Part(23)(final)

2.6K 141 2
                                    

မြင်းလှည်းပေါ်မှရှောင်းအိမ်တော်မှရှောင်းသခင်ကြီးဆင်းလာသည်။အစေခံအားလုံးကရိုကျိုးစွာဖြင့်ရှောင်းကျန့်အနားမှာခြံရံနေ၏။

သူကအားလုံး၏မျက်နှာတွေကိုတစ်ချက်ဆီကြည့်ပြီး။

"ဝမ်ဘယ်မှာလဲ"

"ကျွန်တော်လည်းမသိဘူးသခင်ကြီး"

"တုကြည်...လှည်းထဲကရတနာတွေကိုသေ
ချာစီစစ်ပြီးမှအဆောင်ထဲထည့်နော်..ဝမ့်ကိုသွားရှာဦးမယ်"

"သခင်ကြီးနားပါအုံးလား...ကျန်းမာရေးလဲသိပ်မကောင်းဘဲနဲ့"

"ငါမနားတော့ဘူး...ဝမ်ကပိုအရေးကြီးတယ်"

ပြောပြီးလှစ်ကနဲထွက်သွားသောသူ့သခင်ကြီးကိုကြည့်ရင်းတုကြည်ခေါင်းတယမ်းယမ်းဖြစ်မိသည်။ဒီတစ်ခေါ်သွားရတဲ့ဒေသကအရမ်းအေးတဲ့အတွက်ရှောင်းကျန့်ပါနေထိုင်မကောင်းဖြစ်ခဲ့ရသည်။

"ဖွီး!!"

ရိပေါ်ပန်းထုတ်လိုက်သောဆေးရည်များသည်အနားကဖန်ရှင်းကိုပါစင်ကုန်သည်။

"ပေါ်ကောရာဖြည်းဖြည်းမသောက်ဘူး"

"အရမ်းခါးတယ်အား"

"သခင်လေးသောက်တာအခုမှလဲမဟုတ်ဘူးနေ့တိုင်းပြန်ပန်းထုတ်နေတော့ကျိုရတဲ့ကျွန်တော့်ကိုလဲအားနာပါအုံး"

"ပန်းမထုတ်စေချင်ရင်မခါးအောင်သကြားလေးခတ်ပြီးကြိုပါလား"

"ဆေးကိုသကြားခတ်ပြီးကြိုလို့ရမလား...မိုးနတ်မင်းကယ်ပါ"

"ဝမ်.."

သူတို့ငြင်းခုန်နေသောစကားဝိုင်းထဲတိုးဝင်လာတဲ့အသံတစ်ခု။အသံပိုင်ရှင်၏မျက်နှာမြင်တာနဲ့ချက်ချင်းဆူပုတ်သွားတဲ့ဝမ်။

ပြီးတော့မျက်နှာချင်းမဆိုချင်သလိုဟန်နှင့်ထိုင်နေရင်းကကျောပေးကာလှည့်သွား၏။

"ဝမ်...စိတ်ဆိုးနေတာလား"

"မဆိုးဘူး"

မဆိုးဘူးဆိုတဲ့အသံကလူပိသေနိုင်၏။

"ခမည်းတော်ကအလျင်စလိုသွားလိုက်ရလို့အသိမပေးနိုင်လိုက်တာပါဝမ်ရယ်နော်"

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now