Part(4)

2.8K 214 11
                                    


"ခမည်းတော်"

ဝမ့်အသံဟာပုံမှန်လိုပင်။မနေ့ညကဖြစ်ပျက်တာတွေကိုဘာတစ်ခုမှမမှတ်မိတော့သလိုမျိုး။

"ကျွန်တော်ကလာမတွေ့ဘူးထင်နေတာ"

"အစောကြီးအိပ်ယာနိုးနေတာပဲ..ညကရောစောစောအိပ်ရဲ့လား...မျက်နှာတွေချောင်နေတယ်"

"ညဥ့်နက်မှအိပ်မိလို့ပါ"

"ခမည်းတော်ကဘာလို့မင်းကိုလာမတွေ့ရမှာလဲဝမ်..."

"ညကကိစ္စကြောင့်စိတ်တိုနေမယ်ထင်မိတာ"

ရှောင်းကျန့်ဘာမှမဖြေပဲနှုတ်သာဆိတ်နေမိသည်။

မျက်လုံးထောင့်မှမြင်တွေ့လိုက်ရသောရိပေါ်၏ပုံရိပ်ကြောင့်ရှောင်းကျန့်ဖြတ်ကနဲကြည့်မိတော့ဒူးထောက်ထားတဲ့ရိ
ပေါ်။

"ဝမ်...ဘာလုပ်တာလဲ...ထ"

"ကျွန်တော်တောင်းပန်ပါတယ်..ဒါပေမယ့်ခမည်းတော်ကိုအဖေတစ်ယောက်ထပ်ပိုချစ်..."

"ဝမ်..."

ခမည်းတော်ကရိပေါ်စကားမဆုံးခင်မှာပင်ဟန့်တားသလို
ပြောလိုက်တာကြောင့်ခမည်းတော်နဲ့ထပ်ပြီးအချေတင်စကားမများချင်သောရိပေါ်မှာအလိုလိုနှုတ်ဆိတ်သွားရ၏။

"ထပါ..ခမည်းတော်ကလူကြီးလေ...အမြဲခွင့်လွတ်တယ်...တော်ပြီဝမ်...ဒီကိစ္စကိုထပ်မပြောနဲ့တော့"

ရိပေါ်ကိုလက်မှဆွဲပြီးထူတာကြောင့်ရိပေါ်ကအလိုက်သင့်ပင်မတ်တပ်ပြန်ရပ်လိုက်ကာခမည်းတော်ကိုကြည့်ရင်း...

"နောက်ထပ်...ခမည်းတော်ကိုချစ်တယ်လို့ပြောလို့မရတော့ဘူးလား"

"ရတာပေါ့ဝမ်...မင်းရိုးသားရင်ရတယ်"

"ကျွန်တော်မရိုးသားနိုင်တော့ဘူးခမည်းတော်"

"ဝမ်!!အဲ့စိတ်တွေမင်းဆီဘယ်လိုရောက်လာတာလဲ...မင်းကငါပြုစုစောင့်ရှောက်ခဲ့ရတဲ့ငါ့ရဲ့သားပဲမဟုတ်ဘူးလား"

ရှောင်းကျန့်ချုပ်ထိန်းထားရင်းမှလေသံမာမိသွားပြန်၏။

"ဟုတ်တယ်သား...ခမည်းတော်ရဲ့သား..ရိုးရိုးသားတော့မဟုတ်ဘူးအမျိုးသား"

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now