Part(20)

1.5K 110 1
                                    

ခမည်းတော်ကသူ့ရဲ့မျက်နှာကိုတောင်မကြည့်အားပဲသူ့ဘာသာရှက်အားပိုနေလေသည်။ရိပေါ်ကတော့တစ်ညလုံးကောင်းကောင်းမအိပ်လိုက်ရ၍ပန်ဒါမျက်လုံးလေးနဲ့ငုတ်တုတ်ကလေး။

"ဝမ်သခင်လေး...ဟိုအိပ်ယာခင်းစတွေလား"

အထိန်းတော်ကျိရန်ကအခန်းထောင့်တစ်နေရာတွင်ပုံထားသောအိပ်ယာခင်းစတွေကိုလက်ညှိုးထိုးပြရင်းပြောသည်။

"အင်းဟုတ်တယ်ပေသွားတာအဲ့တာတွေ...ယူသွားပြီးလွှင့်ပစ်လိုက်"

"အဲ့အခင်းစတွေသွားသယ်ကြ...နောက်အိပ်ယာခင်းအသစ်တွေသွားယူခဲ့"

"ဟုတ်ကဲ့"

စုန့်ကျိရန်ကအစေခံတွေကိုလက်ညှိုးတထိုးထိုးနှင့်စေခိုင်းနေသည်။ပေကျံနေသည့်ရိပေါ်၏အိပ်ယာခင်းစတွေကိုသယ်သွားသည့်အစေခံမလေးနှစ်ယောက်၏မျက်နှာသည်ရှုံ့တွလို့။

တော်တော်လေးနံဟောင်နေပုံရပါသည်။
ခမည်းတော်ကထိုအစေခံလေးတွေကိုလိုက်ကြည့်နေသည့်မျက်နှာလေးကသနားစရာ။

ထိုသို့သောအကြည့်လေးတွေကပင်ရိပေါ်ကိုအရူးဖြစ်စေခဲ့တာပါလား။

"ရိပေါ်...ငါညကအရမ်းမူးသွားတယ်ထင်တယ်"

"အင်းဟုတ်တယ်"

"မင်းရောညကအိပ်ရရဲ့လား"

"မအိပ်ရဘူး...အန်ဖတ်ကျုံးနေရလို့"

"ငါအန်လိုက်တာလား"

"ဟုတ်တယ်လေ...မမှတ်မိဘူးမလား"

"ဟင့်အင်း"

"ပြောတော့ခမည်းတော်မူးသွားရင်ခမည်းတော်ကိုလုပ်ချင်ရာလုပ်ဆို...ပြီးတော့
သူပဲလုပ်ချင်ရာလုပ်သွားတယ်"

"ငါမှမမှတ်မိတာရိပေါ်ရာ"

သူကဆူနေတော့ခမည်းတော်ကမမှတ်မိဘူးဆိုပြီးဆူပုတ်နေ၏။အင်းလေဘယ်မှတ်မိမလဲ။သူပဲ...သူပဲအန်ဖတ်ကျုံးခဲ့ရတာ။

ညက...။

ကုတင်ပေါ်မှာခွေခွေလေးအိပ်နေသောခမည်းတော်၏ကိုယ်လေးကိုဆွဲအပွေ့ရုတ်တရက်ခမည်းတော်ကအတင်းရုန်းကန်လာသည်။
ခမည်းတော်ပုံစံကပုံမှန်မဟုတ်ပေ။

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now