Part(22)

1.4K 100 1
                                    

ကောင်စုတ်လေးဝမ်ကညတော်တော်နက်သည်အထိလည်းမအိပ်ခဲ့ပဲပြောင်စပ်စပ်လုပ်နေခဲ့ပြီးနောက်ဆုံးခမည်းတော်ကုတင်ပေါ်မှာ
ညစာစားပြီးမှအိပ်သွားခြင်းဖြစ်သည်။

ဒီလိုမှမဟုတ်ရင်ဒီကောင်အိပ်မှာမဟုတ်တာကိုရှောင်းကျန့်သိသည်။ဒါကြောင့်လည်းဝမ့်အလိုကိုလိုက်ပေးလိုက်ရခြင်းပင်။

"အား..အ..ခမည်းတော်နာတယ်"

ရိပေါ်၏အော်သံကရှောင်းကျန့်၏အခန်းဆောင်အတွင်းကျယ်လောင်စွာထွက်ပေ့ါ်လာသည်။အခုနေတစ်ယောက်ယောက်များဖြတ်လျှောက်သွားမိရင်သွေးတက်မှာသေချာ၏။

"မင်းငြိမ်ငြိမ်နေလေ"

"အာ့...အရမ်းမလုပ်နဲ့လေ..အား..အားခမည်းတော်"

"အရမ်းအော်မနေနဲ့"

"ခမည်းတော်ကအသေလုပ်နေတာကို"

"မလုပ်လို့ရမလား"

"နည်းနည်းတော့ငြင်ငြင်သာသာလေးကိုင်တွယ်ပါလားခမည်းတော်ရယ်နော်..."

ရိပေါ်ကမျက်လုံးဝိုင်းလေးတို့ဖြင့်အသနားခံလိုက်သည်။

"မငြင်သာနိုင်ဘူး...မျောက်ထနေမှတော့ချော်လဲပြီးခြေကျင်းဝတ်ကလည်ပြီပေါ့"

အခုနလေး‌တင်လျှောက်ပြေးပြီးဝမ်ကချော်လဲကာခြေကျင်းဝတ်နာသွားတာကြောင့်ရှောင်းကျန့်ကသူ့အခန်းထဲခေါ်ပြီးနှိပ်နယ်ပေးနေရခြင်းပါ။

"ခမည်းတော်ပဲလိုက်ရိုက်ပြီးတော့"

"ပိတ်ထား"

"အား...အား...ခမည်းတော်အရမ်းဆွဲမတည့်နဲ့လေ...အားသေပါပြီ"

"ရပြီ...ပြဲလန်အောင်အော်မနေနဲ့...မနက်ဆိုကောင်းသွားလိမ့်မယ်"

ခမည်းတော်ကမျက်စောင်းလေးတရွယ်ရွယ်နဲ့ပြောနေသည်မို့ရိပေါ်အသဲယားစွာဖြင့်ခမည်းတော်အားဆွဲနမ်းပစ်လိုက်သည်။

"ပြွတ်စ်..ပြွတ်.."

"အင့်"

ခမည်းတော်ကအတင်းရုန်းကန်လာတဲ့အခါရိပေါ်ကလဲလွှတ်မပေးပဲနှုတ်ခမ်းတွေကိုမရမကအတင်းလိုက်နမ်းတော့ကိုက်မိပြီးခမည်းတော်နှုတ်ခမ်းလေးပေါက်သွားကာသွေးစလေးစို့သွားပြန်၏။

"ခမည်းတော်" (ခမည်းတော်)(Complated)Dove le storie prendono vita. Scoprilo ora