Part(19)

1.4K 106 4
                                    

မင်္ဂလာသတို့သမီးနှင့်သတို့သားတို့သည်ကိုယ်ကိုကိုင်းညွတ်ကာတစ်ယောက်ကိုယ်တစ်ယောက်ဂါရဝပြုလိုက်ကြအပြီးလက်ခုပ်ဩဘာသံများကအစီအရီထွက်လာလေသည်။

အနီအရောင်တောက်တောက်အဝတ်အစားအဆင်အယင်တွေနှင့်မင်္ဂလာခန်းမကြီးသည်အမြင်ရိုးလှသော်လည်းအားလုံးအတွက်တော့မရိုးနိုင်သည့်ပြင်ဆင်မှုဖြစ်လို့နေ၏။

မင်္ဂလာပွဲပြီးမြောက်သွားသောအခါမင်္ဂလာသတို့သမီးနှင့်သတို့သားကိုမင်္ဂလာအရက်ဖြင့်ဝိုင်းဝန်းဂုဏ်ပြုနေကြ၏။သတို့သမီးသည်သေးသေးသွယ်သွယ်နှင့်လှပသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးမျက်နှာကိုအနီရောင်ပါဝါစကြီးနှင့်ဖုံးအုပ်ထားလေသည်။

"မင်းအရက်မသောက်ရဘူးနော်ဝမ်"

"အိုက်ယား...သတို့သမီးရဲ့မျက်နှာကိုလည်းမမြင်ရဘူး"

ခမည်းတော်၏အမိန့်စကားကိုခဏဘေးချိတ်ကာညည်းညည်းညူညူလေးပြောမိတော့ခမည်းတော်ကမျက်စောင်းလှမ်းထိုးပါသည်။ဒါကိုရိပေါ်ကမြင်မယ်မထင်ပါဘူး။

သူ့အကြည့်တွေကသတို့သမီးဆီမှာရယ်။
သတို့သမီးကိုစိတ်ဝင်စားလို့ကြည့်တယ်များထင်နေလား?။သတို့သမီးရဲ့မင်္ဂလာဝတ်ဆုံကိုသေချာကြည့်ပြီးတစ်နေ့ခမည်းတော်ကိုဆင်ပေးဖို့ကြံစည်နေတာပါ။

သို့သော်ရိပေါ်၏အပြုအမူအပေါ်ရှောင်းကျန့်၏ယူဆချက်ကတစ်မျိုး။

'မိန်းကလေးချောချောလေးတွေကိုမြင်နေတွေ့နေရတော့ငါလိုယောက်ျားအိုကြီးကိုလှည့်ကြည့်ဖို့တောင်အချိန်မရဘူးပေါ့လေ'

"ခမည်းတော်...သတို့သမီးရဲ့အဝတ်အစားတွေကအရမ်းလှတယ်နော်..ဟိုလေ.."

"ကြည့်..ကြည့်ကောင်းတယ်မလား..ဆက်ကြည့်ဆက်ငေး!!"

'ခမည်းတော်နဲ့ဆိုလည်းသိပ်လိုက်မှာပဲ'ဟုမပြောရသေး‌ခင်မှာပင်ခမည်းတော်ကသူ့ရဲ့စကားကိုဖြတ်ကာဒေါသတကြီးမာန်မဲပါသည်။

"အာ!!မဟုတ်ပါဘူး"

"ငါကယောက်ျားအိုကြီးပဲမဟုတ်လား...ဘယ်မှာအသုံးဝင်လို့လဲ..အဲ့မိန်းကလေးငယ်ငယ်လေး‌တွေပဲမင်းကြိုက်တော့မှာပေါ့"

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now