီဝမ်းသာအားရဆိုသည်။

"သခင်လေးဝမ်...အဆင်ပြေရဲ့လား"

သူကမပြောမဆိုနဲ့ထထိုင်တော့အထိန်းတော်ကျိရန်ကကူဖို့ဟန်ပြင်သည်။ဒါကိုသူကလက်ကာပြလိုက်ရင်းသူ့ဘာသာထထိုင်ပါ၏။

"ခမည်းတော်"

သူ့အသံကတိုးဖျော့လွန်းတာကြောင့်ဟိုးတစ်ဘက်မှရှောင်းကျန့်ကကြားနိုင်စွမ်းမရှိပါ။

"ဦးလေးကျန်း"

ဖန်ရှင်းကအလိုက်သိစွာအော်ခေါ်ပေးသည်။
ဖန်ရှင်း၏အော်သံကြားသောအခါခမည်းတော်က‌ဖြည်းညှင်းစွာခေါင်းလှည့်လာပါ၏။

ကုတင်ပေါ်ထိုင်နေတဲ့ပြီးငေးကြည့်နေတဲ့သူ့ကိုတွေ့တော့တစ်မျိုးတစ်မည်ပြောင်းလဲသွားတဲ့ခမည်းတော်၏မျက်နှာလေး။ပြီးတော့ရိပေါ်နားကိုခမည်းတော်ကအပြေးလေးရောက်လာသည်။

"ဝမ်"

"ခမည်းတော်စိတ်မပူပါနဲ့ကျွန်တော်နေလို့ကောင်းတယ်"

"မင်းမေ့လဲကျသွားတာလေ"

"အင်းလေ..ဒါပေမယ့်အခုခမည်းတော်ကိုချစ်တဲ့စိတ်တွေကရောဂါအနိုင်ယူသွားလို့တဲ့..ပြန်ကောင်းသွားပြီ"

"ကောင်စုတ်လေး...ငါအရမ်းစိတ်ပူနေတာကို...မင်းကနောက်နေနိုင်သေးတယ်"

မျက်ရည်တွေရွှဲနေတဲ့မျက်နှာလေးကခပ်တင်းတင်းလေးဖြစ်သွားပြီးငိုထားလို့နီရဲနေတဲ့မျက်လုံးလေးတွေကနေမျက်စောင်းလှလှလေးကိုထုဆစ်ကခမည်းတော်ကရိပေါ်ကိုအသဲယားအောင်ဆွဲဆောင်လိုက်ပြန်သည်။

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now