Part 1

2.1K 84 2
                                    

ရှန့်ဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်

ရှောင်းကျန့်နောက်ဆုံးအကြိမ်အဖြစ် ရှန့်ဟိုင်းလေဆိပ်ကိုဆွေးဆွေးမြေ့မြေ့လေး လေယာဉ်ပြတင်းကနေကြည့်နေလိုက်တယ်။ မကြာခင်အချိန်မှာပဲသူဟာဒီနိုင်ငံကနေအပြီးတိုင်ထွက်ခွါသွားရမှာဖြစ်သလို ဘယ်အချိန်ကျမှပဲပြန်လာရတော့မယ်ဆိုတာသူမသိနိုင်ပါဘူး။ကိုင်ထားတဲ့ ဖုန်းကစက်မပိတ်ရသေးတာကြောင့် စာဝင်လာတဲ့အသံကိုကြားလိုက်ရတယ်။

" ကိုယ်တစ်ကယ်တောင်းပန်ပါတယ်... ကိုယ့်ကိုဘယ်တော့မှခွင့်မလွှတ်လိုက်ပါနဲ့.."

ရှောင်းကျန့်ဖုန်းစက်ကိုပိတ်လိုက်တာနဲ့ လေယာဉ်ကလဲမြေပေါ်ကနေစတင်ပျံသန်းထွက်ခွါလိုက်ပါတယ်။ မျက်စိအစုံကိုမှိတ်လိုက်တဲ့အချိန်မှာ မျက်ရည်တစ်စက်ဟာ လက်မှာကိုင်ထားဆဲဖြစ်တဲ့ဖုန်းမျက်နှာပြင်ပေါ်ကိုကျရောက်သွားပါတော့တယ်။

++++++++++++++++++++++++++++++

"ခွပ်"
မျက်နှာပေါ်ကျရောက်လာတဲ့လက်သီးကြောင့် ရှောင်းကျန့် နံရံဘေးနားကိုလဲကျသွားတယ်။
" သောက်ခြောက်ကောင်.... ငါတစ်သက်လုံးကျွေးမွေးလာခဲ့တဲ့ မျက်နှာကိုမှမထောက်ကွာ ကြိုက်စရာဘယ်လောက်ရှားလို့ယောက်ျားလေးချင်းမှလဲ.... ဘာလို့ရှောင်းချင့်ရဲ့ကောင်လေးကိုမှလဲ... ဟာကွာ..ထွက်သွားခုချက်ချင်း..."
အင်္ကျီစကိုဆွဲပြီး ထပ်ထိုးဖို့လုပ်နေတဲ့ပါးကို မားကလှမ်းတားပေမယ့် မရဘူး သူ့နောက်တစ်ကြိမ်လည်ပြန်ထွက်သွားတယ်။ နာကျင်နေမှန်းသိပေမယ့် ရင်ဘတ်ကနာကျင်မှုကပိုဆိုးတာကြောင့် သူဘာမှမလုပ်နိုင်ဘူး။ ငြင်းဆန်ဖို့လဲအင်အားမရှိဘူး။ ဝမ်မင် ကသူနဲ့ချစ်သူဖြစ်ခဲ့တာမှန်ပေမယ့် သူ့ညီမ ရှောင်းချင့်နဲ့လက်ထပ်ဖို့သဘောတူထားတဲ့လူမှန်းသူတစ်ကယ်မသိခဲ့တာ။ သိခဲ့ရင်သူရှေ့ဆက်တိုးခဲ့မှာမဟုတ်သလို ကျေးဇူးရှင်မိဘတွေအပေါ်လဲ မျက်နှာပျက်စရာဖြစ်အောင်သူလုပ်ခဲ့မှာမဟုတ်ဘူး။ တစ်သက်လုံး ပြည့်စုံအောင်ထားခဲ့တဲ့သူရဲ့မွေးစားမိဘနှစ်ပါး။ ငယ်တည်းကအဖေအမေမရှိလို့ မွေးစားခံခဲ့ရပေမယ့် သားရင်းတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့တဲ့မိဘနှစ်ပါး။

CAFFEINE Kde žijí příběhy. Začni objevovat