Part(21)

1.4K 105 2
                                    

(Uni)

အလွန်သေးငယ်လှသောအိမ်ကလေးသည်အိမ်ဟုပင်ပြောလို့မရပေ။တဲ...တကယ်ဆိုတဲသာသာကလေးပါပဲ။လုံးလုံးပုပုသေးသေးလေးနဲ့ခြောက်ကပ်ကပ်ခြံဝန်းလေးဟာအထီးကျန်နေပါ၏။

"ဒါကငါတို့နေတဲ့နေရာပါဝမ်...မင်းနေတဲ့နေရာနဲ့ယှဉ်ရင်တော့သိပ်သေးကျဉ်းတာပေါ့..ငါတို့ဘဝတွေကဝမ်အိမ်တော်ပျက်စီးသွားကတည်းကစုတ်ပြတ်သတ်နေခဲ့တာပါ"

အစ်ကိုကအပြုံးနဲ့ပြောနိုင်သော်လည်းရိပေါ်ကမူမယုံနိုင်ဖွယ်အကြည့်တို့နှင့်သာ။

ဒီအိမ်လေးကအစ်ကိုနဲ့အစ်မတို့ရဲ့နားခိုရာလေးလား?

သေးငယ်လွန်းတဲ့ဒီအိမ်လေးတစ်လုံးထဲကိုပဲအစ်ကိုတို့ကပိုင်ဆိုင်ခဲ့တာလား?

"လာလေကွာ...အထဲမဝင်ဘူးလား"

ဟောက်ရွှမ်းကအပေါက်ဝမှနေ၍အော်လိုက်သည်။ရိပေါ်ကလိမ္မာသောကလေးငယ်တစ်ယောက်လိုသူ့ဘေးကနေတောက်လျှောက်ငြိမ်သက်နေသောခမည်းတော်ကိုကြည့်လိုက်၏။

"သွားလေ..ဝင်သွား"

"ခမည်းတော်ကရော"

"ငါအပြင်မှာနေခဲ့သင့်သလားလို့"

ခမည်းတော်၏မျက်နှာလေးကသေးငယ်စွာပင်။အခုချိန်ခမည်းတော်ဘာတွေတွေးနေမလဲသူကောင်းကောင်းသိပါသည်။

အစ်ကိုနဲ့အစ်မအရင်းကိုပြန်တွေ့ခွင့်ရတော့အရင်လိုမျိုးသူ့အပေါ်မတွယ်ကပ်တော့မှာကိုခမည်းတော်တွေးပူနေလောက်မှာပါ။သူခမည်းတော်အပေါ်အေးစက်သွားမယ်လို့တွေးမိနေမှာအသေအချာပဲ။

ခမည်းတော်၏လက်ဖဝါးနုနုလေးကိုဖွဖွဆုပ်ကိုင်လိုက်ရင်း...

"ခမည်းတော်...ခမည်းတော်ကကျွန်တော့်ရဲ့အဖေဆိုတာထက်ပိုတဲ့လက်တွဲဖော်ပါ...သူတို့ကမောင်နှမ...ကျွန်တော်ကခမည်းတော်ရဲ့အရိပ်အောက်ကနေတစ်သက်လုံးမထွက်သွားဝံ့ပါဘူး...လာပါ....အတူအိမ်ထဲဝင်ရအောင်"

ရိပေါ်၏စကားတိူ့ကြောင့်ရှောင်းကျန့်ရင်ထဲကပူပန်မှုတို့လျှော့ပါးသွားသည်။တကယ်လည်းသူစိတ်ပူမိပါ၏။
ရိပေါ်ကသူ့ထက်မောင်နှမအရင်းတွေပေါ်သံယောဇဉ်ပိုသွားမှာကိုသူကြောက်မိသည်။

"ခမည်းတော်" (ခမည်းတော်)(Complated)Where stories live. Discover now