Part(13)

1.9K 142 3
                                    

ခမည်းတော်၏အဆောင်လေးသည်အစေခံတွေ၏အရိပ်အခြေကိုတောင်မတွေ့ရဘဲလုံးဝတိတ်ဆိတ်ခြောက်ကပ်လို့နေသည်။ခမည်းတော်၏အိပ်ခန်း...ခမည်းတော်၏စာကြည့်ခန်း...ခမည်းတော်ရေနွေးကြမ်းသောက်ရင်းအပန်းဖြေသည့်နေရာ...။

အရာအားလုံးဟာလုံးဝခြောက်သွေ့ကာဆိတ်ငြိမ်လို့နေ၏။ပြီးတော့ခမည်းတော်လည်းမရှိတော့ပေ။
ရိပေါ်...ခမည်းတော်၏အဆောင်တွင်အကြာကြီးလျှောက်သွားနေရင်းခမည်းတော်ကိုသာပြန်ပြန်မြင်ယောင်မိနေသည်။

ခမည်းတော်ဘယ်လိုနေနေမယ်မှန်းမသိပေမယ့်သူကတော့တကယ့်ကိုဟာလာဟင်းလင်းကြီးဖြစ်ကာကျန်ရစ်နေခဲ့ပါပြီ။

ခမည်းတော်၏အပြုံးလှလှလေးကလဲခဏခဏမျက်လုံးထဲဝင်ဝင်လာသည်။

တကယ်ဆိုငါအရမ်းဆိုးခဲ့တာပဲ။
ငါသာ...ခမည်းတော်အပေါ်ချုပ်တည်းနိုင်ခဲ့ရင်
အခုလိုတွေဖြစ်လာမှမဟုတ်ဘူး။

ဂရုဏာအပြည့်နဲ့ထွေးပွေ့မယ့်လက်တစ်စုံနဲ့လိုအပ်ချိန်တိုင်းပြေးဝင်လို့ရတဲ့ခမည်းတော်၏ရင်ခွင်နွေးနွေးလေးကိုသူဆုံးရှုံးခဲ့ရပြီ။အမှားတစ်ခုကြောင့်ပေါ့။

သူဟာတကယ်ကိုဒီလိုအပြစ်ဒဏ်မျိုးခံသင့်တဲ့လူပါ။
ခမည်းတော်ကိုသူချစ်တာတွေကိုခမည်းတော်မှမမြင်တာ။

ငယ်ငယ်ကဆိုဒီအဆောင်လေးထဲကိုအပြေးဝင်လာပြီးခမည်းတော်ကိုဆီပစ်ဝင်နေကြ။အခုတော့လွမ်းစရာလိုပဲ။
တစ်ခါတစ်လေလည်းခမည်းတော်အဆောင်ထဲမှာပဲအိပ်ပျော်သွားသေးတာ။

ကလေးငယ်တွေရဲ့မှတ်ဉာဏ်ကမှတ်မိနိုင်စွမ်းသိပ်မရှိပေမယ့်ဝမ်ကတော့ခမည်းတော်နဲ့ပက်သက်ခဲ့သမျှအရာအားလုံးကိုမှတ်မိနေပါသည်။မှတ်ဉာဏ်ကောင်းလွန်းလို့တော့မဟုတ်ပေမယ့်ခမည်းတော်ကိုအရမ်းတွယ်တာခဲ့လို့အလိုလိုမှတ်မိနေရတာ။

ထပ်ကာထပ်ကာချနေမိသောသက်ပြင်းကိုနောက်တစ်ခါထပ်ချလိုက်မိပြီး။
အနောက်ကနေတကောက်ကောက်လိုက်နေသောအထိန်းတော်စုန့်ဘက်ကိုလှည့်ကာ...

"အထိန်းတော်စုန့်"

"ဟုတ်ကဲ့သခင်လေး"

"ငါ့ကိုအရက်သွားဝယ်ပေး"

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now